အတွေ့အကြုံ‌‌ဝေမျှခြင်း

ကင်ဆာ
04
ကင်ဆာတွင် ပုံမှန်မဟုတ်သည့်ဆဲလ်များ အဆပေါင်းများစွာ တိုးပွားခြင်းဖြင့် အကျိတ်ဖြစ်ပေါ်လာခြင်း၊ အနီးအနားရှိတစ်သျှူးများသို့ပျံ့နှံ့ခြင်း၊ သွေးစီးဆင်းမှုနှင့်ပြန်ရည်ကြောစနစ်မှတဆင့် တခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်းတို့ပါဝင်ပါသည်။ ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများကို အလုံးစုံသိရှိနားလည်ခြင်းမရှိသေးပေ။ သို့သော် ကင်ဆာအန္တရာယ်မြင့်စေသည့်အကြောင်းရင်းများမှာ - မျိုးရိုးဗီဇရှိခြင်း။ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ။ပိုးကူးစက်ခြင်း။ (ဥပမာ- အသည်းရောင် အသားဝါ B နှင့် C ပိုးများ)အစားအစာ။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။နေရောင်ခြည်ထိတွေ့မှုများခြင်း။ဆေးလိပ်သောက်ခြင်း။အရက်သောက်များခြင်း။ ကင်ဆာသည် လူတစ်ယောက်မှ တစ်ခြားတစ်ယောက်စီသို့ ကူးစက်ပျံ့နှံ့နိုင်ခြင်းမရှိပေ။ သို့သော် အူလမ်းကြောင်းကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့သည် မျိုးရိုးလိုက်တတ်ပါသည်။ မိသားစုမျိုးရိုးတွင် ၎င်းကင်ဆာနှင့်ပတ်သက်သည့်ရောဂါရှိပါက ကင်ဆာရောဂါအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သောစစ်ဆေးမှုများကိုပြုလုပ်သင့်ပါသည်။ ကင်ဆာရောဂါနှင့်ပတ်သက်၍ စောစီးစွာကြိုတင်သိရှိပြီး ကုသမှုခံယူရန်အလွန်အရေးကြီးပါသည်။ စင်ကာပူ Raffles ဆေးရုံတွင် ကင်ဆာအထူးကုဆရာ၀န်ကြီးများနှင့်ပြသလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
da Vinci® Xi™ စက်ရုပ်လက်တံသုံး ခွဲစိတ်ကုသမှု
27
Raffles ဆေးရုံကြီးတွင် da Vinci® Xi™ စက်ရုပ်လက်တံသုံး ခွဲစိတ်ကုသမှုစနစ်ကို အသုံးပြုနေပြီဖြစ်ပါသည်။ ဝမ်းဗိုက်ကို ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်ခွဲစိတ်မှုအတွက် လက်ရှိတွင် ခေတ်အမှီဆုံး နှင့် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်သည့် ခွဲစိတ်စက်ရုပ်စက်ဖြစ်ပါသည်။ ဝမ်းဗိုက်ခွဲစိတ်မှုအတွက် သမားရိုးကျ laparoscopic ခွဲစိတ်မှုနှင့်နှိုင်းယှဉ်လျှင် ပို၍တိကျပြီး လက်၏ကျွမ်းကျင်မှုကို အကောင်းဆုံးအသုံးချနိုင်အောင် ဒီဇိုင်းထုတ်ထားသည့်အတွက် သင့်ခွဲစိတ်ဆရာဝန်၏ ခွဲစိတ်နည်းပညာစွမ်းဆောင်ရည်ရလဒ်ကို အကောင်းဆုံးဖြစ်စေပါသည်။ da Vinci® Xi™ စနစ်၏ အားသာချက်များ။ ကောင်းမွန်သောမြင်ကွင်းကိုရရှိစေရန် 3D-HD စနစ်အသုံးပြုထားခြင်း။ကြည်လင်ပြတ်သားသောပုံထွက်ရှိခြင်း။ခွဲစိတ်မှုတွင်အရေးပါသောတိတိကျကျဖြစ်စေမှု။နေရာမရွေးလိုအပ်သလို ရွေ့လျား၍ခွဲစိတ်နိုင်ခြင်း။သမားရိုးကျမှန်ပြောင်းခွဲစိတ်မှုတွင်မလုပ်နိုင်သော ကျဉ်းမြောင်းသည့်နေရာအတွင်းမှ လိုအပ်သလို ခွဲစိတ်နိုင်ခြင်း။သေးငယ်သောစက်ရုပ်လက်တံများကြောင့် လှုပ်ရှားမှုကောင်းမွန်ခြင်း။ da Vinci® Xi™ စနစ်ဖြင့် အောက်ပါခွဲစိတ်မှုများကို အောင်မြင်စွာခွဲစိတ်နိုင်ပြီဖြစ်ပါသည်။ အူမကြီးနှင့်အစာဟောင်းအိမ်ကင်ဆာ။အသည်းနှင့်သရက်ရွက်ကင်ဆာ။အူကျရောဂါ၊ ခွဲစိတ်ခြင်းကြောင့်ဖြစ်သောအူကျခြင်း။သည်းခြေကျောက်အတွက် ခွဲစိတ်ခြင်း။ဆီးကျိတ်ကင်ဆာ။ကျောက်ကပ်ခွဲစိတ်ခြင်း။ da Vinci® Xi™ စက်ရုပ်လက်တံသုံး ခွဲစိတ်ကုသပေးသည့် ခွဲစိတ်အထူးကုဆရာ၀န်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အူကျရောဂါ
19
အူကျရောဂါဆိုသည်မှာ အူလမ်းကြောင်းတစ်စိတ်တစ်ပိုင်းသည် ဝမ်းဗိုက်နံရံအားနည်းသည့်အပိုင်းတွင် ကျွံထွက်လာခြင်းကိုဆိုလိုပါသည်။ ထိုကျွံထွက်ခြင်းကြောင့် ဖောင်းထွက်နေသည်ကို မျက်လုံးဖြင့်သော်လည်းကောင်း၊ အရေပြားအောက်တွင်အလုံးအဖုအဖြစ်သော်လည်းကောင်းသိရှိနိုင်ပါသည်။  အလေးမခြင်း၊ ဝမ်းသွားသည့်အခါအလွန်အမင်းအားစိုက်ခြင်း (သို့) ချောင်းဆိုးခြင်း စသည့်ဝမ်းဗိုက်ပေါ်တွင်ဖိအားဖြစ်စေသည့်လုပ်ဆောင်မှုများကြောင့် အူကျရောဂါကိုဖြစ်စေပါသည်။ အဝလွန်ပါကလည်း အူကျရောဂါဖြစ်နိုင်ခြေအန္တရာယ်မြင့်ပါသည်။ အူကျွံထွက်သည့်နေရာပေါ်မူတည်၍ အူကျရောဂါအမျိုးမျိုးရှိပါသည်။ ပေါင်ခြံနေရာ၌အူကျွံခြင်းသည် အမျိုးသားများတွင်အဖြစ်များပါသည်။ ခေါင်းဆိုးခြင်း၊ တစ်ခုခုကိုမလိုက်ခြင်း၊ ကုန်းလိုက်ခြင်း စသည့်အချိန်တို့တွင် ပေါင်ခြံတဝိုက်၌ နာကျင်ခြင်း၊ အောင့်ခြင်းတို့ကိုခံစားရနိုင်သည်။ ခါးမတ်မတ်ရပ်သည့်အခါမျိုးတွင် ပေါင်ခြံနေရာအလုံးအဖုသည်ပို၍သိသာပါသည်။ ထိုင်နေသည့်အခါမျိုးတွင် ပေါင်ခြံနေရာ၌ ဆွဲတင်းထားသည့်ခံစားချက်ကိုသက်သာစေပါသည်။ ချက်နေရာ၌အူကျွံခြင်းသည် ချက်အနီးတဝိုက်တွင် ဖောင်းထွက်နေသည်။ အများအားဖြင့် မွေးကင်းစကလေး နှင့် ကလေးတို့တွင်အဖြစ်များပြီး လူကြီးတို့တွင်လည်းဖြစ်တတ်ပါသည်။ အဝလွန်သောသူ၊ ကိုယ်ဝန်ဆောင် နှင့် ဝမ်းဗိုက်တွင်အရည်များသောသူတို့တွင်ပို၍ဖြစ်နိုင်ပါသည်။  အူကျရောဂါနောက်ဆက်တွဲပြဿနာများ။ အူကျရောဂါသေးပါက မည်သည့်လက္ခဏာမျှမပြတတ်ပေ။ ထိုအဆင့်မျိုးတွင် မူလနေရာသို့တွန်းပင့်၍ပြန်ဝင်စေနိုင်ပါ သည်။ အချိန်ကြာသည်နှင့်အမျှ အူကျခြင်းသည်ကြီးလာ၍၊ ပို၍နာကျင်လာပြီး၊ ဝမ်းလမ်းကြောင်းပိတ်ခြင်း နှင့် အူကျသည့်နေရာတွင်သွေးမလျှောက်ခြင်း စသည့်အသက်ဆုံးရှုံးနိုင်သည့်အခြေအနေမျိုးဖြစ်နိုင်ပါသည်။ အူကျရောဂါရှိသူ (သို့) ဝမ်းဗိုက်တွင် ဖောင်းထွက်နေခြင်းကို သတိပြုမိပါက ပို၍မဆိုးရွားမှီဆရာဝန်ဖြင့်သေချာစွာပြသသင့်ပါသည်။ ဝမ်းဗိုက်ရုတ်တရက်ကြီးလာခြင်း၊ ဝမ်းဗိုက်တွင်နာကျင်ခြင်း (သို့) အူကျဖောင်းသည့်နေရာအရောင်ပြောင်းလာခြင်းမျိုးရှိပါက ချက်ချင်းဆရာဝန်နှင့်ပြသ၍ကုသမှုခံယူသင့်ပါသည်။ Open Hernia Surgery နှင့် Laparoscopic Surgery ဟူ၍ အူကျရောဂါခွဲစိတ်ကုသမှု ၂ မျိုးရှိပြီး၊ မည်သည့်ခွဲစိတ်ကုသမှုနှင့်သင့်တော်သည်ကို Raffles ဆေးရုံတွင် ခွဲစိတ်ဆရာဝန်ကြီးဖြင့်တိုင်ပင်ဆွေးနွေးပြသလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။