အူကျရောဂါ

အူကျရောဂါ
19

အူကျရောဂါဆိုသည်မှာ အူလမ်းကြောင်းတစ်စိတ်တစ်ပိုင်းသည် ဝမ်းဗိုက်နံရံအားနည်းသည့်အပိုင်းတွင် ကျွံထွက်လာခြင်းကိုဆိုလိုပါသည်။ ထိုကျွံထွက်ခြင်းကြောင့် ဖောင်းထွက်နေသည်ကို မျက်လုံးဖြင့်သော်လည်းကောင်း၊ အရေပြားအောက်တွင်အလုံးအဖုအဖြစ်သော်လည်းကောင်းသိရှိနိုင်ပါသည်။ 

အလေးမခြင်း၊ ဝမ်းသွားသည့်အခါအလွန်အမင်းအားစိုက်ခြင်း (သို့) ချောင်းဆိုးခြင်း စသည့်ဝမ်းဗိုက်ပေါ်တွင်ဖိအားဖြစ်စေသည့်လုပ်ဆောင်မှုများကြောင့် အူကျရောဂါကိုဖြစ်စေပါသည်။ အဝလွန်ပါကလည်း အူကျရောဂါဖြစ်နိုင်ခြေအန္တရာယ်မြင့်ပါသည်။

အူကျွံထွက်သည့်နေရာပေါ်မူတည်၍ အူကျရောဂါအမျိုးမျိုးရှိပါသည်။

ပေါင်ခြံနေရာ၌အူကျွံခြင်းသည် အမျိုးသားများတွင်အဖြစ်များပါသည်။ ခေါင်းဆိုးခြင်း၊ တစ်ခုခုကိုမလိုက်ခြင်း၊ ကုန်းလိုက်ခြင်း စသည့်အချိန်တို့တွင် ပေါင်ခြံတဝိုက်၌ နာကျင်ခြင်း၊ အောင့်ခြင်းတို့ကိုခံစားရနိုင်သည်။ ခါးမတ်မတ်ရပ်သည့်အခါမျိုးတွင် ပေါင်ခြံနေရာအလုံးအဖုသည်ပို၍သိသာပါသည်။ ထိုင်နေသည့်အခါမျိုးတွင် ပေါင်ခြံနေရာ၌ ဆွဲတင်းထားသည့်ခံစားချက်ကိုသက်သာစေပါသည်။

ချက်နေရာ၌အူကျွံခြင်းသည် ချက်အနီးတဝိုက်တွင် ဖောင်းထွက်နေသည်။ အများအားဖြင့် မွေးကင်းစကလေး နှင့် ကလေးတို့တွင်အဖြစ်များပြီး လူကြီးတို့တွင်လည်းဖြစ်တတ်ပါသည်။ အဝလွန်သောသူ၊ ကိုယ်ဝန်ဆောင် နှင့် ဝမ်းဗိုက်တွင်အရည်များသောသူတို့တွင်ပို၍ဖြစ်နိုင်ပါသည်။ 

အူကျရောဂါနောက်ဆက်တွဲပြဿနာများ။

အူကျရောဂါသေးပါက မည်သည့်လက္ခဏာမျှမပြတတ်ပေ။ ထိုအဆင့်မျိုးတွင် မူလနေရာသို့တွန်းပင့်၍ပြန်ဝင်စေနိုင်ပါ သည်။ အချိန်ကြာသည်နှင့်အမျှ အူကျခြင်းသည်ကြီးလာ၍၊ ပို၍နာကျင်လာပြီး၊ ဝမ်းလမ်းကြောင်းပိတ်ခြင်း နှင့် အူကျသည့်နေရာတွင်သွေးမလျှောက်ခြင်း စသည့်အသက်ဆုံးရှုံးနိုင်သည့်အခြေအနေမျိုးဖြစ်နိုင်ပါသည်။ အူကျရောဂါရှိသူ (သို့) ဝမ်းဗိုက်တွင် ဖောင်းထွက်နေခြင်းကို သတိပြုမိပါက ပို၍မဆိုးရွားမှီဆရာဝန်ဖြင့်သေချာစွာပြသသင့်ပါသည်။ ဝမ်းဗိုက်ရုတ်တရက်ကြီးလာခြင်း၊ ဝမ်းဗိုက်တွင်နာကျင်ခြင်း (သို့) အူကျဖောင်းသည့်နေရာအရောင်ပြောင်းလာခြင်းမျိုးရှိပါက ချက်ချင်းဆရာဝန်နှင့်ပြသ၍ကုသမှုခံယူသင့်ပါသည်။

Open Hernia Surgery နှင့် Laparoscopic Surgery ဟူ၍ အူကျရောဂါခွဲစိတ်ကုသမှု ၂ မျိုးရှိပြီး၊ မည်သည့်ခွဲစိတ်ကုသမှုနှင့်သင့်တော်သည်ကို Raffles ဆေးရုံတွင် ခွဲစိတ်ဆရာဝန်ကြီးဖြင့်တိုင်ပင်ဆွေးနွေးပြသလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။