Dr. Seng Shay Way

Dr. Seng Shay Way

Dr. Seng Shay Way

MB Bch (Ireland), MRCOG (UK)

Raffles ဖန်ပြွန်သန္ဓေသားနှင့်မျိုးပွားခြင်းအထူးကုဌာန။

Raffles သားဖွားနှင့်မီးယပ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ဖန်ပြွန်သန္ဓေသား (IVF) နှင့် မျိုးပွားခြင်းဆိုင်ရာဆေးကုသမှုပညာရပ်။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Seng Shay Way သည် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ဒေါက်တာ Seng သည် အိုင်ယာလန် ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်မှဘွဲ့ရခဲ့သည်။ လန်ဒန် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ တော်ဝင် ကောလိပ်သို့ဝင်ခွင့်မရမှီ TTSH နှင့် KKH ဆေးရုံတို့တွင် သားဖွားနှင့်မီးယပ်လက်တွေ့အထူးကုသင်တန်းကိုတက်ရောက်ခဲ့ သည်။ အင်္ဂလန် Royal Hallamshire ဆေးရုံ မျိုးပွားခြင်းဆေးပညာရပ်ဆိုင်ရာဌာနတွင် MOH HMDP ပညာသင်ဆုဖြင့် အထူးကုသင်တန်းကိုပြီးမြောက်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် New South Wales တက္ကသိုလ်မှ မျိုးပွားခြင်းဆေးပညာရပ် ဘွဲ့လွန်မာစတာဒီဂရီကို ထပ်မံရရှိခဲ့သည်။

ဒေါက်တာ Seng သည် မျိုးပွားခြင်းပုံမမှန်ခြင်းများနှင့်မျိုးမအောင်ခြင်း ကုသမှုနှင့်သင်ကြားမှုတို့တွင် ၁၅ နှစ်ကျော်ကျွမ်းကျင်မှု အတွေ့အကြုံရှိသော MOH အသိအမှတ်ပြု မျိုးပွားခြင်းဆိုင်ရာအထူးကုဆရာဝန်ကြီးဖြစ်သည်။ ၂၀၀၁ မှ ၂၀၀၃ ခုနှစ်အထိ စင်ကာပူသားဖွားနှင့်မီးယပ်ဗေဒအဖွဲ့အစည်း (OGSS) အလုပ်အမှုဆောင်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခု လက်ရှိ OGSS ၏အဖွဲ့ဝင်ဖြစ်သည်။ စင်ကာပူ Colposcopy & Cervical Pathology အဖွဲ့အစည်း၏အဖွဲ့ဝင်လည်းဖြစ်သည်။ Sree Narayana Home for the Aged Sick and the Meranti home in Pelangi village စောင့်ရှောက်ရေးဂေဟာတို့၏ လူမှုဖူလုံရေးကော်မတီအဖွ့ဲဝင်လည်းဖြစ်သည်။ ထို့အပြင် ဒေါက်တာ Seng သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မှတ်ပုံတင် ထားသည့်ဆရာဝန်လည်းဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်ကတည်းက ရှန်ဟိုင်း United Family Hospitals တွင် မျိုးပွားခြင်းဆိုင်ရာ ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးလည်းဖြစ်သည်။

ဒေါက်တာ Seng သည် KKH ၌ ဘွဲ့လွန်ဒီဂရီသင်ကြားရေးတွင်ပါဝင်လျက်ရှိသည်။ Polycystic Ovaries Syndrome (PCOS)၊ ခဏခဏကိုယ်ဝန်ပျက်ကျခြင်းများ၊ ဖန်ပြွန်သန္ဓေသား (IVF) cycles တွင် antagonist အသုံးပြုခြင်း၊ သားအိမ်အတွင်းနံရံ တစ်သျှူးပုံမမှန်ကြီးထွားခြင်း ကုသမှုနှင့်ခွဲစိတ်မှုတို့ကို အထူးစိတ်ဝင်စားသည်။ မျိုးပွားနိုင်ရန်ကုသမှုနှင့်ထိခိုက်ပျက်စီးခြင်း မရှိရန် အလေးပေးသော မီးယပ်ဆိုင်ရာခွဲစိတ်မှုများကို ဝမ်းဗိုက်မှခွဲစိတ်နည်း နှင့် ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်နည်း သင်တန်းကိုလည်း တက်ရောက်ခဲ့ပြီးဖြစ်သည်။