
ကင်ဆာတွင် ပုံမှန်မဟုတ်သည့်ဆဲလ်များ အဆပေါင်းများစွာ တိုးပွားခြင်းဖြင့် အကျိတ်ဖြစ်ပေါ်လာခြင်း၊ အနီးအနားရှိတစ်သျှူးများသို့ပျံ့နှံ့ခြင်း၊ သွေးစီးဆင်းမှုနှင့်ပြန်ရည်ကြောစနစ်မှတဆင့် တခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်းတို့ပါဝင်ပါသည်။
ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများကို အလုံးစုံသိရှိနားလည်ခြင်းမရှိသေးပေ။ သို့သော် ကင်ဆာအန္တရာယ်မြင့်စေသည့်အကြောင်းရင်းများမှာ –
ကင်ဆာသည် လူတစ်ယောက်မှ တစ်ခြားတစ်ယောက်စီသို့ ကူးစက်ပျံ့နှံ့နိုင်ခြင်းမရှိပေ။ သို့သော် အူလမ်းကြောင်းကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့သည် မျိုးရိုးလိုက်တတ်ပါသည်။ မိသားစုမျိုးရိုးတွင် ၎င်းကင်ဆာနှင့်ပတ်သက်သည့်ရောဂါရှိပါက ကင်ဆာရောဂါအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သောစစ်ဆေးမှုများကိုပြုလုပ်သင့်ပါသည်။ ကင်ဆာရောဂါနှင့်ပတ်သက်၍ စောစီးစွာကြိုတင်သိရှိပြီး ကုသမှုခံယူရန်အလွန်အရေးကြီးပါသည်။
စင်ကာပူ Raffles ဆေးရုံတွင် ကင်ဆာအထူးကုဆရာ၀န်ကြီးများနှင့်ပြသလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။