Dr. Chu Hui Ping

Dr. Chu Hui Ping

Dr. Chu Hui Ping

Raffles ကလေးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ကလေးအထူးကုဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါဗေဒ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Chu Hui Ping သည် ကလေးအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ဒေါက်တာ Chu သည် ၂၀၀၁ ခုနှစ်တွင် NUS မှ MBBS ဆေးဘွဲ့ဖြင့်အောင်မြင်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် MRCPCH (UK) ကိုရရှိခဲ့သည်။ ကလေးအထူးကုသင်တန်းကို KKH မှ ပြီးမြောက်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် အထူးကုတရားဝင်အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့သည်။

၂၀၁၀ ခုနှစ်တွင် MOH HMDP ဆု ကိုချီးမြှင့်ခြင်းခံရခဲ့ပြီး၊ လန်ဒန် Great Ormond Street ဆေးရုံတွင် ကလေးအထူးကုဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်း အပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါဗေဒ နှင့် အစာအာဟာရဗေဒ၊ King’s College ဆေးရုံတွင် ကလေးအထူးကု ဆိုင်ရာအသည်းရောဂါဗေဒ အဆင့်မြင့်အထူးကုသင်တန်းတို့ကို တက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Yong Loo Lin ဆေးကျောင်းမှ အရေပြားရောဂါဗေဒ ဒီပလိုမာကိုလည်းပြီးမြောက်ခဲ့သည်။

Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်စဉ်၌ ဒေါက်တာ Chu သည် KKH ၌ ကလေးအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကု ဆိုင်ရာ အစာအိမ်နှင့်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ၊ ပန်ကရိယရောဂါဗေဒ နှင့် အစာအာဟာရဗေဒဝန်ဆောင်မှု အထူးကုဆရာဝန်ကြီးတို့အနေဖြင့်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ကလေးကာကွယ်ဆေးထိုးခြင်းများ၊ ဖွံ့ဖြိုးကြီးထွားမှု စစ်ဆေးပေးခြင်း နှင့် အထွေထွေဖျားနာခြင်းများ စသည်တို့ကိုလည်းကုသပေးလျက်ရှိပါသည်။

ဒေါက်တာ Chu သည် ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ်နှင့်အစာမျိုပြွန်လမ်းကြောင်းဆိုင်ရာရောဂါ၊ အစာဓာတ်မ တည့်ခြင်းများ၊ အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ နှင့် အစာကျွေးခြင်းဆိုင်ရာပြဿနာများ စသည်တို့ကိုအထူးစိတ်ဝင်စား သည်။ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အူမကြီးမှန်ပြောင်းကြည့်ခြင်းအပြင်၊ 24 hour pH and impedance studies in children တို့တွင်လည်းအတွေ့အကြုံရှိပါသည်။