Dr. Anthony Foo Tun Lin

Dr. Anthony Foo Tun Lin

Dr. Anthony Foo Tun Lin

MBBS (London), FAMS (Hand Surgery) Singapore

အရိုးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

လက်ခွဲစိတ်ကုသခြင်းနှင့်ပြန်လည်ပြင်ဆင်ခြင်း၊ မွေးရာပါလက်ပုံမမှန်ခြင်းများ၊ ဒဏ်ရာဖြစ်ခြင်း၊ အရေပြားအစားထိုး ခွဲစိတ်ခြင်း၊ အဆစ်ငယ်များကို ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်နည်းဖြင့်စစ်ဆေးခြင်းနှင့်ခွဲစိတ်ခြင်း၊ အာရုံကြော ပုံမမှန်ခြင်းအတွက် ပြန်လည်လှုပ်ရှားနိုင်အောင်ခွဲစိတ်ပြုပြင်ပေးခြင်း။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Foo သည် ၂၀၀၅ ခုနှစ်တွင် လန်ဒန်ကောလိပ်တက္ကသိုလ်မှဘွဲ့ရခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် လက်ခွဲစိတ် အထူးကုပညာရပ်သင်တန်းပြီးဆုံးခဲ့သည်။ နောက်ဆုံးစာမေးပွဲတွင် ဆေးတက္ကသိုလ်မှ ရွှေတံဆိပ်ဆုကိုရရှိခဲ့ပြီး၊ တော်ဝင်အသင်းအဖွဲ့ဝင်ဖြစ်ခဲ့သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ NUH ဆေးရုံ၏ လက်ခွဲစိတ်ကုသခြင်းနှင့်ပြန်လည်ပြင်ဆင်ခြင်းတွင် အတိုင်ပင်ခံဆရာဝန်ကြီး၊ NUS ဆေးတက္ကသိုလ် အရိုးခွဲစိတ်ဆိုင်ရာ၏ တွဲဖက်ပါမောက္ခလည်းဖြစ်သည်။ Mayo Clinic (Rochester), Schulthess Klinik (Zurich), Ospedale Borgo Roma (Verona), Lerdsin Hospital (Bangkok), and Ningxia People’s Hospital (Yinchuan) သို့ အဖွဲ့ဝင်သင်တန်းများပုံမှန်သွားခြင်းဖြင့် လက်တွေ့ဆေးကုသမှုပိုင်း ကိုပိုမိုတိုးတက်စေပါသည်။

ခွဲစိတ်ပိုင်းဆိုင်ရာနည်းပညာအသစ်များ၊ ခန္ဓာဗေဒ နှင့် လှုပ်ရှားမှုဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံတို့ကို လုပ်ဖော်ကိုင် ဖက်အချင်းချင်းသုံးသပ်သောဆောင်းပါးများတွင် ပါဝင်ရေးသားလျက်ရှိပါသည်။ ဘွဲ့ကြိုအဆင့်ပညာရေးတွင် NUS ဆေးကျောင်း နှင့် Yong Loo Lin ဆေးကျောင်းမှ သင်ကြားရေးနှင့်စံပြပုဂ္ဂိုလ်အဖြစ် ဆုအမြောက်အမြားကိုရရှိခဲ့သည်။ ဘွဲ့လွန်အဆင့်ပညာရေးတွင် ဒေါက်တာ Foo သည် Residency Advisory Council ၏စာမေးပွဲနှင့်လက်တွေ့စစ်ဆေး ခြင်းတွင် ကော်မတီအဖွဲ့ဝင်လည်းဖြစ်သည်။

လက်ခွဲစိတ်ကုသသည့်အသိုင်းအဝိုင်း၌ ဒေါက်တာ Foo သည် စင်ကာပူလက်ခွဲစိတ်ဆိုင်ရာအဖွဲ့အစည်းကောင်စီတွင် ၂၀၀၉ ခုနှစ်ကတည်းကပါဝင်လျက်ရှိပြီး၊ မြောက်အမေရိကား၊ ဥရောပ နှင့် အာရှပစိဖိတ် အစရှိသည့်နိုင်ငံများမှ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့် သိပ္ပံနည်းကျအစည်းအဝေးပွဲများတွင်လည်း သဘာပတိအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတကာအရိုးသုတေသန IBRA ၏ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အရိုးကျိုးအက် ခြင်း၊ အရိုးခွဲစိတ်ခြင်း၊ အရိုးပြန်လည်ပြင်ဆင်ခြင်းအသေးစားခွဲစိတ်မှုသင်တန်းများတွင် သင်ကြားပို့ချနေသည့်ဆရာ လည်းဖြစ်သည်။

ဒေါက်တာ Foo သည် လက်ခွဲစိတ်ကုသခြင်းနှင့်ပြန်လည်ပြင်ဆင်ခြင်း၊ မွေးရာပါလက်ပုံမမှန်ခြင်းများ၊ ဒဏ်ရာဖြစ်ခြင်း၊ အရေပြားအစားထိုးခွဲစိတ်ခြင်း၊ အဆစ်ငယ်များကို ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်နည်းဖြင့်စစ်ဆေးခြင်းနှင့်ခွဲစိတ် ခြင်း၊ အာရုံကြောပုံမမှန်ခြင်းအတွက် ပြန်လည်လှုပ်ရှားနိုင်အောင်ခွဲစိတ်ပြုပြင်ပေးခြင်းတို့ကို အထူးစိတ်ဝင်စားသည်။ အနာကုသပေးခြင်း နှင့် ဆီးချိုကြောင့်ဖြစ်သောခြေထောက်ရောဂါခွဲစိတ်ပြုပြင်ပေးခြင်းတို့ကိုလည်းစိတ်ဝင်စားပါသည်။