
MBBS (S’pore), MRCP (UK), FAMS
အထွေထွေနှင့်အလှအပဆိုင်ရာအရေပြားအထူးကုဗေဒ၊ အရေပြားနှင့်အလှအပဆိုင်ရာလေဆာဖြင့်ခွဲစိတ်ခြင်း၊ မျက်နှာကိုနုပျို စေခြင်း (IPL, Skin-tightening lasers, Botox, Fillers) ၊ဆံပင်နှင့်လက်သည်းပုံမမှန်ခြင်းများ၊ လိင်ကြောင့်ကူးစက်သော ရောဂါများ။
ဒေါက်တာ Chris Foo သည် အရေပြားအထူးကုဆရာဝန်ကြီးဖြစ်ပြီး၊ Raffles အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန၏ Managing Partner လည်းဖြစ်သည်။ နေရောင်ကြောင့်အရေပြားအရောင်ပြောင်းခြင်း နှင့် အရေပြားဆိုင်ရာလေဆာကုထုံး တို့ကိုအထူးစိတ်ဝင်စားသည်။
အလှအပဆိုင်ရာအရေပြားပြဿနာများဖြစ်သည့် ဝက်ခြံအမာရွတ်များ၊ အရေပြားတင်းစေခြင်း၊ အမွေးအမျှင်ဖယ်ရှားခြင်း၊ မျက်နှာအသားအရေကိုနုပျိုစေခြင်း၊ botox/fillers ထိုးပေးခြင်း နှင့် အရေပြားကင်ဆာများအတွက်အရေပြားခွဲစိတ်မှုတို့ကို အထူးစိတ်ဝင်စားသည်။ လိင်ကြောင့်ကူးစက်သည့်ရောဂါများ၊ ဆံပင်၊ လက်သည်းခြေသည်းပြဿနာများ ကုသမှုတို့တွင် များစွာအတွေ့အကြုံရှိသည်။
အထွေထွေအရေပြားရောဂါများဖြစ်သည့် နှင်းခူရောဂါ၊ ကြမ်းထော်သောအနီပိမ့်များထသည့်အရေပြားရောဂါ၊ ဝက်ခြံ၊ ယားယံသောအဖုအပိန့်အင်ပြင်များ၊ သမင်ဖြူရောဂါ နှင့် အရေပြားကင်ဆာစစ်ဆေးခြင်းတို့ကိုလည်း ကုသလုပ်ဆောင် ပေးလျက်ရှိပါသည်။
ဒေါက်တာ Foo သည် ယခင်က အမျိုးသားအရေပြားစင်တာတွင် အတိုင်ပင်ခံအထူးကုဆရာဝန်ကြီး နှင့် စင်ကာပူအမျိုးသား တက္ကသိုလ် (NUS) တွင် လက်တွေ့နည်းပြဆရာတို့ဖြစ်ခဲ့သည်။ စင်ကာပူအထွေထွေဆေးရုံကြီးတွင်လည်း ဧည့်အတိုင်ပင်ခံ အရေပြားအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။