30 Nov 2022
ရင်သားကင်ဆာသည် စင်ကာပူတွင် နံပါတ်တစ်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး နှစ်စဉ်ရောဂါအသစ်ပေါင်း ၃,၅၀၀ ကျော် စစ်ဆေးတွေ့ရှိလျက်ရှိပါသည်။ ရင်သားကင်ဆာသည် အသက် ၄၀ အောက် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်ပါသည်။ ယူကေမှအချက်အလက်များအရ ရင်သားကင်ဆာ ၂၅ ရာခိုင်နှုန်းခန့်သည် ရောဂါမဆိုးမှီ ကြိုတင်ကာကွယ်ကုသနိုင်ပါသည်။ အသက် ၃၅ နှစ်အောက်လူနာများတွင် ရင်သားကင်ဆာဖြစ်သည့်အရေအတွက် နှစ်ဆတိုးလာပါသည်။ ရင်သားကင်ဆာမဖြစ်အောင် မည်သို့ကာကွယ်ရမည်ကိုနားလည်ရန် ရှေးဦးစွာရောဂါဖြစ်စေနိုင်သည့်အန္တရာယ်များကို သိရှိရန်အရေးကြီးပါ သည်။ ပြုပြင်ပြောင်းလဲမရနိုင်သည့်အန္တရာယ်အချက်တချို့မှာ - အမျိုးသမီးဖြစ်ခြင်း - အမျိုးသားများသည် ရင်သားကင်ဆာဖြစ်နိုင်သော်လည်းရှားပါသည်။အသက်ကြီးလာသည်နှင့်အမျှ ကင်ဆာဖြစ်နိုင်ခြေပိုများလာပါသည်။ရာသီစလာသည့်အသက်အရွယ်။မျိုးရိုးဗီဇ - မိဘမှရရှိသည့်မျိုးရိုးဗီဇကို ပြောင်းလဲ၍မရနိုင်ပါ။ ရင်သားကင်ဆာဖြစ်မည်ကို စိုးရိမ်ပူပန်သူတိုင်း အောက်ပါနေထိုင်မှုဘ၀ပုံစံကို ထိန်းချုပ်ပြောင်းလဲခြင်းဖြင့် ဖြစ်နိုင်ခြေအန္တရာယ်အနည်းဆုံးကိုလျော့ချနိုင်ပါမည်။ သင်၏အလေးချိန်ကိုထိန်းသိမ်းပါ။ အထူးသဖြင့်ရာသီသွေးဆုံးချိန်တွင် ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၂၅ ကျော်ရှိသည့် အဝလွန်အမျိုးသမီးများသည် ပုံမှန်ကိုယ်အလေးချိန်ရှိသည့်အမျိုးသမီးများထက် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ မိသားစုဘ၀ကိုအမြန်ဆုံးစတင်ပါ။ အသက် ၃၅ နှစ်ကျော်မှ ပထမကလေးရသည့်အမျိုးသမီးများသည် ကလေးမမွေးဖူးသည့်အမျိုးသမီးများထက်စာလျှင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ အသက် ၂၀ မတိုင်မှီ ကလေးမွေးခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျော့ကျစေပါသည်။ ကလေးကိုမိခင်နို့တိုက်ကျွေးပါ။ မိခင်နို့တိုက်ခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါသည်။ ဤအကျိုးသက်ရောက်မှုသည် တစ်နှစ်ကျော်ကြာနို့တိုက်ရသောအမျိုးသမီးများတွင် ပို၍သိသာပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ မိခင်သစ်များ အနည်းဆုံးခြောက်လနို့တိုက်ကျွေးရန် အကြံပြုထားပါသည်။ အရက်သောက်သုံးမှုကို ရှောင်ရှားပါ (သို့) လျှော့ချပါ။ တစ်ပတ်လျှင် အရက်ယမကာသုံးခွက်သောက်သုံးသောအမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ တစ်ပတ်လျှင် အရက် ၁၄ ခွက်ကျော်သောက်သုံးသူများသည် မသောက်သုံးသူများနှင့်နှိုင်းယှဉ်လျှင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိပါသည်။ သွေးဆုံးတော့မည့်အမျိုးသမီးများ ဟော်မုန်းအစားထိုးကုထုံးအသုံးပြုသည့်အခါ သတိပြုရပါမည်။ ဟော်မုန်းအစားထိုးကုထုံးကို လေးနှစ်ကျော်၊...
29 Nov 2022
ဆီးချိုရောဂါမဖြစ်စေရန် သင်လုပ်ဆောင်သင့်သည့်အရာများ။ နှစ်တွေကြာလာသည်နှင့်အမျှ ဆီးချိုရောဂါဝေဒနာရှင်ဦးရေတိုးလာပါသည်။ ဆီးချိုရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်နိုင်ပါသည်။ သင့်တွင်ဆီးချိုရောဂါဖြစ်နိုင်ခြေအန္တရာယ်ရှိနေပြီလား။ ဆီးချိုရောဂါသည် မည်သူ့တွင်မဆိုဖြစ်နိုင်ပါသော်လည်း တစ်ချို့သောလူအုပ်စုတွင် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေပိုများပါသည်။ သင့်တွင် အောက်ပါအန္တရာယ်ဖြစ်စေနိုင်သောအချက်များရှိပါက အမျိုးအစား ၂ ဆီးချိုရောဂါကို မည်သို့ကာကွယ်ရမည်ကို သတိပြုရန်လိုအပ်ပါမည်။ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ခြင်း။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းသည် ဆီးချိုရောဂါနှင့်အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကိုတိုးစေပါသည်။ အစေ့အဆန်ဖြင့်ပြုလုပ်ထားသည့်အစာကိုရွေးချယ်ပါ။ အစေ့များတွင် မရှိမဖြစ်လိုအပ်သောဗီတာမင်များ၊ ဓာတ်သတ္တုများ နှင့် phytochemicals များကြွယ်ဝသဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း နှင့် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းသိမ်းပေးပါသည်။ သကြားစားသုံးခြင်းကိုရှောင်ပါ။ သကြားပါသည့်အဖျော်ယမကာများသည် ဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးပွားစေပါသည်။ ကျန်းမာရေးနှင့်ညီညွှတ်သည့် ပိုမိုကောင်းမွန်သောရွေးချယ်မှုမှာ ရေသန့် (သို့) နွားနို့၊ သကြားမပါသည့် ကော်ဖီနှင့်လက်ဖက်ရည်တို့ဖြစ်ပါသည်။ အမဲသား၊ ဆိတ်သားထက် တခြားအသားကိုပြောင်း၍စားသုံးခြင်း နှင့် ရောနှောပြုပြင်ထားသည့်အသားစားသုံးမှုကို ရှောင်ရှားခြင်း။ အခွံမာသီး၊ အဆီနည်းသောနို့ထွက်ပစ္စည်း၊ ကြက် (သို့) ငါး စသည့် ကျန်းမာရေးနှင့်ညီညွှတ်သောအစာကို ရွေးချယ်စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပါသည်။ လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန်ကျခြင်း၊ သွေးတွင်းသကြားဓာတ်ကိုလျှော့ကျစေခြင်း နှင့် အင်ဆူလင် အသုံးချမှုကိုတိုးမြှင့်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ညွှန်းကိန်းအတွင်းထိန်းထားနိုင်ပါသည်။ အပတ်စဉ် အနည်းဆုံးမိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းအားဖြင့် နေကောင်းကျန်းမာစေနိုင်ပါသည်။ ကောင်းသည့်အဆီ နှင့် မကောင်းသည့်အဆီ။ သင်စားသုံးသောအစားအစာ၏ အဆီအမျိုးအစားများသည်လည်း ဆီးချိုရောဂါဖြစ်စေမည့် အကျိုးသက်ရောက်မှုရှိပါ သည်။ ကောင်းသောအဆီများကို ဟင်းသီးဟင်းရွက်အဆီများ၊ အခွံမာသီးများ နှင့် အစေ့များတွင်တွေ့ရပြီး အမျိုးအစား ၂ ဆီးချိုရောဂါကို တားဆီးပေးနိုင်ပါသည်။ အမျိုးအစား ၂ ဆီးချိုရောဂါကို မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ပါသည်။ အကယ်၍ သင်သည် ဆီးချိုရောဂါဖြစ်နိုင်ခြေများပါက...
22 Nov 2022
စင်္ကာပူ Raffles ဆေးရုံတွင် ရောဂါရှာဖွေရေးနည်းလမ်းသစ်ဖြစ်သည့် 𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးစစ်ဆေးမှုဖြင့် ရင်သားကင်ဆာကို စောစီးစွာစစ်ဆေးဖော်ထုတ်ပေးလျက်ရှိပါသည်။ အာရှအမျိုးသမီးအများစုတွင် သိပ်သည်းသောရင်သားများရှိလေ့ရှိပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ရင်သားကင်ဆာအကျိတ်များကို ပုံမှန်ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်း mammogram ဖြင့် စစ်ဆေးဖော်ထုတ်သိရှိရန်ခက်ခဲနိုင်ပါသည်။ 𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးဖြင့်စစ်ဆေးမှုအဖြေသည် ပုံမှန်ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်း mammogram အဖြေကို ဖြည့်စွက်ပေးခြင်းအားဖြင့် ရင်သားကင်ဆာကို စောစီးစွာဖော်ထုတ်သိရှိနိုင်မည့် မှန်ကန်တိကျမှုကိုတိုးစေပါသည်။ မိသားစု၀င်တွင် ရင်သားကင်ဆာကျန်းမာရေးရာဇ၀င်ရှိသည့် ရင်သားကင်ဆာဖြစ်နိုင်ခြေအန္တရာယ်မြင့်သော အမျိုးသမီးများ Mastocheck® သွေးဖြင့်စစ်ဆေးခြင်းကို အထူးအကြံပြုလိုပါသည်။ စင်္ကာပူ Raffles ဆေးရုံတွင် ရင်သားအထူးကုဆရာ၀န်ကြီးနှင့် တိုင်ပင်ဆွေးနွေးပြီးစစ်ဆေးလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။