Dr. Shamini Nair

Dr. Shamini Nair

Dr. Shamini Nair

MBBS (S'pore), MRCOG (UK), FAMS

Raffles သားဖွားနှင့်မီးယပ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

သားအိမ်ခေါင်းနှင့်မိန်းမကိုယ်အင်္ဂါရှိ မပြန့်ပွားသေးသောရောဂါများ၊ သားဖွားနှင့်အထွေထွေမီးယပ်ရောဂါဗေဒ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Shamini Nair သည် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ၁၉၉၄ ခုနှစ်တွင် NUS မှဘွဲ့ရခဲ့ပြီး၊ ၁၉၉၈ ခုနှစ်တွင် MRCOG ကိုရရှိခဲ့သည်။ စင်ကာပူဆေးတက္ကသိုလ် နှင့် စင်ကာပူ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး များဆိုင်ရာကောလိပ်၏ အဖွဲ့ဝင်လည်းဖြစ်သည်။

ဒေါက်တာ Shamini သည် ယခင်က KKWCH အထွေထွေသားဖွားနှင့်မီးယပ်အထူးကုဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ လူနာများအတွက် ထူးခြားပြောင်မြောက်သောဝန်ဆောင်မှုများအတွက် ဆုအမြောက် အမြားလက်ခံရရှိခဲ့ဖူးသည်။ Heart Exemplary Award 2005, Excellent Service Silver Award 2006, Excellent Service Gold Award 2008 and Excellent Service Star Award 2009 စသည့်ဆုများကိုလက်ခံရရှိခဲ့ပါသည်။ ဒေါက်တာ Shamini သည် Duke-NUS ဆေးကျောင်းတွင် တွဲဖက်ပါမောက္ခ နှင့် NUS, Yong Loo Lin ဆေးကျောင်းတွင် လက်တွေ့နည်းပြဆရာမ ဖြစ်သည်။ Duke-NUS ဆေးကျောင်း နှင့် Yong Loo Lin ဆေးကျောင်းတို့တွင် စာစစ်လည်းဖြစ်သည်။

ဒေါက်တာ Shamini သည် ၂၀၀၄ မှ ၂၀၀၈ ခုနှစ်အထိ စင်ကာပူ သားဖွားနှင့်မီးယပ်အထူးကုဆိုင်ရာအဖွဲ့အစည်း (OGSS) တွင် အလုပ်အမှုဆောင်ကောင်စီအဖွ့ဲဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ OGSS ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ ထို့အပြင် စင်ကာပူ Colposcopy & Cervical Pathology အဖွဲ့အစည်း နှင့် စင်ကာပူဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတို့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ သားဖွားနှင့်မီးယပ်အထူးကုဗေဒအပြင် ဒေါက်တာ Shamini သည် သားအိမ်ခေါင်းနှင့်မိန်းမကိုယ်အင်္ဂါရှိ မပြန့်ပွား သေးသောရောဂါများ၊ ကိုယ်ဝန်ဆောင်ပြုစုကုသရေး၊ မီးယပ်ဆိုင်ရာ နှင့် ဖြစ်နိုင်သမျှအနည်းဆုံးထိုးဖောက်ခွဲစိတ်မှု၊ မိသားစု ဘဝကြိုတင်စီစဉ်ရေးဆွဲခြင်းနှင့်သန္ဓေတားခြင်း၊ မျိုးမအောင်ခြင်း နှင့် သွေးဆုံးပြီးပြဿနာများကုသခြင်းတို့တွင်လည်း အထူးစိတ်ဝင်စားသည်။