ဆီးကျိတ်ကင်ဆာရှိသည့်နေရာကို စက်ဖြင့်ချိန်ရွယ်ပြီးအသားစယူခြင်း။

ဆီးကျိတ်ကင်ဆာရှိသည့်နေရာကို စက်ဖြင့်ချိန်ရွယ်ပြီးအသားစယူခြင်း။
26

MRI/Ultrasound ပုံရိပ်များပေါင်းစပ်အသုံးပြု၍ 3D ပုံစံဖြင့် ဆီးကျိတ်ကင်ဆာသံသယရှိသည့်နေရာကို စက်ဖြင့် သေချာချိန်ရွယ်ပြီးအသားစယူခြင်းဖြစ်ပါသည်။

ပထမဆုံးသတိထားရမည့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို Prostate-Specific Antigen (PSA) ‌သွေးစစ်အဖြေမြင့်နေခြင်း (သို့) လက်ဖြင့်စအိုစစ်ဆေးခြင်းရလဒ် ပုံမှန်မဟုတ်ခြင်းတို့မှ သိရှိနိုင်ပါသည်။ 

ထိုသို့ဖြစ်ခဲ့ပါက ဆီးကျိတ်တစ်သျှူးအသားစများယူခြင်းဖြင့် ကင်ဆာဟုတ်မဟုတ်ကိုစစ်ဆေးသိရှိနိုင်ပါသည်။

ဆီးကျိတ်အသားစယူခြင်းကို ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးမှလုပ်ဆောင်ပါသည်။ ဆေးရုံတွင်ညအိပ်ရန်မလိုပဲ မေ့ဆေး၊ ထုံဆေးပြေသည့်အခါတွင် အိမ်ပြန်နိုင်ပါသည်။

ဆီးကျိတ်အသားစကို အဘယ်ကြောင့် စက်ဖြင့်သေချာချိန်ရွယ်ပြီး ယူသင့်ပါသနည်း။

ဆီးကျိတ်အသားစယူမည့်နေရာကို စက်ဖြင့်သေချာချိန်ရွယ်ပြီးယူခြင်းဖြင့်  ဆီးကျိတ်ကင်ဆာရောဂါရှာဖွေဖော်ထုတ်နိုင်မှုကို အတိကျဆုံးဖြစ်စေပါသည်။

ဆီးကျိတ်သည် သစ်ကြားသီးအရွယ်မျှသာရှိသည်။ ကြိုတင်ရိုက်ကူးထားသော MRI ပုံရိပ်များကို Ultrasound ပုံရိပ်များဖြင့် ပူးတွဲအသုံးပြုပါသည်။ ထိုနည်းလမ်းဖြင့် အသားစယူရမည့်သံသယရှိသည့်ဆီးကျိတ်နေရာကို 3D ပုံစံဖြင့် အထူးကုဆရာဝန်ကြီးမှတွေ့မြင်ရပြီး၊ စက်ဖြင့်သေချာပစ်မှတ်ထားခြင်းကြောင့် အသားစနမူနာကိုတိတိကျကျဖြင့် ရယူနိုင်ပါသည်။ 

စက်ဖြင့်သေချာချိန်ရွယ်၍ယူသောနည်းလမ်းသည် ရောဂါရှာဖွေဖော်ထုတ်နိုင်မည့်အချက်အလက်ပိုရရှိသည့်အတွက် ဆီးကျိတ်ကင်ဆာဟုတ်မဟုတ်အဖြေကို ပို၍သေချာစေပါသည်။ ရရှိလာသောအဖြေစာတမ်းအရ ဆက်လက်စစ်ဆေးစောင့်ကြည့်ရမည်လား (သို့) ချက်ချင်းဆေးကုသမှုခံယူရမည်လားဆိုသည့် ဆုံးဖြတ်ချက်ကိုသေချာစွာချမှတ်နိုင်မည်ဖြစ်ပါသည်။

ခေတ်မှီဆန်းသစ်နည်းပညာအသုံးပြုထားသဖြင့် အသားစနမူနာမည်မျှပင်ယူယူ ထိုးဖောက်ထားသောအရေပြားအပေါက်ငယ် ၂ နေရာမှသာယူပါမည်။ ပိုးဝင်နိုင်ခြေမှာ သုညနီးပါးနည်းပါသည်။

မည်သူတို့ စက်ဖြင့်သေချာချိန်ရွယ်ပြီး ဆီးကျိတ်အသားစယူသင့်ပါသနည်း။

  • PSA သွေးစစ်အဖြေမြင့်နေခြင်း နှင့် လက်ဖြင့်စအိုစစ်ဆေးခြင်းရလဒ်ပုံမှန်မဟုတ်ခြင်း။
  • ယခင်အသားစယူခဲ့သောအဖြေကောင်းသော်လည်း၊ PSA သွေးစစ်အဖြေ တောက်လျှောက်မြင့်နေခြင်း။
  • အမြဲတမ်းစစ်ဆေးစောင့်ကြည့်နေရမည့် ဆီးကျိတ်ကင်ဆာလူနာများ။
  • ဆီးကျိတ်ကင်ဆာရောဂါ စစ်ဆေးဖော်ထုတ်နိုင်မှုကို တိုးတက်ကောင်းမွန်စေခြင်း။ 

စင်ကာပူ Raffles ဆေးရုံတွင် ‌စစ်ဆေးကုသမှုခံယူလိုပါက ‌ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။