ရေတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များ နှင့် အဆီတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။
ဗီတာမင် C နှင့် B သည် ရေတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဖြစ်ပါသည်။ ဤဗီတာမင်များကို သင်၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားခြင်းမရှိသည့်အတွက် နေ့စဉ်ပြန်လည်ဖြည့်ရပါသည်။ ဤဗီတာမင်များကို လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် သီးနှံများစားသုံးခြင်းတို့မှ အလွယ်တကူရနိုင်ပါသည်။
ဗီတာမင် A, D, E, K တို့သည် အဆီတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဖြစ်ပါသည်။ ဤဗီတာမင်များကို ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာသိမ်းထားနိုင်ပါသည်။ ထို့ကြောင့် သင်သည် ဤဗီတာမင်များကို နေ့စဉ်အနည်းငယ်သာ သောက်သုံးရန်လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤဗီတာမင်များသည် ကျွန်ုပ်တို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဤဗီတာမင်များကို အသုံးမပြုသည့်အခါ အသည်းနှင့်အဆီတစ်သျှူးများတွင် သိုလှောင်ထိန်းသိမ်းထားပါသည်။
ဗီတာမင်များသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတွင် ကွဲပြားခြားနားသောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါသည်။ ဗီတာမင် C, B, နှင့် D ကဲ့သို့အသုံးအများဆုံးဗီတာမင်အချို့သည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များရှိသည်။
ဥပမာအားဖြင့် ဗီတာမင် C သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှိတစ်ရှူးများ၏ ကြီးထွားမှုနှင့်ပြုပြင်ခြင်းများတွင်ကူညီသည်။ အနာကျက်မြန်စေပါသည်။ ဗီတာမင် C သည် သံဓာတ်စုပ်ယူမှုကိုလည်း အားကောင်းစေပါသည်။
ဗီတာမင် B သည် သွေးနီဥဆဲလ်ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေပြီး၊ ကျွန်ုပ်တို့၏စွမ်းအင်နှင့်ဇီ၀ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါသည်။ ကျန်းမာသည့်အာရုံကြောစနစ်ကိုဖြစ်စေရန်လည်း အရေးပါပါသည်။
ဗီတာမင် D သည် အရိုးတည်ဆောက်ရန်အရေးကြီးသည့် ကယ်လ်ဆီယမ်နှင့်ဖော့စဖောစ်တို့ကို စုပ်ယူထိန်းသိမ်းပေးပါ သည်။ ရောဂါကူးစက်မှုကိုထိန်းချုပ်ပေးနိုင်ပြီး၊ ရောင်ရမ်းမှုကိုလည်းလျှော့ကျစေပါသည်။
ကျွန်ုပ်တို့မှတ်ယူရမည့်လက္ခဏာတချို့ရှိပါသည်။ ပထမဦးစွာ အနာကျက်နှေးခြင်းသည် ဗီတာမင် C မလုံလောက်ခြင်းကိုညွှန်ပြပါသည်။ ဒုတိယအချက်အနေဖြင့် ပုံမှန်မဟုတ်သောဆံပင်ကျွတ်ခြင်းသည် ဗီတာမင် B12 မလုံလောက်ခြင်းကြောင့်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် မကြာခဏပင်ပန်းနွမ်းနယ်သည်ဟုခံစားရလျှင် ဗီတာမင် D မလုံလောက်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။
ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် မရှိမဖြစ်လိုအပ်သည့်ဗီတာမင်များကို မျှမျှတတနှင့်အကျိုးပြုသောအစားအစာ စားသုံးခြင်းမှတဆင့်ရနိုင်ပါသည်။ သို့သော် အလုပ်များသောလူနေမှုဘဝပုံစံကြောင့် တစ်ချို့သောကျန်းမာရေးအခြေအနေ (သို့) အစားအသောက်ကန့်သတ်ချက်များသည် တစ်ခါတစ်ရံတွင်စိန်ခေါ်မှုဖြစ်နိုင်ပါသည်။ ထိုအချိန်တွင် အားဖြည့်ဆေးများ သည်အရာ၀င်လာပါသည်။ ဗီတာမင်ကြွယ်ဝသောအစားအစာများကို ဖြည့်စွက်ဆေးများဖြင့် အစားထိုးရန်အကြံမပြု သော်လည်း ကောင်းမွန်သောအစားထိုးရွေးချယ်မှုတော့ဖြစ်စေပါသည်။