Dr. Amitabha Lahiri

Dr. Amitabha Lahiri

Dr. Amitabha Lahiri

MBBS (Delhi), FRCS (Edin)

Raffles အရိုးအထူးကုဌာန။ 

လက်ခွဲစိတ်ကုသခြင်း။

လက်တွေ့စိတ်ဝင်စားမှု

လက်ဒဏ်ရာများ၊ အာရုံ‌ကြောဖိနေခြင်း‌ကြောင့်ဖြစ်သောအခြေအနေများ၊ အဆစ်ရောင်ရမ်းနာြခင်းများ နှင့် လက်ကိုအသေးစိတ်ခွဲစိတ်ပြုပြင်ခြင်းများ။

ကိုယ်ရေးရာဇဝင်

‌ဒေါက်တာ Lahiri သည် ၁၉၉၉ ခုနှစ်တွင် ခွဲစိတ်ဆရာ၀န်ကြီးများဆိုင်ရာတော်၀င်ကောလိပ်၏ အဖွဲ့၀င် နှင့် ရွှေတံဆိပ် ဆုရှင်ဖြစ်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် လက်ခွဲစိတ်အထူးကုဆရာ၀န်ကြီးအဖြစ် တရား၀င်အသိအမှတ်ပြုခြင်းခံရခဲ့ပါသည်။ South Manchester ဆေးတက္ကသိုလ်တွင် အဖွဲ့၀င်သင်တန်းတက်ရောက်နေစဥ်၌ Manchester တက္ကသိုလ်မှလည်း Tissue Engineering ဆိုင်ရာမဟာဘွဲ့ကိုလည်းတက်ရောက်ပြီးစီးခဲ့ပါသည်။ 

ဒေါက်တာ Lahiri သည် လက်ပိုင်းဆိုင်ရာကုသမှုအမျိုးမျိုးတွင် ၁၅ နှစ်ကျော်အတွေ့အကြုံရှိပါသည်။ လက်ဒဏ်ရာများ၊ အာရုံ‌ကြောဖိနေခြင်း‌ကြောင့်ဖြစ်သောအခြေအနေများ၊ အဆစ်ရောင်ရမ်းနာခြင်းများ နှင့် လက်ကိုအသေးစိတ်ခွဲစိတ် ပြုပြင်ခြင်းတို့ကို အထူးစိတ်၀င်စားပါသည်။

Raffles ဆေးရုံတွင်တာ၀န်မထမ်းဆောင်မှီ ‌‌ဒေါက်တာ Lahiri သည် NUH ဆေးရုံ၏ လက်ကိုအသေးစိတ်ခွဲစိတ်ပြုပြင် ခြင်းဌာနတွင် စီနီယာအတိုင်ပင်ခံဆရာဝန်ကြီး၊ NUS ဆေးတက္ကသိုလ် အရိုးခွဲစိတ်ဌာန၏ လက်ထောက်ပါမောက္ခတို့ အဖြစ်တာ၀န်ထမ်းဆောင်ခဲ့ဖူးပါသည်။ ‌‌

ဒေါက်တာ Lahiri သည် carpal tunnel လက္ခဏာစု နှင့် လက်အာရုံခံစနစ် လေ့လာတွေ့ရှိချက်များကို ဆေးသိပ္ပံဂျာနယ် များတွင်မျှ‌‌‌‌‌‌ဝေခဲ့ပါသည်။  ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်တို့တွင် အမျိုးသားဆေးသုတေသနကောင်စီမှ သုတေသနဆိုင်ရာ ထောက်ပံ့ကြေးများကိုလည်းရရှိခဲ့ပြီး၊ Singapore Institute of Neurotechnology, NUS နှင့်ပူးပေါင်း၍ bionic neural interfaces တီထွင်မှု သုတေသနလုပ်ငန်းကို ပြီးဆုံးအောင်လုပ်ဆောင်နိုင်ခဲ့ပါသည်။ US မူပိုင်ခွင့်အပြည့်ရခဲ့ပြီး ကမ္ဘာတစ်၀န်းရှိ စာသင်ကျောင်းများတွင် အသုံးပြုလျက်ရှိသည့် ကွန်ပြူတာအထောက်အပံ့ဖြင့်ခွဲစိတ်လုပ်ဆောင်ခြင်း သရုပ်ပြစနစ်ဖန်တီးမှုတွင်လည်း တွဲဖက်တီထွင်သူဖြစ်ပါသည်။