
MBChB (Bristol), MRCOG
ကိုယ်ဝန်ဆောင်စဉ်တွင်ဖြစ်ပေါ်သောရောဂါလက္ခဏာများ နှင့် ကိုယ်ဝန်ဆောင်အကျိုးဆက်များ။
Dr Sivananthan သည် အင်္ဂလန် Bristol တက္ကသိုလ်မှ ဆေးဘွဲ့ကိုရရှိခဲ့ပြီး၊ အင်္ဂလန် Oxford တွင် သားဖွားနှင့်မီးယပ်အထူးကု ပညာဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့သည်။ အင်္ဂလန် Oxford, John Radcliffe ဆေးရုံတွင် သားဖွားနှင့်ကိုယ်ဝန်သည်ဆိုင် ရာဆေးပညာ အဆင့်မြင့်အထူးကုသင်တန်းကို တက်ရောက်ခဲ့သည်။ စင်ကာပူ National University Hospital တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
Dr Sivananthan သည် အင်္ဂလန် အထွေထွေဆေးပညာရပ်ကောင်စီ နှင့် စင်ကာပူဆေးပညာရပ်ကောင်စီတို့တွင် မှတ်ပုံတင် ထားသည့် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများဆိုင်ရာတော်ဝင် ကောလိပ်၏အဖွဲ့ဝင်၊ လိင်နှင့်မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးဌာနမှ မိသားစုဘဝကြိုတင်စီစဉ်ရေးဆွဲခြင်း ဒီပလိုမာကိုလည်း ရရှိထားသည်။
Raffles ဆေးရုံ သားဖွားနှင့်မီးယပ်အထူးကုဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ အမျိုးသမီးများကိုယ်ဝန်ဆောင်စဉ်တွင် ဖြစ်တတ်သောရောဂါအခြေအနေများ (ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ လည်ပင်း သိုင်းရွိုက်ရောဂါ၊ နှလုံးရောဂါ) နှင့် ကိုယ်ဝန်ဆောင် အကျိုးဆက်များဖြစ်သည့် ကိုယ်ဝန်ဆောင်စဉ်တွင် သွေးတိုးမြင့်ခြင်း၊ သွေးဆင်းခြင်း၊ သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုနှောင့်နှေးခြင်းများ စသည့်ကုသမှုတို့ကို အထူးစိတ်ဝင်စားသည်။
Dr Sivananthan သည် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အကဲဖြတ်သုံးသပ်သောဂျာနယ်များ (အမေရိကန် သားဖွားနှင့်မီးယပ်အ ထူးကုဂျာနယ်၊ ဆေးပညာရပ်နှင့်ဇီဝဗေဒ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ပညာ) တို့တွင် အကဲဖြတ်စာရေးဆရာ၊ သူမ၏စာတမ်း များကို အပြည်ပြည်ဆိုင်ရာနှင့်ပြည်တွင်းအစည်းအဝေး (FIGO, British International Congress of O&G) တို့တွင်လည်း တင်ပြလျက်ရှိပါသည်။