Dr. Chong Yong Yeow

Dr. Chong Yong Yeow

Dr. Chong Yong Yeow

MBBS (S’pore), MRCP (UK), M Med (Int Med), FAMS

Raffles ဆေးပညာအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ဆက်တွယ်တစ်သျှူးတွင်ရောင်ရမ်းခြင်းဖြစ်စေသောရောဂါများ နှင့် ဓာတ်မတည့်သောအခြေအနေများ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Chong Yong Yeow သည် အဆစ်ရောင်ရမ်းခြင်းကုသသည့် အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်တွင် NUS မှဘွဲ့ရပြီး၊ ၂၀၀၃ ခုနှစ်တွင် MRCP နှင့် M Med (Int Med) ကိုရရှိခဲ့သည်။ ၂၀၀၇ ခုနှစ် SGH တွင် အဆစ်ရောင်ရမ်းခြင်း ရောဂါဗေဒအထူးကုသင်တန်းကိုပြီးစီးခဲ့သည်။ ထို့နောက် အင်္ဂလန် the Guy’s and St Thomas’ ဆေးရုံတွင် ဓာတ်မတည့်ခြင်း နှင့်ကိုယ်ခံအားရောဂါဗေဒဆိုင်ရာသင်တန်းကို လူ့ကျန်းမာရေးအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ၆လကြာလေ့လာခဲ့ သည်။

၂၀၁၁ ခုနှစ် Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Chong သည် SGH ရှိ အဆစ်ရောင်ရမ်းခြင်း နှင့် ကိုယ်ခံအားရောဂါဗေဒဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်ခဲ့သည်။ ခန္ဓာတွင်းဆေးပညာအထူးကုအပြင် အဆစ်ရောင်ရမ်း ခြင်း နှင့် ကိုယ်ခံအားဆိုင်ရာရောဂါများကုသမှုတို့တွင် များစွာအတွေ့အကြုံရှိပါသည်။ ဆေးနှင့်အစာဓာတ်မတည့်ခြင်းများအပြင် ယားယံသောအဖုအပိန့်အင်ပြင်ပြဿနာများ ခံစားနေရသည့်လူနာများကိုလည်း ကုသပေးလျက်ရှိပါသည်။

၂၀၁၀ ခုနှစ်တွင် SGH ဓာတ်မတည့်ခြင်းအထူးကုဆေးခန်း၏ ဒါရိုက်တာလည်းဖြစ်ခဲ့ပြီး၊ ယခုလက်ရှိတွင်လည်း SGH ၌ ဧည့်အတိုင်ပင်ခံဆရာဝန် ကြီးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။ စင်ကာပူအဆစ်ရောင်ရမ်းခြင်းရောဂါဗေဒနှင့်ဓာတ်မတည့်ခြင်းဗေဒအဖွဲ့အစည်း၊ စင်ကာပူကိုယ်ခံအားရောဂါဗေဒအဖွဲ့အစည်း၊ စင်ကာပူအဆစ်ရောင်နာရောဂါအဖွဲ့အစည်း နှင့် စင်ကာပူဆေးတက္ကသိုလ်တို့တွင် အဖွဲ့ဝင်ဖြစ်ပါသည်။

ဒေါက်တာ Chong သည် ဆက်တွယ်တစ်သျှူးရောဂါများ နှင့် အဆစ်ရောင်ရမ်းနာရောဂါကုသမှုအပြင် ဆေးနှင့်အစာဓာတ်မ တည့်ခြင်းကုသမှုတွင်လည်း အထူးစိတ်ဝင်စားသည်။

လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သောဂျာနယ်များတွင်လည်း ဆောင်းပါးပါဝင်ရေးသားခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့်ဓာတ်မတည့်ခြင်း လက်တွေ့အကဲဖြတ်စစ်ဆေးမှုတို့တွင်ပါဝင် လျက်ရှိပါသည်။ ဇီဝဆိုင်ရာကုသမှုလက်တွေ့စမ်းသပ်ချက်များ နှင့် ပြင်းထန်သောဆေးဓာတ်မတည့်ခြင်း လက်တွေ့စမ်းသပ် ချက်များတွင် တွဲဖက်စစ်ဆေးဖော်ထုတ်သူလည်းဖြစ်သည်။