22 Nov 2022
ရေတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များ နှင့် အဆီတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ရေတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များမှာအဘယ်နည်း။ ဗီတာမင် C နှင့် B သည် ရေတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဖြစ်ပါသည်။ ဤဗီတာမင်များကို သင်၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားခြင်းမရှိသည့်အတွက် နေ့စဉ်ပြန်လည်ဖြည့်ရပါသည်။ ဤဗီတာမင်များကို လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် သီးနှံများစားသုံးခြင်းတို့မှ အလွယ်တကူရနိုင်ပါသည်။ အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များမှာအဘယ်နည်း။ ဗီတာမင် A, D, E, K တို့သည် အဆီတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဖြစ်ပါသည်။ ဤဗီတာမင်များကို ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာသိမ်းထားနိုင်ပါသည်။ ထို့ကြောင့် သင်သည် ဤဗီတာမင်များကို နေ့စဉ်အနည်းငယ်သာ သောက်သုံးရန်လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤဗီတာမင်များသည် ကျွန်ုပ်တို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဤဗီတာမင်များကို အသုံးမပြုသည့်အခါ အသည်းနှင့်အဆီတစ်သျှူးများတွင် သိုလှောင်ထိန်းသိမ်းထားပါသည်။ ဗီတာမင်များ၏လုပ်ငန်းဆောင်တာများမှာအဘယ်နည်း။ ဗီတာမင်များသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတွင် ကွဲပြားခြားနားသောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါသည်။ ဗီတာမင် C, B, နှင့် D ကဲ့သို့အသုံးအများဆုံးဗီတာမင်အချို့သည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များရှိသည်။ ဥပမာအားဖြင့် ဗီတာမင် C သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှိတစ်ရှူးများ၏ ကြီးထွားမှုနှင့်ပြုပြင်ခြင်းများတွင်ကူညီသည်။ အနာကျက်မြန်စေပါသည်။ ဗီတာမင် C သည် သံဓာတ်စုပ်ယူမှုကိုလည်း အားကောင်းစေပါသည်။ ဗီတာမင် B သည် သွေးနီဥဆဲလ်ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေပြီး၊ ကျွန်ုပ်တို့၏စွမ်းအင်နှင့်ဇီ၀ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါသည်။ ကျန်းမာသည့်အာရုံကြောစနစ်ကိုဖြစ်စေရန်လည်း အရေးပါပါသည်။ ဗီတာမင် D သည် အရိုးတည်ဆောက်ရန်အရေးကြီးသည့် ကယ်လ်ဆီယမ်နှင့်ဖော့စဖောစ်တို့ကို စုပ်ယူထိန်းသိမ်းပေးပါ သည်။ ရောဂါကူးစက်မှုကိုထိန်းချုပ်ပေးနိုင်ပြီး၊ ရောင်ရမ်းမှုကိုလည်းလျှော့ကျစေပါသည်။ ဗီတာမင်ချို့တဲ့သော လက္ခဏာများမှာအဘယ်နည်း။ ကျွန်ုပ်တို့မှတ်ယူရမည့်လက္ခဏာတချို့ရှိပါသည်။ ပထမဦးစွာ အနာကျက်နှေးခြင်းသည် ဗီတာမင် C မလုံလောက်ခြင်းကိုညွှန်ပြပါသည်။ ဒုတိယအချက်အနေဖြင့် ပုံမှန်မဟုတ်သောဆံပင်ကျွတ်ခြင်းသည်...
28 Oct 2022
ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းသည် သွေးဆဲလ်များစုဝေးလာခြင်းကိုဖြစ်စေနိုင်ပြီး ဦးနှောက်သို့သွားသော သွေးကြောများ ပိတ်ဆို့ခြင်းနှင့်လေဖြတ်ခြင်းတို့ကိုဖြစ်စေနိုင်သည်။ လူ့နှလုံးသည် လက်သီးဆုပ်မျှသာရှိသော်လည်း ၎င်း၏အံ့သြဖွယ် ကောင်းသောလုပ်ဆောင်ချက်မှာ တစ်နေ့လျှင် အကြိမ်ပေါင်း ၁၀၀,၀၀၀ နှင့် ဘဝသက်တမ်းတစ်လျှောက်တွင် ပျမ်းမျှအကြိမ်သန်း ၃၀၀၀ လောက် ခုန်နိုင်ပါသည်။ နှလုံး၏ အလွန်အရေးပါသောလုပ်ဆောင်ချက်မှာ အသက်ရှင်သန်ရန်အတွက် လိုအပ်သောအောက်စီဂျင် နှင့် အာဟာရဓာတ်တို့ကို သွေးမှတဆင့်ခန္ဓာကိုယ်အနှံ့ သယ်ဆောင်နိုင်ရန်အတွက်ညှစ်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ နှလုံးညှစ်အားပျော့လျှင် လူနာသည် နှလုံးချို့ယွင်းခြင်းလက္ခဏာများဖြစ်သည့် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ခြေထောက်ရောင်ခြင်း နှင့် တချို့တွင် ထိုင်လျက်ဖြင့်အိပ်ချင်လာခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်မျိုးသည် တချိန်က ကျွန်ုပ်၏လူနာတစ်ဦးတွင်ဖြစ်ခဲ့ဖူးသည်။ ရှယ်လာ၏ အဖြစ်အပျက်။ ရှယ်လာသည် အသက် ၆၀ ဝန်းကျင်ရှိသော သွက်လက်သည့်အမျိုးသမီးဖြစ်သည်။ သူမသည် စင်္ကာပူသို့ အပန်းဖြေခရီးလာရခြင်းကို နှစ်သက်ပြီး တစ်နှစ်လျှင် ၄ကြိမ်တိုင် လာရောက်လည်ပတ်လေ့ရှိသည်။ ထိုသို့လာရောက်ခြင်းမျိုး နှစ်အတော်ပင်ရှိခဲ့ပြီး စင်္ကာပူတွင် အပန်းဖြေအနားယူ၍ ကျန်းမာရေးအတွက်လည်းဆရာ၀န်များဖြင့်ပြသ၍ ဆေးကုသမှုခံယူပါသည်။ ကျန်းမာရေးစစ်ဆေးချက်အဖြေများအရ ရှယ်လာသည် နေကောင်းကျန်းမာသည်။ သူမသည် တစ်နေ့လျှင် ၄ ၊ ၅ မိုင်ထိ လမ်းလျှောက်နိုင်သေးသော်လည်း ဒီဇင်ဘာလ ၂၀၁၀ တွင် သူမသည် အသက်ရှူမဝခြင်း နှင့် ကျန်းမာရေး ဆုတ်လျော့လာသည်ဟုခံစားရသည်။ ကျန်းမာရေးသည် ပုံမှန်အတိုင်းကောင်းနေသေးသည်ဟုထင်သောကြောင့် ဒီဇင်ဘာတွင် ရှယ်လာသည် စင်္ကာပူသို့ အပန်းဖြေခရီးထွက်လာသည်။ လေယာဉ်ပေါ်စကားပြောနေစဉ်ကာလတွင် သူမသည် ရေနစ်သကဲ့သို့ခံစားရခြင်း၊ အသက်လုရှူနေရသကဲ့သို့ ခံစားရခြင်းမျိုးဖြစ်ပေါ်သည်။ သူမ၏စိတ်ထဲတွင် မကောင်းသောတစ်စုံတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခံစားရသောကြောင့် လေယာဉ်ဆိုက်သည်နှင့်တစ်ပြိုင်နက် ရှယ်လာသည် ကျွန်ုပ်တို့ဆေးရုံသို့ အလောတကြီးရောက်လာပါသည်။ ...
27 Dec 2021
နှလုံးသွေးလွှတ်ကြောရောဂါ (Coronary Artery Disease- CAD) ဆိုသည်မှာအဘယ်နည်း။ နှလုံးသွေးလွှတ်ကြောရောဂါ (CAD) ဆိုသည်မှာ နှလုံးသွေးလွှတ်ကြောများတွင် ကိုလက်စထရောအခဲများ စုပုံလာခြင်းကို ရည်ညွှန်းသည်။ သွေးလွှတ်ကြောများသည် နှလုံးကြွက်သားများကို သွေးထောက်ပံ့ပေးရန် 'ပိုက်များ' သဖွယ် ဆောင်ရွက်ပေးသည်။ ထိုအခဲများတဖြည်းဖြည်းစုလာလျှင် သွေးကြောများတွင် သွေးစီးဆင်းမှုကို အတားအဆီးဖြစ်လာစေပါသည်။ သွေးကြောကျဉ်းမြောင်းလာသည့်အခါ ရင်ဘတ်နာခြင်း (သို့) ရင်ဘတ်ကိုဖိထားသကဲ့သို့သောရောဂါလက္ခဏာများကို ခံစားရနိုင်သည်။ ကိုလက်စထရောအခဲများ ပေါက်ပြဲသွားသည့်အခါ သွေးခဲများသည် ကိုလက်စထရောအခဲများပတ်ပတ်လည်တွင်ဖြစ်ပေါ်လာပြီး သွေးစီးဆင်းမှုကို ရုတ်တရက်ပိတ်ဆို့သွားစေပါသည်။ ထိုအဖြစ်အပျက်ကို နှလုံးဖောက်ခြင်းဟုလူသိများပါသည်။ CAD ကို ခွဲခြားသိနိုင်ရန် နည်းလမ်းပေါင်းများစွာရှိပါသည်။ ဆရာဝန်အချို့သည် ရောဂါလက္ခဏာရှိမှ ကုသပေးသော်လည်း တချို့ဆရာဝန်များသည် စောစီးစွာကုသမှုပေးနိုင်ရန် လူနာများကိုစစ်ဆေးပေးပါသည်။ နှလုံးဖောက်ပြီဆိုပါက နှလုံးကြွက်သားများ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးတတ်ပါသည်။ 'ကာကွယ်ခြင်းသည် ကုသမှုထက် ပိုကောင်းသည်' ဆိုသောဆောင်ပုဒ်မှာ CAD အတွက် အလွန်မှန်ကန်ပါသည်။ ပထမဆုံးအနေဖြင့် လွယ်ကူသောစမ်းသပ်မှုများမှာ နှလုံးခုန်နှုန်းမြန်အောင်ပြုလုပ်ပြီး နှလုံးလှုပ်ရှားမှုစစ်ဆေးခြင်း (Stress Echo) နှင့် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (CTA) တို့ကိုပြုလုပ်တတ်ပါသည်။ အဓိကကုသမှုမှာ ဆေးဝါးများဖြစ်သော် လည်း CAD သိသိသာသာရှိသူများကို နှလုံးသွေးကြောကျဉ်းမကျဉ်းစစ်ဆေးမှု (Coronary Angiography) ကိုပြုလုပ်ရန် အကြံပြုတတ်ပါသည်။ စင်္ကာပူအပါအဝင် ကမ္ဘာ့နှလုံးအထူးကုဌာနများစွာတွင် Coronary Angiography ကို လူနာ၏ ပေါင်ရင်းရှိ Femoral Artery သွေးကြောမှတစ်ဆင့် ဆေးသွင်း၍ သွေးကြောကျဉ်းမကျဉ်းစစ်ဆေးကြပါသည်။ သိသာထင်ရှားသော သွေးကြောကျဉ်းသည့်နေရာများကို လေပူဖောင်းဖြင့်ချဲ့ပြီး ပြွန်ထောက်ထည့်သွင်းပေးခြင်းဖြင့် ကုသပေးလျက်ရှိပါသည်။ ပိုပြီးခေတ်မှီလာသောအခါ ကျွမ်းကျင်နှလုံးဆရာဝန်ကြီးများသည် ပေါင်ရင်းရှိသွေးကြောအစား လက်ကောက်ဝတ်ရှိ Radial Artery...