အတွေ့အကြုံ‌‌ဝေမျှခြင်း

နှာခေါင်း sinus ရောင်ခြင်း။
11
နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်းလေလမ်း‌ကြောင်းတွင် ပိုး၊ ဗိုင်းရပ် (သို့) မှို တို့ကြောင့် နှာခေါင်း sinus ရောင်တတ်ပါသည်။ အဖျား၊ တုတ်ကွေးရောဂါတို့‌ကြောင့်ဖြစ်ပါက ရက်သတ္တပတ်မျှသာကြာမြင့်ပါသည်။ နာတာရှည်ရောဂါဖြစ်ပါက လက္ခဏာများမှာမပြင်းထန်သော်လည်း ကြာမြင့်တတ်ပါသည်။ နှာပိတ်ခြင်း (သို့) နှာရည်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း နှင့် ချောင်းဆိုးခြင်း လက္ခဏာများကို ခံစားရတတ်ပြီး ပုံမှန်နေ့စဥ်ဘ၀ကို ထိခိုက်နိုင်ပါသည်။ ဆေးလိပ်ငွေ့ ၊ ညစ်ညမ်းသည့်သဘာ၀ပတ်၀န်းကျင် နှင့် ဓာတ်မတည့်ခြင်းတို့ကြောင့် နှာပိတ်တတ်ပြီး ကလေး၊ ဆယ်ကျော်သက် နှင့် လူရွယ်များတွင် အဖြစ်များပါသည်။ ပုံမှန်လက္ခဏာများမှာ နှာပိတ်ခြင်း၊ နှာခေါင်းအသက်ရှူလမ်းကြောင်းရောင်ခြင်း နှင့် အချွဲထွက်များခြင်းတို့ဖြစ်ပါသည်။ ပိုး၀င်သည့်အခြေအနေဆိုးပါက ထွက်လာသည့်အချွဲမှာ အ၀ါရောင်၊ အစိမ်းရောင် (သို့) အညိုရောင် ရှိတတ်ပါသည်။ မျက်လုံး၊ ပါးမို့တ၀ိုက်ရှိ နှာခေါင်း sinus နေရာတွင် ကိုက်ခဲတတ်ပါသည်။ လည်ချောင်းတွင် အချွဲများစုလာသဖြင့် နှာခေါင်းနောက်အာခေါင်တွင်အရည်ကျတတ်ပြီး ပါးစပ်နံခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်းခြောက်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ဖြစ်တတ်ပါသည်။ နှာခေါင်း sinus ရောင်ခြင်းကိုကာကွယ်ရန် လေ၀င်လေထွက်ရှိသော အခန်းများတွင်နေသင့်ပြီး၊ အခိုးအငွေ့ နှင့် ဖုန်ထူသောနေရာများကို ရှောင်ကြဥ်ရပါမည်။ ရေများများသောက်ခြင်းဖြင့် အချွဲများကိုကျဲစေ၍ နှာခေါင်းလမ်းကြောင်းမှ လွယ်ကူစွာ စီးထွက်နိုင်ပါမည်။ ဓာတ်မတည့်ခြင်းနှင့်ဆက်စပ်သည့် နှာခေါင်း sinus ရောင်ခြင်းကို ခံစားရသောသူများသည် မိမိအား ဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အရာများနှင့်အစာများကို ရှောင်ကြဥ်ရပါမည်။ အစောပိုင်းအဆင့်နှာ‌ခေါင်း sinus ရောင်လက္ခဏာများကို သက်သာစေရန် သောက်ဆေးများ (သို့) နှာခေါင်းဖြန်းဆေးများကိုပေးတတ်ပါသည်။ နာတာရှည်နှာခေါင်း sinus ရောင်ခြင်းအတွက် နှာခေါင်းမှန်ပြောင်းကြည့်ခြင်း နှင့် နှာခေါင်း...
Pelvic Inflammatory Disease
24
သားအိမ်လမ်းကြောင်း၊ သားအိမ်၊ သားဥပြွန်များ နှင့် သားဥအိမ်တို့ပါ၀င်သည့် အမျိုးသမီးမျိုးပွားအင်္ဂါများတွင် ပိုး၀င်ခြင်းကို Pelvic inflammatory disease (PID) ဟုခေါ်ပါသည်။ အမျိုးသမီးအင်္ဂါအောက်ပိုင်းမှစဖြစ်တတ်ပြီး တစ်ခြားမျိုးပွားအင်္ဂါအစိတ်အပိုင်းများသို့ကူးစက်ပျံ့နှံ့တတ်ပါသည်။ အများအားဖြင့် chlamydia (သို့) gonorrhoea စသည့် လိင်မှတဆင့်ကူးစက်သော‌‌ရောဂါပိုးများကြောင့်ဖြစ်ပါသည်။ ထိုပိုးများသည် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်းဖြစ်ပါသည်။ Pelvic inflammatory disease (PID) ရောဂါအန္တရာယ်မြင့်စေသည့်အချက်များမှာ - အသက် ၂၅ နှစ်အောက် လိင်ဆက်ဆံမှုရှိသူများ။လိင်ဆက်ဆံဖော် အမြောက်အမြားရှိသူ။အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း။အမျိုးသမီး အင်္ဂါ/မွေးလမ်းကြောင်းကို မကြာခဏ ဆေးရည်ဖြင့်ဆေးကြောခြင်း။Pelvic inflammatory disease ရောဂါ (သို့) လိင်မှတဆင့်ကူးစက်သော‌‌ရောဂါပိုးရှိဖူးသူများ။ Pelvic inflammatory disease ရောဂါလက္ခဏာများမှာ - ၀မ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း။အမျိုးသမီးအင်္ဂါမှအရည်ဆင်းခြင်း။ အ၀ါ၊ အစိမ်း၊ အဖြူ၊ အညိုရောင်တို့ဖြစ်နိုင်ပြီး ပျစ်ချွဲ၍ ညှီနံ့ရှိနိုင်ခြင်း။လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း။ရာသီလာ မမှန်ခြင်း။လိင်ဆက်ဆံစဥ် နာကျင်ခြင်း။ ထိုသို့လက္ခဏာမျိုးရှိပါက ဆရာ၀န်ဖြင့်သေချာစွာပြသ၍ကုသသင့်ပါသည်။ ကုသမှုမခံယူပါက မျိုးမအောင်ခြင်း၊ နေရာမမှန်သန္ဓေတည်ခြင်း (သို့) နာတာရှည် ဆီးစပ်အောင့်ခြင်းမျိုးရှိနိုင်ပါသည်။  Pelvic inflammatory disease ရောဂါကို စစ်ဆေးဖော်ထုတ်ခြင်းနှင့်ကုသခြင်း။ ဆရာ၀န်မှသင်၏လက္ခဏာများကို မေးမြန်းပြီးစမ်းသပ်စစ်ဆေးပါမည်။ သင်ခံစားနေရသောလက္ခဏာများနှင့် တခြားအင်္ဂါများသို့ကူးစက်မှုရှိမရှိကိုသိရှိနိုင်ရန် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်စစ်ဆေးခြင်း (သို့) မှန်ပြောင်းကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်ပါမည်။ ရောဂါပိုးဖြစ်စေသည့်ပိုးအမျိုးအစားပေါ်မူတည်၍ ပိုးသတ်ဆေးများပေးမည်ဖြစ်ပြီး၊ ရက်အပတ်ပြည့်အောင်သောက်ရန် အရေးကြီးပါသည်။ ကုထုံးအောင်မအောင်သိရှိရန် ဆရာ၀န်ဖြင့်ရက်ချိန်းအတိုင်း follow-ups ပြန်လာပြရန်လိုပါသည်။ ရက်သတ္တပတ် ကြာသည့်တိုင် လက္ခဏာများရှိနေသေးလျှင် (သို့) တခြားအင်္ဂါများသို့ကူးစက်မှုရှိပါက ဆေးရုံတက်ရန် (သို့) ခွဲစိတ်ရန် လိုအပ်ပါသည်။ သင်၏လိင်ဆက်ဆံဖော်လည်း လက္ခဏာမရှိသည့်တိုင် ဆရာ၀န်နှင့်စစ်ဆေးပြသ၍ ကုသမှုခံယူရန် လိုအပ်ပါသည်။ Pelvic...
ကျောက်ကပ်ကိုထိန်းသိမ်းရန် လိုက်နာရမည့်အဆင့်ငါးဆင့်။
10
ကျွန်ုပ်တို့၏ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဟန်ချက်ညီစေရန် ကျောက်ကပ်သည်အလွန်အရေးပါပါသည်။ ခန္ဓာကိုယ်တွင်း အရည်ပမာဏကိုထိန်းညှိပေးပြီး၊ သွေးမှ စွန့်ပစ်ပစ္စည်းများနှင့်အဆိပ်အတောက်များကို စစ်ထုတ်ပေးခြင်း၊ သွေးဖိအား ထိန်းညှိပေးသည့် ‌ဟော်မုန်းများထုတ်ပေးခြင်း၊ အရိုးဖွဲ့စည်းတည်ဆောက်ပုံထိန်းနိုင်ရန် ဗီတာမင်ဒီကို လှုံ့ဆော်ပေးခြင်း၊ ဆိုဒီယမ်၊ ပိုတက်စီယမ် နှင့် ဖော့စဖိတ် စသည်တို့ကို မျှတအောင်ထိန်းသိမ်းပေးခြင်း၊ သွေးနီဥထုတ်လုပ်မှု လုံလောက်စေရန် ဟော်မုန်းထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။ ကျောက်ကပ်ရောဂါပြဿနာရှိသည်ကို မည်သို့သိရှိနိုင်မည်နည်း။ အစောပိုင်းကျောက်ကပ်ရောဂါရှိသည့် လူနာအများစုမှာ ရောဂါလက္ခဏာများမပြပေ။ ရောဂါလက္ခဏာပြလာသည့် အချိန်၌ ရောဂါသည်ဆိုးရွားနေပြီဖြစ်ပါသည်။ ကျောက်ကပ်ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်မှု၊ လှုပ်ရှားချင်စိတ်မရှိခြင်း၊ အားနည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဆီးသွားပမာဏနည်းလာခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခြေထောက်များ၊ လက်များ၊ မျက်နှာ၊ ဗိုက် နှင့် မျက်လုံးများ ရောင်ရမ်းခြင်း နှင့် အသက်ရှူကျပ်ခြင်း တို့ဖြစ်ပါသည်။  ကျောက်ကပ်ရောဂါများ၏ လက္ခဏာများမှာ- ဆီးထဲတွင် သွေးပါခြင်း။ ဆီးထဲတွင် ပရိုတင်းအသားဓာတ်ပါခြင်း။Creatinine မြင့်နေခြင်း နှင့် eGFR ကျနေခြင်း။ နာတာရှည်ကျောက်ကပ်ရောဂါ၏အဆင့်များ။ နာတာရှည်ကျောက်ကပ်ရောဂါအဆင့်သည် glomerular filtration rate (eGFR) နှင့် albuminuria/proteinuria ပမာဏပေါ်တွင်မူတည်ပါသည်။ ကျောက်ကပ်ရောဂါ အဆင့် ၅ ဆင့်ရှိပါသည်။ အဆင့် ၁ မှာ အစောဆုံးကျောက်ကပ်ရောဂါအဆင့်ဖြစ်ပြီး၊ အဆင့် ၅ မှာ အဆိုးရွားဆုံးအဆင့်ဖြစ်ပါသည်။ ကျောက်ကပ်ရောဂါအဆင့် ၅ လူနာအများစုသည် ကျောက်ကပ်အစားထိုးကုထုံး (ကျောက်ကပ်ဆေးခြင်း (သို့) အစားထိုးကုသမှု) အဆင့်ဖြစ်ပါသည်။ ကျောက်ကပ်ကိုထိန်းသိမ်းရန် ရိုးရှင်းသောအဆင့်ငါးဆင့်မှာ- ဆီးချိုနှင့်သွေးတိုးရောဂါများကိုထိန်းသိမ်းခြင်း။ပုံမှန်အားကစားလုပ်ခြင်း နှင့် လှုပ်လှုပ်ရှားရှားနေခြင်း။ဆေးလိပ်ဖြတ်ခြင်း။အရက်သောက်သုံးပါက အနည်းငယ်သာသောက်ခြင်း။အသီးအရွက်ပါသော ကျန်းမာရေးနှင့်ညီညွှတ်သည့်အစာကို စားသုံးခြင်း။