SO-IUI Evie - First Slow Release Insemination Fertility Treatment

SO-IUI Evie - First Slow Release Insemination Fertility Treatment
25

သုတ်ပိုးများကို သားအိမ်တွင်းသို့ စက်ဖြင့် ၄ နာရီကြာ တဖြည်းဖြည်းလွှတ်ပေးသည့် Evie နည်းဖြင့် ကိုယ်ဝန်သန္ဓေသား အောင်စေသောဝန်ဆောင်မှုကို အာရှတွင် ပထမဆုံးအနေဖြင့် Raffles Fertility Centre တွင် ရရှိနေပါပြီ။

Evie နည်း၏ အားသာချက်များ။

• ကိုယ်ဝန်ဆောင်နိုင်သည့်အခွင့်အလမ်းပိုမြင့်မားခြင်း။
• စျေးနှုန်းသက်သာခြင်း။
• ပြင်ပလူနာဌာနတွင် လုပ်ဆောင်နိုင်ခြင်း။
• ခွဲစိတ်မှုလုပ်ဆောင်ရန်မလိုခြင်း။

Evie နည်းသည် ကိုယ်ဝန်ဆောင်နိုင်သည့်အခွင့်အလမ်းကို မည်သို့ပိုကောင်းစေပါသနည်း။

သဘာဝနည်းဖြင့်သန္ဓေတည်ခြင်းတွင် သုတ်ပိုးသည် သားအိမ်တွင်းသို့တစ်ဖြည်းဖြည်းရောက်ရှိလာပြီး၊ နာရီပေါင်းများစွာအချိန်ယူ၍ သားအိမ်ပြွန်များသို့ရွှေ့ပြောင်းသည်။ SRI နည်းလမ်းသည် ထိုသဘာဝဖြစ်စဉ်ကိုအတုယူ၍ သုတ်ပိုးနှင့် မမျိုးဥထိတွေ့နိုင်မှုကြာချိန်ကိုတိုးမြှင့်ထားပါသည်။ ထိုသို့သုတ်ပိုးကိုဖြေးဖြေးနှင့်မှန်မှန်လွှတ်သောဖြစ်စဉ်သည် ကိုယ်ခံအားဆိုင်ရာတုံ့ပြန်နိုင်ခြေ နှင့် မမျိုးဥတွင်သုတ်ပိုးအမြောက်အမြားဝင်ရောက်မျိုးစပ်ခြင်းကြောင့် မအောင်မြင်ဖြစ် ခြင်းတို့ကိုလျော့ကျစေပါသည်။

ပုံမှန် IUI ကုသမှုနှင့်နှိုင်းယှဉ်လျှင် Evie သည် SRI နည်းလမ်းဖြင့် သုတ်ပိုးများကိုသားအိမ်တွင်းသို့ စက်ဖြင့် ၄ နာရီ ကြာတဖြည်းဖြည်းလွှတ်ပေးသည့်စက်ဖြစ်ပါသည်။ သားအိမ်ပြွန်မှတဆင့်သုတ်ပိုးများဝမ်းဗိုက်တွင်းသို့ထုတ်လွှတ်ခြင်း၊ သားအိမ်လမ်းကြောင်းတွင်းသို့ နောက်ပြန်စီးခြင်းဖြစ်နိုင်ခြေတို့ကိုလျော့နည်းစေပြီး၊ ကိုယ်ဝန်သန္ဓေသားရရှိနိုင်မှုကို တိုးတက်စေပါသည်။

လုပ်ဆောင်ချက်

ပြွန်သေးတစ်ချောင်းကို သားအိမ်တွင်းသို့ထည့်၍ တစ်ခါသုံးသုတ်ရည်ထိုးစက်အသေးကို ပေါင်ခြံတွင်ဝတ်ဆင်ထားရ မည်ဖြစ်ပါသည်။ အများအားဖြင့် ရိုးရှင်း၍မြန်ဆန်သောလုပ်ဆောင်ချက်ဖြစ်ပါသည်။
၄ နာရီနောက်ပိုင်းတွင် မည်သို့စက်ဖြုတ်ရမည်ကို ဆရာဝန်မှရှင်းပြပေးပါမည်။ လူနာအများစုသည် စက်တပ်ပြီးသည် နှင့်ဆေးခန်းမှပြန်နိုင်ပြီး၊ ပေါ့ပေါ့ပါးပါးသွားလာလှုပ်ရှားနိုင်ပါသည်။ ဆေးခန်းမှမပြန်မှီ စက်စတင်တပ်ချိန်၊ စက်ဖြုတ်ရ မည့်အချိန်၊ စက်ဖြုတ်ပုံများကို လူနာအားလမ်းညွှန်ရှင်းပြပေးမည်ဖြစ်ပါသည်။

မည်သူတို့သည် Evie နည်းဖြင့် ကိုယ်ဝန်သန္ဓေသားရယူရန်သင့်တော်ပါသနည်း။

ပထမဆုံးမျိုးပွားကုသမှုခံယူရန်အတွက် သားအိမ်ပြွန်ပြဿနာမရှိသောသူများအား Evie နည်းကိုသုံးရန်ထောက်ခံ အကြံပြုပါသည်။
• မျိုးမအောင်ခြင်းအဖြေရှာမရသည့်စုံတွဲများ။ (ရလဒ်အကောင်းဆုံးမှာ ၃၅ နှစ် နှင့် ၃၅ နှစ်အောက် အမျိုးသမီးများ)
• အနည်းဆုံးသားအိမ်ပြွန်တစ်ခုကောင်းနေသည့် အမျိုးသမီးများ။
• သားအိမ်ပြင်ပတွင် သားအိမ်အတွင်းလွှာကဲ့သို့တစ်သျှူးများရှိနေသော်လည်း သားဥပြွန်များကောင်းနေသေး သည့် အမျိုးသမီးများ။
• သားအိမ်ခေါင်းအချွဲပြဿနာရှိသည့်အမျိုးသမီးများ။
• အိမ်ထောင်ဖက်အမျိုးသားတွင် မျိုးမအောင်ခြင်းပြဿနာရှိသူများ။
• အိမ်ထောင်ဖက်အမျိုးသားတွင် သုတ်ပိုးဆန့်ကျင်သောကိုယ်ခံအားစနစ်ရှိသူများ။
• အိမ်ထောင်ဖက်အမျိုးသားတွင် သုတ်ရည်ဆီးအိမ်အတွင်းသို့ပြန်စီးဝင်ခြင်းပြဿနာရှိသူများ။
• ပန်းသေခြင်းကြောင့် သုတ်လွှတ်ရန်မဖြစ်နိုင်သောစုံတွဲများ။