Dr Eberta Tan Jun Hui

Dr Eberta Tan Jun Hui

Dr Eberta Tan Jun Hui

MBBS (S’pore), MRCP (UK)

လက်တွေ့စိတ်၀င်စားမှု

အမျိုးအစား ၁ ဆီးချိုရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ နှင့် ကိုယ်၀န်ဆောင်ဆီးချိုရောဂါ။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Tan သည် ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်တွင် စင်ကာပူ National University of (NUS) မှဘွဲ့ရခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် UK Royal College of Physicians တွင်အသင်းဝင်ဖြစ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ဆီးချိုနှင့်‌‌ဟော်မုန်းရောဂါပညာရပ်ဘွဲ့လွန်သင်တန်းပြီးဆုံးခဲ့ပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ၊ ကိုယ်ဝန်မဆောင်မှီဆီးချိုရောဂါကုသပေးသည့် ယူကေ the Leeds ဆေးရုံများ နှင့် အင်ဆူလင်စက်သုံးဆေးခန်းများတွင် လက်တွေ့သင်တန်းဆင်းခဲ့ပါသည်။

ဒေါက်တာ Tan သည် ချန်ဂီအထွေထွေဆေးရုံ (CGH) တွင် ၂၀၁၄ မှ ၂၀၂၁ ခုနှစ်အထိ Endocrinology ဌာနတွင် အတိုင်ပင်ခံဆရာ၀န်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၁၅ မှ ၂၀၂၁ ခုနှစ်အထိ CGH ရှိ Diabetes Mellitus Center ၏ လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးအဆင့်ထိ တာ၀န်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ SingHealth Duke-NUS Diabetes Center ကိုပူးတွဲဦးဆောင်ခဲ့သည်။ သူမသည် ကိုယ်ဝန်ဆောင်ဆီးချိုကုသမှု၊ အထူးကြပ်မတ်အင်ဆူလင်ကုထုံး နှင့် CGH ရှိ အင်ဆူလင်စက်သုံးဆေးခန်းများတွင် ခေါင်းဆောင်ဆရာ၀န်အနေဖြင့်လုပ်ခဲ့ဖူးပါသည်။

ဒေါက်တာ Tan သည် MOH Singapore Healthcare Improvement Network လက်အောက်ရှိ အတွင်းလူနာ Hypoglycemia Prevention Taskforce ၏ တွဲဖက်ခေါင်းဆောင်ဖြစ်ပြီး၊ သူမ၏အဖွဲ့သည် အတွင်းလူနာများ၏ သွေးတွင်းအချိုဓာတ်ကျဆင်းမှု hypoglycemia ကိုသိသာထင်ရှားစွာ လျှော့ချပေးနိုင်ခြင်း နှင့် အတွင်းလူနာများ၏ သွေးတွင်းအချိုဓာတ်ကျဆင်းမှုကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်ချက်တို့အတွက် ဆုများစွာကို ချီးမြှင့်ခံခဲ့ရပါသည်။ လူနာပြုစုကုသမှုတွင် သူမ၏စံနှုန်းမြှင့်၀န်ဆောင်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ် တွင် Singapore Health Quality Service Award (Gold) ကိုရရှိခဲ့ပါသည်။ အင်ဆူလင်ကုထုံးကို ကောင်းစွာသုံးတတ်လာစေရန်ရည်ရွယ်၍ လူနာများအတွက် ပညာပေးအလုပ်ရုံဆွေးနွေးပွဲများကိုလည်း သူနာပြုဆရာမများနှင့် အစာအာဟာရပညာရှင်များအဖွဲ့နှင့်အတူလုပ်ပေးခဲ့ပါသည်။ လူနာများကိုပညာပေးခြင်း၊ ဆီးချိုရောဂါနည်းပညာကို ထိရောက်စွာအသုံးပြုနိုင်အောင် သင်ကြားပေးခြင်းတို့သည် အကောင်းဆုံးရလဒ်များအတွက် အဓိကသော့ချက်ဖြစ်ကြောင်း သူမက ပြင်းပြင်းထန်ထန်ယုံကြည်ပါသည်။

ဒေါက်တာ Tan သည် NUS Yong Loo Lin ဆေးကျောင်းတွင် ဆေးဘက်ဆိုင်ရာ အကြီးတန်းကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Lee Kong Chian ဆေးကျောင်းတွင် လက်တွေ့ဆရာ၀န်အဖြစ်ဦးဆောင်ခဲ့သည်။ SingHealth Endocrinology Senior Residency Programme တွင် Clinical Core Faculty ၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်။

သူမ၏ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတွင် ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သိုင်းရွိုက်ချို့ယွင်းခြင်း၊ androgen ၊ adrenal နှင့် pituitary ရောဂါကဲ့သို့သော ဟော်မုန်းဆိုင်ရာရောဂါများကို ရှာဖွေခြင်းနှင့်ကုသခြင်းတို့ပါဝင်သည်။ ဒေါက်တာ Tan ၏ အထူးစိတ်ဝင်စားမှုများမှာ အမျိုးအစား ၁ ဆီးချိုရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ နှင့် ကိုယ်၀န်ဆောင်ဆီးချိုရောဂါတို့ဖြစ်သည်။ သူမသည် အင်ဆူလင်စက်နှင့် စဉ်ဆက်မပြတ်ဂလူးကို့စ်စောင့်ကြည့်ရေးကိရိယာများ အသုံးပြုရန် လိုအပ်သော လူနာများနှင့်ကိုယ်၀န်ဆောင်များကို ပြုစုကုသပေးရန် အမြဲတမ်းအဆင်သင့်ရှိနေပါသည်။