13 Dec 2022
နာတာရှည် Covid-19 လက္ခဏာဆိုသည်မှာ ရောဂါမှပြန်လည်နာလန်ထူလာသော်လည်း ရောဂါလက္ခဏာကြွင်းကျန်များ ဆက်လက်ခံစားနေရခြင်းကိုဆိုလိုပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဖွင့်ဆိုချက်မှာ Covid-19 ကူးစက်ခံရချိန်မှ သုံးလအကြာ အခြားဖြစ်နိုင်ချေရှိသည့်ရောဂါ လက္ခဏာများရှာမတွေ့ပဲ ရောဂါလက္ခဏာများ အနည်းဆုံးနှစ်လကြာ ဆက်ရှိနေခြင်းကိုဆိုလိုပါသည်။ တချို့သောလေ့လာမှုများအရ နာတာရှည် Covid-19 လက္ခဏာသည် Covid-19 ပိုးကြောင့်တင်မဟုတ်ပဲ ကနဦးရောဂါကူးစက်ခံရမှုမှ ကိုယ်ခံအားတက်ရန် အလွန်အမင်းအလုပ်လုပ်ရသောကြောင့် ကိုယ်ခန္ဓာမှကိုယ်အင်္ဂါများကိုပြန်တိုက်သဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာခြင်းကြောင့်ဟုယူဆကြသည်။ နာတာရှည် Covid-19 လက္ခဏာများမှာအဘယ်နည်း။ နာတာရှည် Covid-19 လက္ခဏာများမှာ အမြဲတမ်းချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မေ့လဲမလိုခံစားရခြင်း၊ နှလုံးခုန်မြန် ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်း၊ မှတ်ဥာဏ်/အာရုံစူးစိုက်မှုကျခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ပါသည်။ တခြားလက္ခဏာများမှာ စိုးရိမ်ပူပန်ခြင်း (သို့) စိတ်ဓာတ်ကျခြင်း၊ ကြွက်သားနာခြင်း၊ အနံ့အရသာမရခြင်းတို့ဖြစ်ပါသည်။ ဤရောဂါလက္ခဏာများသည် အများအားဖြင့် လေးပတ် (သို့) လေးပတ်အထက်ကြာတတ်ပါသည်။ ကျွန်ုပ်၌ နာတာရှည် Covid-19 ခံစားနေရသည်ကို မည်သို့သိရှိနိုင်မည်နည်း။ လက်ရှိတွင်စံသတ်မှတ်ထားသည့် စစ်ဆေးမှုမျိုးမရှိသေးပါ။ သို့သော် နာတာရှည် Covid-19 ခံစားနေရသည်ဟု သံသယရှိသူများကို တခြားကျန်းမာရေးအခြေအနေများဖြစ်သည့် ဆီးချိုရောဂါ၊ နှလုံးရောင်ရမ်းခြင်း၊ အဆုတ်အမာရွတ်ဖြစ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ လည်ပင်းသိုင်းရွိုက်ပုံမမှန်ခြင်းများ၊ သံဓာတ်ချို့တဲ့ခြင်း စသည်တို့ကို ဦးစွာပထမစစ်ဆေးမည်ဖြစ်ပါသည်။ နာတာရှည် Covid-19 ဖြစ်နိုင်သည့်အန္တရာယ်နှင့် ဆက်စပ်သောအချက်များမှာအဘယ်နည်း။ တချို့သောလေ့လာမှုများတွင် နာတာရှည် Covid-19 ဖြစ်နိုင်သည့်အန္တရာယ်မြင့်စေသော အဓိကအချက် ၄ ချက်ကို ဖော်ပြထားပါသည်။ ၎င်းတို့မှာ ကူးစက်ခံရစဥ် ဗိုင်းရပ်စ်ပိုးကောင်ရေမြင့်နေခြင်း၊ ဆီးချိုရောဂါရှိနေခြင်း၊ အလိုအလျောက် ပဋိပစ္စည်းများရှိနေခြင်း နှင့် တချို့သောလူနာများတွင် Epstein-Barr ဗိုင်းရပ်စ်ပိုးပြန်ထွက်လာခြင်းတို့ဖြစ်ပါသည်။ မျိုးရိုးဗီဇ၊ ပိုးမွှားများ နှင့် ပတ်၀န်းကျင်ဆိုင်ရာအချက်များစွာတို့...
02 Dec 2022
တုပ်ကွေးဆိုတာဘာလဲ။ ကျွန်ုပ်တို့အပေါ်တွင် ဘယ်လိုအကျိုးသက်ရောက်မလဲ။ တုပ်ကွေးဟုအများအားဖြင့်ရည်ညွှန်းလေ့ရှိသော ရာသီအလိုက်တုပ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်များကြောင့် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ ရုတ်တရက်အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။ မျက်လုံးဖြင့်မမြင်နိုင်သည့် ချောင်းဆိုး (သို့) နှာချေသည့်အခါ ထွက်လာသောရေမှုန်ကလေးများ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်၀င်ရောက်ခြင်းဖြင့် ကူးစက်ပါသည်။ အအေးမိခြင်းနှင့်မတူသည်မှာ တုပ်ကွေးရောဂါသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် တခြားရောဂါရှိသည့်သူများတွင် ပြင်းထန်စွာဖျားနာခြင်း နှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိရှိတတ်ပါသည်။ တုပ်ကွေးကာကွယ်ဆေးကို မည်သူတို့ထိုးသင့်ပါသနည်း။ နေကောင်းကျန်းမာသည့်လူကြီးများ၊ ကလေးများ၊ မကြာခဏခရီးထွက်တတ်သည့်ခရီးသွားများနှင့် လူနာစောင့်များ အားလုံး တုပ်ကွေးကာကွယ်ဆေးကိုထိုးသင့်ပါသည်။ ကျန်းမာရေးအန္တရာယ်ပိုမြင့်သည့် အောက်ပါလူအုပ်စုများ တုတ်ကွေးကာကွယ်ဆေးကိုထိုးရန် အထူးအကြံပြုလိုပါသည်။ အသက် 65 နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ။ခြောက်လမှငါးနှစ်အောက် ကလေးငယ်များ။ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံး။နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း (သို့) neuromuscular ၊ သွေးနှင့်ဇီဝဖြစ်စဉ်ရောဂါ အစရှိသည့်နာတာရှည်ရောဂါခံစားနေရသူများ။နာတာရှည်ရောဂါ (သို့) စတီးရွိုက်စသည့်ဆေးများကြောင့် နာတာရှည်ကိုယ်ခံအားကျဆင်းနေသူများ။Aspirin သွေးကျဲဆေးကုထုံးခံယူနေကြသော အသက် 6 လမှ 18 နှစ်အထိ ကလေးများနှင့်ဆယ်ကျော်သက်များ။လူအိုရုံများ၊ ဆေးရုံများ နှင့် အစိုးရဆေးရုံများတွင် ရေရှည်ကုသမှုခံယူနေသူများ။ စင်္ကာပူတွင်လက်ရှိရရှိနိုင်သည့် တုပ်ကွေးကာကွယ်ဆေးများကဘာတွေလဲ။ Quadrivalent တုပ်ကွေးကာကွယ်ဆေးသည် စင်ကာပူတွင်အသုံးအများဆုံးကာကွယ်ဆေးဖြစ်ပါသည်။ လက်မောင်း အထက် (သို့) ပေါင်အပြင်ဘက်တွင်ထိုးနိုင်ပါသည်။ တုပ်ကွေးရောဂါ A နှင့် B ဗိုင်းရပ်စ်နှစ်ခုလုံးကို ကာကွယ်ပေးနိုင်ပါ သည်။ တုပ်ကွေးရောဂါကာကွယ်ဆေးဖြစ်သည့် Southern Hemisphere (SH) ကို မေလ နှင့် Northern Hemisphere (NH) ကို အောက်တိုဘာလ...
30 Nov 2022
ဆီးချိုရောဂါဖြစ်ခါနီးလက္ခဏာတွေကဘာတွေလဲ။ မည်ကဲ့သို့ပုံမှန်စစ်ဆေးရန်လိုအပ်ပါသနည်း။ ဆီးချိုရောဂါဖြစ်ခါနီးသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏသည် ပုံမှန်ထက်ပိုများသော်လည်း ဆီးချိုရောဂါဟု သတ်မှတ်ရလောက်သည်အထိ မလုံလောက်သေးပါ။ Prediabetes ဟုသတ်မှတ်ခြင်းသည် အသုံးပြုသောသွေးစစ်ဆေးမှုအပေါ် မူတည်၍ အစာရှောင်ပြီးစစ်သည့်ဂလူးကို့စ်ပမာဏမမှန်ခြင်း (သို့) ဂလူးကို့စ်ခံနိုင်စွမ်းအားမမှန်ခြင်းတို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ဆီးချိုရောဂါသည် အများအားဖြင့် ရောဂါလက္ခဏာမပြသောကြောင့် သွေးစစ်မှသာသိနိုင်ပါသည်။ ဆီးချိုရောဂါဖြစ်နိုင်ချေများသူများ (ဥပမာ- အသက် ၄၀ နှစ်အထက်၊ မိသားစု၀င်တွင် ဆီးချိုရောဂါရှိသူများ၊ သွေးတိုးနှင့်သွေးတွင်းကိုလက်စထရောအဆီများနေသူများ) သုံးနှစ်တစ်ကြိမ် ဆီးချိုစစ်ဆေးသင့်ပါသည်။ အကယ်၍ ဆီးချိုရောဂါဖြစ်ခါနီးပြီဟုတွေ့ရှိပါက ဆီးချိုရောဂါအတွက်သွေးစစ်ခြင်းကို နှစ်စဉ်ပြုလုပ်သင့်ပါသည်။ မထိန်းချုပ်နိုင်သောဆီးချိုရောဂါမှာအဘယ်နည်း။ ထိန်းချုပ်မှုမရသည့်ဆီးချိုရောဂါသည် ရေရှည်တွင်မည်သို့ထိခိုက်မှုမျိုးရှိနိုင်ပါသနည်း။ ဆီးချိုရောဂါရှိသူများသည် ဆီးချိုရောဂါမရှိသူများထက် သွေးတွင်းသကြားဓာတ်ပမာဏပို၍များပါသည်။ ဆီးချိုရောဂါကို ကုသခြင်းသည် ဘေးထွက်ဆိုးကျိုးမရှိစေဘဲ သွေးတွင်းဂလူးကို့စ်ပမာဏကို တတ်နိုင်သမျှပုံမှန်ဖြစ်အောင် လျှော့ချရန်ရည်ရွယ်ပါသည်။ ထိန်းချုပ်မှုမရသည့်ဆီးချိုရောဂါဆိုသည်မှာ ရှိသင့်သောဂလူးကို့စ်ပမာဏရောက်အောင် မလျော့ချနိုင်သောအခြေအနေဖြစ်ပါသည်။ ဆီးချိုရောဂါသည် ဂရုတစိုက်စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ရန်လိုအပ်သော နာတာရှည် ရောဂါဖြစ်သည်။ ဆီးချိုကိုသေချာစွာမထိန်းချုပ်နိုင်ပါက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း နှင့် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော နာတာရှည်နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်ပါသည်။