
Paediatric Medicine; Paediatric Nephrology
ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ဆီးအဖြေပုံမှန်မဟုတ်ခြင်းများ (ဆီးတွင်သွေး/ပရိုတင်းပါခြင်း)၊ ဆီးသွားပုံမမှန်ခြင်းများ၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါလက္ခဏာစုများ၊ ကျောက်ကပ်ရောင်ခြင်း၊ သွေးတိုးရောဂါ၊ မမွေးဖွားမီနှင့်သန္ဓေသား လောင်းတို့တွင် မျိုးရိုးကြောင့်ဖြစ်သောကျောက်ကပ်ရောဂါ၊ နာတာရှည်ကလေးကျောက်ကပ်ရောဂါ။
ဒေါက်တာ Isaac Liu သည် ကလေးအထူးကုဆရာ၀န်ကြီးဖြစ်ပြီး၊ ကျောက်ကပ်ဆေးခြင်း နှင့် ကျောက်ကပ်အစားထိုး ကုသခြင်းတို့တွင် အတွေ့အကြုံရှိသည့် ကလေးကျောက်ကပ်ဆရာ၀န်ကြီးလည်းဖြစ်ပါသည်။ MBBS ဆေးဘွဲ့ နှင့် ကလေးဆေးပညာရပ်မဟာဘွဲ့ကို NUS မှရရှိခဲ့ပြီး၊ အင်္ဂလန်ကလေးကျန်းမာရေးတော်၀င်ကောလိပ်၏အသင်း၀င် လည်းဖြစ်သည်။ ကလေးအထူးကုသင်တန်းကို NUH နှင့် KK အမျိုးသမီးနှင့်ကလေးဆေးရုံတို့တွင် ပြီးစီးခဲ့ပါသည်။ လီကွမ်ယူးပညာသင်ဆုဖြင့် ကလေးကျောက်ကပ်ရောဂါပညာရပ်တွင် PhD ဘွဲ့ကိုရရှိခဲ့ပါသည်။
Raffles ဆေးရုံတွင်တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Liu သည် NUH ဆေးရုံ ကလေးကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ဆေးခြင်း နှင့် ကျောက်ကပ်အစားထိုးကုသခြင်းဌာနတွင် အတိုင်ပင်ခံဆရာ၀န်ကြီးဖြစ်ပြီး၊ NUS ရှိ Yong Loo Lin ဆေးကျောင်း၏ လက်ထောက်ပါမောက္ခလည်းဖြစ်ပါသည်။ အရှေ့တောင်အာရှကိုယ်စားပြုအနေဖြင့် နိုင်ငံတကာကလေးကျောက်ကပ်ရောဂါအဖွဲ့အစည်းတွင် အငယ်တန်းကောင်စီ၀င်အဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိ ပြီး၊ လူငယ်တရားရုံးတွင်လည်း အကြံပေးခုံအဖွဲ့၀င်အဖြစ်ပါ၀င်လျက်ရှိပါသည်။
ဒေါက်တာ Liu သည် မွေးကင်းစနှင့်ကလေးအထွေထွေရောဂါကုသခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုကိုစစ်ဆေးအကဲဖြတ် ပေးခြင်း နှင့် ကာကွယ်ဆေးထိုးပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ ထို့ပြင် သူ၏အထူးပြုပညာရပ်ဖြစ်သည့် ကလေးကျောက်ကပ်နှင့်ဆိုင်သောပုံမမှန်ခြင်းများ၊ ဆီးလမ်းကြောင်းမကြာခဏပိုး၀င်ခြင်း၊ ဆီးသွားကြိမ်ရေများခြင်း၊ အိပ်ပျော်နေစဥ်ဆီးပေါက်ခြင်းများ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါလက္ခဏာစုများ၊ ကျောက်ကပ် ရောင်ခြင်း၊ မမွေးဖွားမီနှင့်သန္ဓေသားလောင်းတို့တွင် မျိုးရိုးကြောင့်ဖြစ်သောကျောက်ကပ်ရောဂါ၊ နာတာရှည် ကလေးကျောက်ကပ်ရောဂါတို့ကိုလည်း ကုသပေးလျက်ရှိပါသည်။
ဒေါက်တာ Liu သည် ဆေးကုသမှုဆိုင်ရာလက်တွေ့အတွေ့အကြုံကို သုတေသနအတွေ့အကြုံတို့ဖြင့်ပေါင်းစပ်၍ ကလေးကျောက်ကပ်ရောဂါနှင့်ဆိုင်သည့်အကြောင်းအရာအမျိုးမျိုးကို လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော နိုင်ငံတကာဂျာနယ်များတွင် ပါ၀င်ရေးသားလျက်ရှိပါသည်။
ဒေသဆိုင်ရာ ကလေးကျောက်ကပ်ရောဂါလမ်းညွှန် စာအုပ်၏တွဲဖက်စာရေးသူလည်းဖြစ်ပါသည်။ Singapore Young Investigator ၊ International Paediatric Nephrology Association Nature Reviews Nephrology Research ၊ ExxonMobil Fellowship နှင့် Ministry of Health Healthcare Research Fellowship ဆုတို့ကိုရရှိခဲ့ပါသည်။