
MBBS (S’pore), MRCSEd (UK), FRCSEd (UK), FAMS (S’pore), FRCOphth (UK)
အတွင်းတိမ်ခွဲစိတ်ခြင်း၊ မျက်စိပါ၀ါ (LASIK) ခွဲစိတ်ခြင်း၊ မျက်ကြည်လွှာအစားထိုးခြင်း၊ မျက်လုံးအိမ်အရှေ့အပိုင်း ခွဲစိတ်ခြင်း နှင့် အထွေထွေမျက်စိပညာ။
ကိုယ်ရေးရာဇ၀င်
တွဲဖက်ပါမောက္ခဆရာ၀န် Tan သည် မျက်စိအထူးကုပါရဂူဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်မှ MBBS ဆေးဘွဲ့ကိုရရှိခဲ့သည်။ အထူးကုသင်တန်းပြီးဆုံးသောအခါ Edinburgh မျက်စိပညာဆိုင်ရာ ခွဲစိတ်ဆရာဝန်များတော်ဝင်ကောလိပ်၊ Royal College of Ophthalmologists (UK) နှင့် စင်ကာပူဆေးတက္ကသိုလ်တို့မှ အဖွဲ့၀င်အဖြစ်ချီးမြှင့်ခြင်းခံရခဲ့သည်။ မျက်စိပညာ Exit Exams တွင် မျက်ကြည်လွှာနှင့်မျက်စိပါ၀ါခွဲစိတ်မှု၊ ရေတိမ်နှင့်အာရုံကြောမျက်စိရောဂါဆိုင်ရာ အကောင်းဆုံးထူးချွန်ဆုကို ချီးမြှင့်ခံရခဲ့သည်။ MOH လေ့ကျင့်ရေးပညာသင်ဆုလက်ခံရရှိသူအနေဖြင့် ကနေဒါနိုင်ငံ University of British Columbia တွင် ပရော်ဖက်ဆာ Simon Holland နှင့်အတူ မျက်ကြည်လွှာနှင့်မျက်စိပါ၀ါဆိုင်ရာ ခွဲစိတ်မှုအထူးကုသင်တန်းကို ထပ်မံတက်ရောက်ခဲ့ပါသည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီရှိ နာမည်ကြီး Bascom Palmer Eye Institute တွင်တာ၀န်ထမ်းဆောင်ပြီးစီးခဲ့ပါသည်။ လက်ရှိတွင် Lee Kong Chian (LKC) ဆေးကျောင်း၏ တွဲဖက်ပါမောက္ခဖြစ်သည်။
Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ A/Prof Tan သည် TTSH တွင် အကြီးတန်းအတိုင်ပင်ခံ၊ မျက်ကြည်လွှာနှင့် မျက်စိပါ၀ါဆိုင်ရာခွဲစိတ်မှုဌာနမှ ဒုတိယဌာနမှူးဖြစ်ခဲ့ပြီး၊ TTSH တွင် ဆရာ၀န်နှင့်ပညာပေးသူအဖြစ်ရပ်တည်ခဲ့သည်။ စင်ကာပူမျက်စိဘဏ်တွင် အကြံပေးဘုတ်အဖွဲ့ဝင်၊ ဘွဲ့ကြိုနှင့်ဆေးပညာမဟာဘွဲ့ (မျက်စိပညာ) စာမေးပွဲများတွင် စာစစ်သူ နှင့် ဆေးခန်းစီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယဥက္ကဋ္ဌအပါအဝင် တာဝန်အမျိုးမျိုးကိုထမ်းဆောင်ခဲ့ပါသည်။
A/Prof Tan သည် LKC ဆေးကျောင်းကို စတင်တည်ထောင်ချိန်မှစ၍ မျက်စိပညာအတွက် အဓိကဦးဆောင်သူဖြစ်သည်။ မျက်စိပညာဘွဲ့ကြိုသင်ရိုးညွှန်းတမ်းကို ဒီဇိုင်းထုတ်ခြင်းအပြင်၊ ကျောင်းသားများကို အတန်းလိုက် အဆက်ဆက်သင်ကြားပေးခဲ့ပြီး၊ အလှည့်တိုင်းတွင် လူနာအားပြုစုကုသမှုဆိုင်ရာ ပရော်ဖက်ရှင်နယ်နှင့် ကျင့်ဝတ်စောင့်ထိန်းမှုများကို ထိန်းသိမ်းထားနိုင်ရန် ဆရာ၀န်ကျင့်ဝတ်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ NUS YLL ဆေးကျောင်းမှ ဆေးကျောင်းသားများ၊ မျက်စိကုသရေးသင်တန်းဆင်းနေသူများ နှင့် ပြည်တွင်းပြည်ပမှ ကျောင်းသားများကို သင်တန်းပေးရာတွင်ပါဝင်ခဲ့ပါသည်။ အနာဂတ်မျိုးဆက်သစ်သမားတော်များအား ပညာသင်ကြားပေးရန် ကတိကဝတ်ပြုမှုအတွက် YLL ဆေးကျောင်းမှ သင်ကြားရေးထူးချွန်ဆု၊ အကောင်းဆုံးဆရာဆုနှင့် TTSH ၏ ထိပ်တန်းဆရာ ၁၀ ဦးအဖြစ် အကြိမ်ပေါင်းများစွာ ချီးမြှင့်ခံရခဲ့သည်။ ဆရာ၀န်အချင်းချင်းသုံးသပ်သောဂျာနယ်များတွင် သုတေသနစာတမ်း ၁၀ ကျော်ကို ထုတ်ဝေခဲ့ပြီး နိုင်ငံတကာနှင့်ဒေသတွင်း သိပ္ပံဆိုင်ရာညီလာခံများတွင် ဆွေးနွေးတင်ဆက်မှု ၄၀ ကျော် ပြုလုပ်ခဲ့ပြီး သူ၏ကောင်းမွန်သောအလုပ်အတွက် ချီးကျူးမှုများရရှိခဲ့သည်။
A/Prof Tan ၏ ဆေးခန်းဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်တွင် Femtosecond “bladeless” LASIK၊ “no-touch” TransPRK၊ ရှုပ်ထွေးသော မျက်ကြည်လွှာအစားထိုးခြင်း ပုံစံအမျိုးမျိုး (DALK၊ DSAEK၊ DMEK)၊ pterygium ခွဲစိတ်မှု၊ မျက်စိမျက်နှာပြင်ရောဂါများနှင့် ပြန်လည်တည်ဆောက်မှု၊ keratoconus၊ မျက်ကပ်မှန်- ဆက်စပ်ရောဂါများနှင့် မျက်လုံးခြောက်ခြင်းတို့ပါ၀င်ပါသည်။ သူ၏လက်တွေ့စိတ်ဝင်စားမှုများတွင် အနီးမှုန်နှင့် astigmatism ရှိသူများအတွက် multifocal နှင့် toric intraocular မှန်ဘီလူးကိုထည့်သွင်းပေးသည့် အတွင်းတိမ်ခွဲစိတ်မှုတို့ပါဝင်သည်။