Dr. Jeffrey Sng Hong Cheong

Dr. Jeffrey Sng Hong Cheong

Dr. Jeffrey Sng Hong Cheong

BDS (S'pore), MDS Prosthodontics (S'pore), MRD RCS Prosthodontics (Edinburgh), FDS RCS (Edinburgh) FAMS (Prosthodontics)

Raffles သွားနှင့်ခံတွင်းအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

သွားအံကပ်အစားထိုးခြင်း၊ အံကပ်အသေနှင့်အရှင်၊ အားလျော့နေသည့်သွားများကိုအစွပ်ထည့်ခြင်း၊ သွားမရှိသောနေရာတွင် အစားထည့်ခြင်း၊ သွားအလှဆိုင်ရာအတွက် veneers ထည့်ခြင်း၊ ဖြုတ်ရလွယ်သောသွားအစွပ်များ၊ ရှုပ်ထွေးသောသွားအံကပ် အခြေအနေ၊ ပါးစပ်တစ်ခုလုံးပြန်လည်ပြင်ဆင်ခြင်း၊ temporomandibular joint ပုံမမှန်ခြင်းကုသမှု။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Jeffrey Sng သည် Prosthodontics အထူးပြုသွားအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ဆေးတက္ကသိုလ်၊ FAMS Prosthodontics တို့၏အဖွဲ့ဝင်ဖြစ်ပါသည်။ Edinburgh ခွဲစိတ်ဆရာဝန်ကြီးများဆိုင်ရာတော်ဝင်ကောလိပ် (MRD RCSed Prosthodontics, FDS RCSed) ၊ စင်ကာပူသွားအံကပ်အဖွဲ့အစည်း၊ စင်ကာပူသွားအလှဆိုင်ရာအဖွဲ့အစည်း နှင့် စင်ကာပူ သွားအဖွဲ့အစည်းတို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။

ဒေါက်တာ Jeffrey Sng သည် ၂၀၀၄ ခုနှစ်တွင် NUS မှ သွားခွဲစိတ်ဆိုင်ရာဘွဲ့ကိုရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်နောက်ဆုံးနှစ် NUS သွားဘက်ဆိုင်ရာဆေးပညာဌာန သုတေသနပရောဂျက်တွင် ပထမဆုရရှိခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာသွားသုတေသန အဖွဲ့အစည်း SEA ကဏ္ဍ လက်တွေ့ကုသမှုအပိုင်းတွင် ပထမရရှိခဲ့သည်။

စင်ကာပူ National Dental Centre နှင့် ချန်ဂီအထွေထွေဆေးရုံတို့တွင် အထွေထွေသွားအထူးကုဆရာဝန်အဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊ ဒေါက်တာ Sng စိတ်ဝင်စားသည့် သွားအံကပ်အထူးပြုခြင်းပညာကို ဆက်လက်ဆည်းပူးခဲ့ သည်။ ဘွဲ့လွန်သင်တန်းကို ၃ နှစ်ကြာတက်ရောက်ပြီးနောက် ၂၀၀၉ ခုနှစ်တွင် သွားအံကပ်ဆိုင်ရာသွားခွဲစိတ်မှုမဟာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် Edinburgh ခွဲစိတ်ဆရာဝန်ကြီးများတော်ဝင်ကောလိပ်အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ MRD RCSed Prosthodontics ကိုလည်းရရှိခဲ့သည်။

သွားအံကပ်လေ့လာမှုပြီးဆုံးပြီးနောက် ဒေါက်တာ Sng သည် NDCS ၌ ဆက်လက်၍တာဝန်ထမ်းဆောင်ခဲ့သည်။ NDCS ၌ စာသင်ကြားပေးခြင်း၊ သင်တန်းပေးခြင်းတို့တွင် တက်ကြွစွာပါဝင်ခဲ့သည်။ သွားအထူးကုသင်တန်းသားများ၏ ကထိက နှင့် စာစစ်သူလည်းဖြစ်သည်။ ဒေါက်တာ Sng သည် ယခုလက်ရှိ NUS သွားပညာရပ်ဌာနတွင် စာသင်ကြားပို့ချလျက်ရှိသည်။

ဒေါက်တာ Sng သည် အားလျော့နေသည့်သွားများကိုအစွပ်ထည့်ခြင်း၊ သွားမရှိသောနေရာတွင် အစားထည့်ခြင်း၊ သွားအလှဆိုင်ရာအတွက် veneers ထည့်ခြင်း၊ ဖြုတ်ရလွယ်သောသွားအစွပ်များ၊ ရှုပ်ထွေးသောသွားအံကပ်အခြေအနေ၊ ပါးစပ်တစ်ခုလုံးပြန်လည်ပြင်ဆင်ခြင်း၊ temporomandibular joint ပုံမမှန်ခြင်း ကုသမှုတို့ကိုအထူးကျွမ်းကျင်သည်။
လူနာများအား တသားတည်း အထူးဂရုစိုက်ကုသပေးမှုကြောင့် ဒေါက်တာ Sng သည် ၂၀၁၁ ခုနှစ်တွင် စင်ကာပူကျန်းမာရေး အရည်အသွေးပြည့်ဝန်ဆောင်မှုဆုကို ချီးမြှင့်ခြင်းခံရခဲ့သည်။