Dr. Low Teck Boon

Dr. Low Teck Boon

Dr. Low Teck Boon

MB BCh BAO, LRCP & SI (Ireland), MRCP (Ireland)

Raffles ဆေးပညာအထူးကုဌာန။

အဆုတ်အထူးကုပညာရပ်

လက်တွေ့စိတ်ဝင်စားမှု

နာတာရှည်ချောင်းဆိုးခြင်း၊ အဆုတ်ပန်းနာရင်ကြပ်၊ နာတာရှည်အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းရောင်ခြင်း၊ အဆုတ်ကင်ဆာ နှင့် လေပြွန်မှန်ပြောင်းကြည့်ခြင်းဖြင့်ရောဂါစစ်ဆေးဖော်ထုတ်ခြင်း။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Low သည် အဆုတ်အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ အိုင်ယာလန်ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင် ကောလိပ်မှ ဂုဏ်ထူးဖြင့်ဘွဲ့ရခဲ့ပြီး၊ အထွေထွေဆေးပညာရပ် နှင့် အဆုတ်အထူးကုပညာရပ် သင်တန်းနှစ်ခုလုံးကို အိုင်ယာလန်တွင်ပြီးဆုံးခဲ့သည်။ ပါရဂူဘွဲ့ကို အိုင်ယာလန်ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်မှ သုတေသန စာတမ်းဖြင့်ရရှိခဲ့သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Low သည် ချန်ဂီအထွေထွေဆေးရုံ အဆုတ်နှင့်အရေးပေါ် အထူးကုဌာနတွင် အဆုတ်အထူးကုဆရာဝန်ကြီး နှင့် အကြီးတန်းအတိုင်ပင်ခံဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ အိုင်ယာလန်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ် နှင့် စင်ကာပူဆေးတက္ကသိုလ်တို့၏ အဖွဲ့ဝင်ဖြစ်သည့် အလျောက် NUS Yong Loo Lin ဆေးကျောင်းတွင် အကြီးတန်းကထိက၊ SingHealth PGY1 Residency တွင် နည်းပြဆရာ၊ SingHealth အဆုတ်အထူးကုပညာရပ်၏ အဓိကနည်းပြ နှင့် ယခင်ကတွဲဖက်ဒါရိုက်တာဖြစ်ခဲ့ဖူးသည်။

၂၀၁၄/၂၀၁၅ နှင့် ၂၀၁၆/၂၀၁၇ တွင် SingHealth Excels (RiSE) ထူးချွန်ဆု နှင့် ချန်ဂီအထွေထွေဆေးရုံ၏ ဘွဲ့လွန်ဆေးပညာရပ်သင်ကြားရေးတွင် အကောင်းဆုံးနည်းပြဆုတို့ကို ချီးမြှင့်ခြင်းခံရခဲ့သည်။ ထို့အပြင် လုပ်ဖော်ကိုင် ဖက်အချင်းချင်းသုံးသပ်သောစာမူများကိုရေးသားထုတ်ဝေလျက်ရှိပြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော ဂျာနယ်များတွင် စာပေဝေဖန်ရေးသမားအဖြစ်ဆောင်ရွက်လျက်ရှိပါသည်။

ဒေါက်တာ Low သည် နာတာရှည်ချောင်းဆိုးခြင်း၊ အဆုတ်ပန်းနာရင်ကြပ်၊ နာတာရှည်အဆုတ်ရောဂါ၊ အသက်ရှူ လမ်းကြောင်းရောင်ခြင်း၊ အဆုတ်ကင်ဆာ နှင့် လေပြွန်မှန်ပြောင်းကြည့်ခြင်းဖြင့်ရောဂါစစ်ဆေးဖော်ထုတ်ခြင်းတို့ကို အထူးစိတ်ဝင်စားသည်။