Dr. Bernard Lin Kuo Hung

Dr. Bernard Lin Kuo Hung

Dr. Bernard Lin Kuo Hung

MBBS (S’pore), MRCS (Edin), M Med (Ortho), FRCS (Edin)

Raffles အရိုးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ပုခုံးနှင့်ဒူးအရွတ်တို့ကို မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း၊ အားကစားလုပ်ခြင်းကြောင့်ရရှိသောဒဏ်ရာများ၊ ပုခုံးနှင့်ဒူးအစားထိုးခွဲစိတ်ခြင်း များ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Bernard Lin သည် အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ NUS မှ ၂၀၀၀ ခုနှစ်တွင်ဘွဲ့ရခဲ့ပြီး၊ ၂၀၀၆ ခုနှစ် တွင်အရိုးခွဲစိတ်ကုသမှုမဟာဘွဲ့ကိုရရှိခဲ့သည်။ Edinburgh ခွဲစိတ်ဆရာဝန်ကြီးများဆိုင်ရာတော်ဝင်ကောလိပ်မှ အရိုးခွဲစိတ် ကုသမှုပိုင်းတွင် MRCS နှင့် FRCS တို့ကိုလည်းရရှိခဲ့သည်။

အီတလီ Concordia ဆေးရုံတွင် အားကစားဆိုင်ရာဆေးပညာရပ် နှင့်ခွဲစိတ်ပိုင်းလက်တွေ့အဖွဲ့ဝင်သင်တန်းကိုရရှိခဲ့ပြီး၊ HMDP အဖွဲ့ဝင်အဖြစ်ချီးမြှင့်ခြင်းခံရခဲ့သည်။ ဒေါက်တာ Lin သည် ဂျပန် Tohoku တက္ကသိုလ် အရိုးအထူးကုဌာန ပုခုံးကုသမှုပိုင်းတွင် ပါမောက္ခ Eiji ltoi လက်အောက်၌ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ဧည့်အတိုင်ပင်ခံဆရာဝန်အဖြစ်သင်တန်းဆင်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မှန်ပြောင်းဖြင့်တင်ပဆုံရိုးပြုပြင်ခွဲစိတ်မှု ဘယ်ဂျီယံခရီးသွားအဖွဲ့ဝင်ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Lin သည် TTSH အရိုးအထူးကုဌာန၊ အားကစားဆိုင်ရာဆေးပညာရပ် နှင့်ခွဲစိတ်ဌာနတို့တွင် အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်ခဲ့သည်။ မြောက်အမေရိကား မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းအဖွဲ့အစည်း၊ ဒူးခေါင်း ခွဲစိတ်ခြင်းနှင့်အရိုးဆိုင်ရာအားကစားဆေးပညာရပ်အဖွဲ့အစည်းတို့တွင် အသင်းဝင်လည်းဖြစ်သည်။ ဒေါက်တာ Lin သည် အစည်းအဝေးများတွင်လည်းပါဝင်ခဲ့ပြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သောဂျာနယ်များတွင် ဆောင်းပါးရေးသား ထုတ်ဝေခဲ့သည်။ “Shoulder Instability: A Comprehensive Approach” (Elsevier, 2011) စာအုပ်အခန်းကဏ္ဍတစ်ခုတွင် လည်းပါဝင်ရေးသားခဲ့သည်။

ဒေါက်တာ Lin သည် ပုခုံးနှင့်ဒူးပုံမမှန်ခြင်းများအတွက် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း နှင့် သာမန်ခွဲစိတ်ခြင်းတို့ကို အထူးစိတ်ဝင်စား သည်။ ပုခုံးလက်ပြင်အရွတ်ခွဲစိတ်ပြင်ဆင်ခြင်း၊ ပုခုံးလက်ပြင်မငြိမ်မှုကိုခွဲစိတ်ပြင်ဆင်ခြင်း၊ ဒူးအရွတ်ဒဏ်ရာများကိုမှန်ပြောင်း ဖြင့်ခွဲစိတ်ပြင်ဆင်ခြင်း၊ meniscus နှင့် cartilage ထိခိုက်ပျက်စီးမှုအတွက်ကုသခြင်း၊ ပုခုံးနှင့်ဒူးအဆစ်အစားထိုးခြင်း စသည့် ခွဲစိတ်မှုတို့ကိုလုပ်ဆောင်ပေးလျက်ရှိပါသည်။ မှန်ပြောင်းဖြင့်တင်ပဆုံခွဲစိတ်ခြင်းသင်တန်းဆင်းအဖွဲ့ဝင်ဖြစ်ပါသည်။ တံတောင် ဆစ်၊ တင်ပဆုံ နှင့် ခြေမျက်စိ ဒဏ်ရာရခြင်းများ၊ အားကစားပြုလုပ်ခြင်းကြောင့်ရရှိသည့်ဒဏ်ရာများကိုလည်း အထူးကုသပေး လျက်ရှိပါသည်။