
MBBS (Singapore), FRCS (ENT), FAMS (ENT)
ဒေါက်တာ Abraham သည် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာ၀န်ကြီးဖြစ်ပါသည်။ ၁၉၆၉ ခုနှစ်တွင် NUS မှ ဆေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၇၅ ခုနှစ်တွင် Edinburgh ခွဲစိတ်ဆရာ၀န်များဆိုင်ရာတော်၀င်ကောလိပ်၏ အဖွဲ့၀င်ဖြစ်ခဲ့ပါ သည်။
ပုဂ္ဂလိကဆေးရုံတွင်တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Abraham သည် Tan Tock Seng ဆေးရုံ နား၊ နှာခေါင်း၊ လည်ချောင်းဌာန၏ အကြီးအကဲ၊ စင်ကာပူအထွေထွေဆေးရုံ SGH နား၊ နှာခေါင်း၊ လည်ချောင်းဌာန၏ တွဲဖက် ခေါင်းဆောင်၊ NUS နှင့် Jurong Medical Centre တို့၏ ဧည့်အတိုင်ပင်ခံဆရာ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင် ခဲ့ဖူးပါသည်။
ဒေါက်တာ Abraham သည် လူနာတစ်ဦးချင်းစီ၏လိုအပ်ချက်အလိုက် မခွဲမစိတ်ရပဲဆေးပေးကုသခြင်း နှင့် ခွဲစိတ်ကုသပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။ သွေးထွက်နည်း၍ အမာရွတ်သေးပြီး၊ မြန်မြန်ပြန်လည်သက်သာ စေသည့် ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်ခွဲစိတ်နည်းဖြင့်လည်း ခွဲစိတ်ကုသပေးလျက်ရှိပါသည်။