Dr. Lynette Low

Dr. Lynette Low

Dr. Lynette Low

MBBS (UK), MRCP (UK), FAMS

Raffles အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အမျိုးသားနှင့်အမျိုးသမီးကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာကျန်းမာရေး၊ အသားအရေနှင့်အလှအပပိုင်းဆိုင်ရာ၊ လူကြီးနှင့်ကလေး အထွေထွေအရေပြားအထူးကုဗေဒ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Lynette Low သည် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် အရေပြားအထူးကုဆရာဝန်ကြီးဖြစ်ပါ သည်။ ၂၀၀၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် Queen Mary မှ ဘွဲ့ရခဲ့ပြီး၊ အင်္ဂလန် အထွေထွေဆေးကောင်စီတွင် မှတ်ပုံတင် ထားပါသည်။ ဆေးပညာအထူးကုဗေဒသင်တန်းပြီးမြောက်ခဲ့သည့် အင်္ဂလန်ကျန်းမာရေးဌာနတွင် အငယ်တန်းဆရာဝန်များ၏ ကိုယ်စားလှယ်လည်းဖြစ်ခဲ့ဖူးသည်။

ဒေါက်တာ Low သည် လူနာပြုစုကုသမှုတွင် နိုင်ငံတကာအတွေ့အကြုံရှိပါသည်။ လန်ဒန်ရှိ Ambrose King ဌာန၊ Bart’s လိင်ပိုင်းဆိုင်ရာကျန်းမာရေးဌာနအပြင် St Mary ဆေးရုံ အရေပြားဌာန နှင့် လန်ဒန် Imperial ကောလိပ်ရှိ ကလေး၊ အမျိုးသမီး အင်္ဂါဇတ် နှင့် အရေပြားကင်ဆာဌာနတို့တွင်သင်တန်းရရှိခဲ့သည်။ ဘော်စတွန် Massachusetts’s အထွေထွေဆေးရုံ၊ St Vincent’s ဆေးရုံအပြင် သြစတေးလျ Melbourne ရှိ အရေပြားနှင့်ကင်ဆာအဖွဲ့အစည်းတို့တွင် လေ့လာသင်ယူခဲ့ပါသည်။ မကြာသေးမှီက စင်ကာပူ KK အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံ အမျိုးသမီးအင်္ဂါဇတ်ဌာနတွင် သင်တန်းပေးခဲ့သည်။

၂၀၀၉ ခုနှစ်တွင် အင်္ဂလန်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်၏အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရခဲ့ပြီးနောက် စင်ကာပူသို့ ပြန်လာ၍ ၂၀၁၁-၂၀၁၄ ခုနှစ် အမျိုးသားအရေပြားဌာနတွင် အဆင့်မြင့်အထူးကုသင်တန်းပြီးစီးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် စင်ကာပူဆေးတက္ကသိုလ်တွင် အဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရခဲ့သည်။ စင်ကာပူအရေပြားဆိုင်ရာအဖွဲ့အစည်း နှင့် အမေရိကန် အလှအပဆိုင်ရာဆေးတက္ကသိုလ်တို့တွင် အဖွဲ့ဝင်လည်းဖြစ်သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ စင်ကာပူအမျိုးသားအရေပြားဌာန နှင့် Khoo Teck Puat ဆေးရုံတွင် အရေပြား အထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လိင်မှတဆင့်ကူးစက်သောရောဂါထိန်းချုပ်သည့်ဌာနရှိ အမျိုးသမီး ဆေးခန်းနှင့်အထွေထွေဆေးခန်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှခန့်အပ်သော ဆေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
ဒေါက်တာ Low သည် လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော သိပ္ပံဂျာနယ်များတွင် ဆောင်းပါးရေးသားထုတ်ဝေလျက်ရှိပြီး၊ ပြည်တွင်းပြည်ပဆွေးနွေးပွဲများတွင်လည်း ဖိတ်ကြားခြင်းခံရခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စင်ကာပူ၌ပြုလုပ်သော အရေပြားရောဂါ ဗေဒဆွေးနွေးပွဲညီလာခံတွင် မှတ်တမ်းအစီရင်ခံတင်ပြမှုအကောင်းဆုံးဆုကို ဒေါက်တာ Jean Bolognia မှ ချီးမြှင့်ခဲ့သည်။ စင်ကာပူအမျိုးသားတက္ကသိုလ် Yong Loo Lin ဆေးကျောင်း နှင့် Lee Kong Chian ဆေးကျောင်းတို့တွင် ကထိက၊ စာစစ်သူ နှင့် လက်တွေ့နည်းပြဆရာလည်းဖြစ်ပါသည်။

ဝက်ခြံ၊ ဆံပင်ကျွတ်ခြင်း နှင့် လိင်အင်္ဂါအရေပြားရောဂါ စသည့်အမျိုးသားနှင့်အမျိုးသမီးကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အမာရွတ်၊ မှဲ့ခြောက် နှင့် ဆေးမှင်ကြောင်ဖျက်ခြင်း စသည့်အရေပြားနှင့်အလှအပပိုင်းဆိုင်ရာကုသမှုတို့ကို အထူးစိတ်ဝင်စားသည်။ နှင်းခူရောဂါ၊ မှဲ့စစ်ဆေးခြင်း၊ ကြမ်းထော်သောအနီပိန့်များ၊ ယားယံသောအဖုအပိန့်အင်ပြင်များ နှင့် သမင်ဖြူရောဂါ စသည့်လူကြီးနှင့်ကလေးဆိုင်ရာ အထွေထွေအရေပြားရောဂါတို့ကိုလည်း ကုသပေးလျက်ရှိပါသည်။