ရင်သားကင်ဆာ၏အန္တရာယ်အချက်များကိုလေ့လာနားလည်ခြင်း။

ရင်သားကင်ဆာ၏အန္တရာယ်အချက်များကိုလေ့လာနားလည်ခြင်း။
30

ရင်သားကင်ဆာသည် စင်ကာပူတွင် နံပါတ်တစ်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး နှစ်စဉ်ရောဂါအသစ်ပေါင်း ၃,၅၀၀ ကျော် စစ်ဆေးတွေ့ရှိလျက်ရှိပါသည်။ ရင်သားကင်ဆာသည် အသက် ၄၀ အောက် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်ပါသည်။ ယူကေမှအချက်အလက်များအရ ရင်သားကင်ဆာ ၂၅ ရာခိုင်နှုန်းခန့်သည် ရောဂါမဆိုးမှီ ကြိုတင်ကာကွယ်ကုသနိုင်ပါသည်။

အသက် ၃၅ နှစ်အောက်လူနာများတွင် ရင်သားကင်ဆာဖြစ်သည့်အရေအတွက် နှစ်ဆတိုးလာပါသည်။ ရင်သားကင်ဆာမဖြစ်အောင် မည်သို့ကာကွယ်ရမည်ကိုနားလည်ရန် ရှေးဦးစွာရောဂါဖြစ်စေနိုင်သည့်အန္တရာယ်များကို သိရှိရန်အရေးကြီးပါ သည်။

ပြုပြင်ပြောင်းလဲမရနိုင်သည့်အန္တရာယ်အချက်တချို့မှာ –

  • အမျိုးသမီးဖြစ်ခြင်း – အမျိုးသားများသည် ရင်သားကင်ဆာဖြစ်နိုင်သော်လည်းရှားပါသည်။
  • အသက်ကြီးလာသည်နှင့်အမျှ ကင်ဆာဖြစ်နိုင်ခြေပိုများလာပါသည်။
  • ရာသီစလာသည့်အသက်အရွယ်။
  • မျိုးရိုးဗီဇ – မိဘမှရရှိသည့်မျိုးရိုးဗီဇကို ပြောင်းလဲ၍မရနိုင်ပါ။

ရင်သားကင်ဆာဖြစ်မည်ကို စိုးရိမ်ပူပန်သူတိုင်း အောက်ပါနေထိုင်မှုဘ၀ပုံစံကို ထိန်းချုပ်ပြောင်းလဲခြင်းဖြင့် ဖြစ်နိုင်ခြေအန္တရာယ်အနည်းဆုံးကိုလျော့ချနိုင်ပါမည်။

သင်၏အလေးချိန်ကိုထိန်းသိမ်းပါ။

အထူးသဖြင့်ရာသီသွေးဆုံးချိန်တွင် ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၂၅ ကျော်ရှိသည့် အဝလွန်အမျိုးသမီးများသည် ပုံမှန်ကိုယ်အလေးချိန်ရှိသည့်အမျိုးသမီးများထက် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။

မိသားစုဘ၀ကိုအမြန်ဆုံးစတင်ပါ။

အသက် ၃၅ နှစ်ကျော်မှ ပထမကလေးရသည့်အမျိုးသမီးများသည် ကလေးမမွေးဖူးသည့်အမျိုးသမီးများထက်စာလျှင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ အသက် ၂၀ မတိုင်မှီ ကလေးမွေးခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျော့ကျစေပါသည်။

ကလေးကိုမိခင်နို့တိုက်ကျွေးပါ။

မိခင်နို့တိုက်ခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါသည်။ ဤအကျိုးသက်ရောက်မှုသည် တစ်နှစ်ကျော်ကြာနို့တိုက်ရသောအမျိုးသမီးများတွင် ပို၍သိသာပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ မိခင်သစ်များ အနည်းဆုံးခြောက်လနို့တိုက်ကျွေးရန် အကြံပြုထားပါသည်။

အရက်သောက်သုံးမှုကို ရှောင်ရှားပါ (သို့) လျှော့ချပါ။

တစ်ပတ်လျှင် အရက်ယမကာသုံးခွက်သောက်သုံးသောအမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ တစ်ပတ်လျှင် အရက် ၁၄ ခွက်ကျော်သောက်သုံးသူများသည် မသောက်သုံးသူများနှင့်နှိုင်းယှဉ်လျှင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိပါသည်။

သွေးဆုံးတော့မည့်အမျိုးသမီးများ ဟော်မုန်းအစားထိုးကုထုံးအသုံးပြုသည့်အခါ သတိပြုရပါမည်။

ဟော်မုန်းအစားထိုးကုထုံးကို လေးနှစ်ကျော်၊ ငါးနှစ် နှစ်ရှည်ကြာစွာအသုံးပြုပါက ရင်သားကင်ဆာဖြစ်နိုင်ခြေများပါသည်။ Mammogram ကဲ့သို့သော ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်းကို အထူးအားပေးပါသည်။ ရင်သားကင်ဆာကျန်းမာရေးရာဇ၀င်ရှိသောအမျိုးသမီးများ သွေးဆုံးဟော်မုန်းကုထုံးခံယူခြင်းကိုမထောက်ခံပါ။

သွေးတွင်း ဗီတာမင် D အဆင့်ကို လုံလောက်စွာထိန်းသိမ်းပါ။

သုတေသနစာတမ်းအရ ဗီတာမင် D နည်းသော သက်ကြီးအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ အဆီများသောငါး (ဆော်လမွန်ကဲ့သို့) နှင့် cod liver oil တို့သည် ဗီတာမင် D ကြွယ်၀သောအစာများဖြစ်ပါသည်။ မနက် ၁၀ နာရီမှ ၃ နာရီအထိ တစ်ပတ်လျှင်နှစ်ကြိမ် ၅ မိနစ် မှ မိနစ် ၃၀အထိ  နေရောင်ခြည်ထိတွေ့ခြင်းအားဖြင့် ဗီတာမင် D အဆင့်ကို ထိန်းထားနိုင်ပါသည်။

အဆီနည်းပြီး အရွက်ဖြင့်ပြုလုပ်ထားသည့် ကျန်းမာရေးနှင့်ညီညွှတ်သောအစာကို ရွေးချယ်စားသုံးပါ။

ကင်ဆာအမျိုးအစားအားလုံး၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာကို စားသုံးခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ အရွက်ဖြင့်ပြုလုပ်ထားသည့်အစားအစာ နှင့် အဆီနည်းသော အစားအစာကို အဓိကစားသုံးသည့်နိုင်ငံတွင် ရင်သားကင်ဆာအဖြစ်နည်းပါသည်။

လွဲမှားယုံကြည်မှုများကိုဖယ်ရှားခြင်း။

ကော်ဖီသောက်ခြင်း၊ ဆံပင်ဆိုးဆေးများအသုံးပြုခြင်း၊ ချွေးတိတ်ဆေး (သို့) အောက်ခံကြိုးပါသောဘရာစီယာတို့ကြောင့် ရင်သားကင်ဆာဖြစ်သည်ဆိုသည့်အဆိုများမှာ အထောက်အထားမရှိပေ။ ဖြည့်စွက်ဆေးများသောက်လျှင် လူတချို့၏ အာဟာရအခြေအနေကိုတိုးတက်စေသော်လည်း ဗီတာမင် A, E (သို့) C တို့ကို လိုသည်ထက်ပို၍ သောက်သုံးမည်ဆိုပါကလည်း ရင်သားကင်ဆာဖြစ်နိုင်ခြေကိုမလျှော့ချနိုင်ပါ။ ရင်သားအလှအပအတွက် အစားထိုး implants ထည့်ခြင်းသည် ရင်သားကင်ဆာကိုမဖြစ်စေပါ။

စင်ကာပူ Raffles ဆေးရုံတွင် ရင်သားအထူးကုဆရာ၀န်ကြီးနှင့်တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။