
ဆီးချိုရောဂါမဖြစ်စေရန် သင်လုပ်ဆောင်သင့်သည့်အရာများ။
နှစ်တွေကြာလာသည်နှင့်အမျှ ဆီးချိုရောဂါဝေဒနာရှင်ဦးရေတိုးလာပါသည်။ ဆီးချိုရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်နိုင်ပါသည်။
သင့်တွင်ဆီးချိုရောဂါဖြစ်နိုင်ခြေအန္တရာယ်ရှိနေပြီလား။
ဆီးချိုရောဂါသည် မည်သူ့တွင်မဆိုဖြစ်နိုင်ပါသော်လည်း တစ်ချို့သောလူအုပ်စုတွင် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေပိုများပါသည်။ သင့်တွင် အောက်ပါအန္တရာယ်ဖြစ်စေနိုင်သောအချက်များရှိပါက အမျိုးအစား ၂ ဆီးချိုရောဂါကို မည်သို့ကာကွယ်ရမည်ကို သတိပြုရန်လိုအပ်ပါမည်။
ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ခြင်း။
ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းသည် ဆီးချိုရောဂါနှင့်အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကိုတိုးစေပါသည်။
အစေ့အဆန်ဖြင့်ပြုလုပ်ထားသည့်အစာကိုရွေးချယ်ပါ။
အစေ့များတွင် မရှိမဖြစ်လိုအပ်သောဗီတာမင်များ၊ ဓာတ်သတ္တုများ နှင့် phytochemicals များကြွယ်ဝသဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း နှင့် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းသိမ်းပေးပါသည်။
သကြားစားသုံးခြင်းကိုရှောင်ပါ။
သကြားပါသည့်အဖျော်ယမကာများသည် ဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးပွားစေပါသည်။ ကျန်းမာရေးနှင့်ညီညွှတ်သည့် ပိုမိုကောင်းမွန်သောရွေးချယ်မှုမှာ ရေသန့် (သို့) နွားနို့၊ သကြားမပါသည့် ကော်ဖီနှင့်လက်ဖက်ရည်တို့ဖြစ်ပါသည်။
အမဲသား၊ ဆိတ်သားထက် တခြားအသားကိုပြောင်း၍စားသုံးခြင်း နှင့် ရောနှောပြုပြင်ထားသည့်အသားစားသုံးမှုကို ရှောင်ရှားခြင်း။
အခွံမာသီး၊ အဆီနည်းသောနို့ထွက်ပစ္စည်း၊ ကြက် (သို့) ငါး စသည့် ကျန်းမာရေးနှင့်ညီညွှတ်သောအစာကို ရွေးချယ်စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပါသည်။
လှုပ်လှုပ်ရှားရှားနေပါ။
လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန်ကျခြင်း၊ သွေးတွင်းသကြားဓာတ်ကိုလျှော့ကျစေခြင်း နှင့် အင်ဆူလင် အသုံးချမှုကိုတိုးမြှင့်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ညွှန်းကိန်းအတွင်းထိန်းထားနိုင်ပါသည်။ အပတ်စဉ် အနည်းဆုံးမိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းအားဖြင့် နေကောင်းကျန်းမာစေနိုင်ပါသည်။
ကောင်းသည့်အဆီ နှင့် မကောင်းသည့်အဆီ။
သင်စားသုံးသောအစားအစာ၏ အဆီအမျိုးအစားများသည်လည်း ဆီးချိုရောဂါဖြစ်စေမည့် အကျိုးသက်ရောက်မှုရှိပါ သည်။ ကောင်းသောအဆီများကို ဟင်းသီးဟင်းရွက်အဆီများ၊ အခွံမာသီးများ နှင့် အစေ့များတွင်တွေ့ရပြီး အမျိုးအစား ၂ ဆီးချိုရောဂါကို တားဆီးပေးနိုင်ပါသည်။
အမျိုးအစား ၂ ဆီးချိုရောဂါကို မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ပါသည်။ အကယ်၍ သင်သည် ဆီးချိုရောဂါဖြစ်နိုင်ခြေများပါက ဦးစားပေးကုသရန်အရေးကြီးပါသည်။ သင်၏ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲလိုက်ခြင်းဖြင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုရှောင်ရှားနိုင်ပါမည်။ အဓိကအချက်မှာ တက်ကြွလှုပ်ရှားစွာနေရန်အရေးကြီးပါသည်။
ဆီးချိုရောဂါအကြောင်း။
ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး သွေးဂလူးကို့စ်ပမာဏသည် ပုံမှန်ထက်ပိုမိုမြင့်မားနေခြင်းဖြစ်ပါသည်။ ပန်ကရိယသည် အင်ဆူလင်ကိုအလုံအလောက်မထုတ်နိုင်ခြင်း (သို့) ထုတ်လိုက်သောအင်ဆူလင်သည် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။ အင်ဆူလင်သည် သွေးဂလူးကို့စ်ပမာဏကို လျော့နည်းစေသည့်ဟော်မုန်းဖြစ်ပါသည်။ နာတာရှည်ဆီးချိုရောဂါများတွင် အမျိုးအစား ၁ နှင့် အမျိုးအစား ၂ ဆီးချိုရောဂါနှစ်ခုလုံးပါ၀င်ပါသည်။
အမျိုးအစား ၁
ဆီးချိုရောဂါ (Insulin-dependent Diabetes) – အမျိုးအစား ၁ ဆီးချိုရောဂါရှိသူများသည် ၎င်းတို့၏ပန်ကရိယမှ အင်ဆူလင်အနည်းငယ် (သို့) လုံ၀မထုတ်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းစွာမထိန်းနိုင်ပါ။ ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်သည် ပန်ကရိယရှိ အင်ဆူလင်ထုတ်သည့်ဆဲလ်များကို မှားယွင်းစွာဖျက်ဆီးခြင်းဖြစ်ပါသည်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန် အင်ဆူလင်ထိုးဖို့လိုအပ်ပါသည်။ ငယ်ရွယ်သူများတွင် အဖြစ်များသော်လည်း အသက်ကြီးသူများတွင်လည်းဖြစ်တတ်ပါသည်။
အမျိုးအစား ၂
အင်ဆူလင်မမှီခိုသောဆီးချိုရောဂါ – ဆီးချိုရောဂါရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဤအုပ်စုတွင်ပါ၀င်ပါသည်။ ၎င်းတို့သည် အင်ဆူလင်ကိုထုတ်နိုင်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်က ထိထိရောက်ရောက်အသုံးမပြုနိုင်ပေ။ ဤဆီးချိုအမျိုးအစားကို အစားအသောက်၊ လေ့ကျင့်ခန်း နှင့် ဆေးဝါးများဖြင့် ထိန်းချုပ်နိုင်ပါသည်။ ဤနည်းများဖြင့် မထိန်းချုပ်နိုင်သေးပါက အင်ဆူလင်ထိုးရန်လိုအပ်ပါမည်။
စင်္ကာပူ Raffles ဆေးရုံတွင် ဆီးချိုရောဂါအထူးကုဆရာ၀န်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။