ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းသည် သွေးဆဲလ်များစုဝေးလာခြင်းကိုဖြစ်စေနိုင်ပြီး ဦးနှောက်သို့သွားသော သွေးကြောများ ပိတ်ဆို့ခြင်းနှင့်လေဖြတ်ခြင်းတို့ကိုဖြစ်စေနိုင်သည်။ လူ့နှလုံးသည် လက်သီးဆုပ်မျှသာရှိသော်လည်း ၎င်း၏အံ့သြဖွယ် ကောင်းသောလုပ်ဆောင်ချက်မှာ တစ်နေ့လျှင် အကြိမ်ပေါင်း ၁၀၀,၀၀၀ နှင့် ဘဝသက်တမ်းတစ်လျှောက်တွင် ပျမ်းမျှအကြိမ်သန်း ၃၀၀၀ လောက် ခုန်နိုင်ပါသည်။
နှလုံး၏ အလွန်အရေးပါသောလုပ်ဆောင်ချက်မှာ အသက်ရှင်သန်ရန်အတွက် လိုအပ်သောအောက်စီဂျင် နှင့် အာဟာရဓာတ်တို့ကို သွေးမှတဆင့်ခန္ဓာကိုယ်အနှံ့ သယ်ဆောင်နိုင်ရန်အတွက်ညှစ်ပေးခြင်းဖြစ်ပါသည်။
အကယ်၍ နှလုံးညှစ်အားပျော့လျှင် လူနာသည် နှလုံးချို့ယွင်းခြင်းလက္ခဏာများဖြစ်သည့် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ခြေထောက်ရောင်ခြင်း နှင့် တချို့တွင် ထိုင်လျက်ဖြင့်အိပ်ချင်လာခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်မျိုးသည် တချိန်က ကျွန်ုပ်၏လူနာတစ်ဦးတွင်ဖြစ်ခဲ့ဖူးသည်။
ရှယ်လာ၏ အဖြစ်အပျက်။
ရှယ်လာသည် အသက် ၆၀ ဝန်းကျင်ရှိသော သွက်လက်သည့်အမျိုးသမီးဖြစ်သည်။ သူမသည် စင်္ကာပူသို့ အပန်းဖြေခရီးလာရခြင်းကို နှစ်သက်ပြီး တစ်နှစ်လျှင် ၄ကြိမ်တိုင် လာရောက်လည်ပတ်လေ့ရှိသည်။ ထိုသို့လာရောက်ခြင်းမျိုး နှစ်အတော်ပင်ရှိခဲ့ပြီး စင်္ကာပူတွင် အပန်းဖြေအနားယူ၍ ကျန်းမာရေးအတွက်လည်းဆရာ၀န်များဖြင့်ပြသ၍ ဆေးကုသမှုခံယူပါသည်။
ကျန်းမာရေးစစ်ဆေးချက်အဖြေများအရ ရှယ်လာသည် နေကောင်းကျန်းမာသည်။ သူမသည် တစ်နေ့လျှင် ၄ ၊ ၅ မိုင်ထိ လမ်းလျှောက်နိုင်သေးသော်လည်း ဒီဇင်ဘာလ ၂၀၁၀ တွင် သူမသည် အသက်ရှူမဝခြင်း နှင့် ကျန်းမာရေး ဆုတ်လျော့လာသည်ဟုခံစားရသည်။
ကျန်းမာရေးသည် ပုံမှန်အတိုင်းကောင်းနေသေးသည်ဟုထင်သောကြောင့် ဒီဇင်ဘာတွင် ရှယ်လာသည် စင်္ကာပူသို့ အပန်းဖြေခရီးထွက်လာသည်။ လေယာဉ်ပေါ်စကားပြောနေစဉ်ကာလတွင် သူမသည် ရေနစ်သကဲ့သို့ခံစားရခြင်း၊ အသက်လုရှူနေရသကဲ့သို့ ခံစားရခြင်းမျိုးဖြစ်ပေါ်သည်။ သူမ၏စိတ်ထဲတွင် မကောင်းသောတစ်စုံတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခံစားရသောကြောင့် လေယာဉ်ဆိုက်သည်နှင့်တစ်ပြိုင်နက် ရှယ်လာသည် ကျွန်ုပ်တို့ဆေးရုံသို့ အလောတကြီးရောက်လာပါသည်။
အရေးပေါ်ဋ္ဌာနတွင်။
လက်တွေ့ဆေးဝါးကုသမှုလက္ခဏာများအရ သူမသည် ပြင်းထန်သောနှလုံးချို့ယွင်းခြင်းကို ခံစားနေရပြီး အရေးပေါ် ဋ္ဌာနတွင် ဆေးကုသမှုခံယူခဲ့သည်။ ဆေးဝေါဟာရဖြင့် ပြောရမည်ဆိုလျှင် ၎င်းပြဿနာမျိုးကို Congestive Heart Failure (CHF) ခံစားနေရသည်ဟုဆိုနိုင်သည်။ ရှယ်လာသည် အရေးပေါ်ဋ္ဌာနတွင် ဆယ်ရက်ကြာမျှ ကုသမှုကိုခံယူခဲ့ရသည်။ နှလုံးရုတ်တရက် အသည်းအသန်ဖြစ်စဉ်တွင် သေဆုံးနိုင်မှုအန္တရာယ်သည် အလွန်မြင့်မားသောကြောင့် ၎င်းဆိုးရွားသော အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ရပါသည်။ အရေးပေါ်ဋ္ဌာနတွင် ၁ဝရက်ကြာ CHF ကုသမှုခံယူပြီးနောက် ရောဂါလက္ခဏာများပျောက်သွားပြီး၊ ရှယ်လာသည် ပုံမှန်လူနာဆောင်သို့ပြောင်းရွှေ့ခဲ့သည်။ ဆေးစစ်ဆေးချက်များအရ ရှယ်လာ၏ CHF ဖြစ်ရသည့်အကြောင်းရင်းသည် Atrial Fibrillation (AF) ဟုခေါ်သော ပုံမှန်နှလုံးခုန်ချက်ကို အနှောင့်အယှက်ဖြစ်မှုကြောင့်ဖြစ်သည်။
CHF ဖြစ်ပေါ်ရသော အဓိကအကြောင်းရင်းသည် နှလုံးသွေးကြောကျဉ်းသောကြောင့်ဖြစ်သည်။ သို့သော် ရှယ်လာတွင် ဤကဲ့သို့သောလက္ခဏာမျိုးမရှိပေ။ နှလုံးသွေးကြောစမ်းသပ်စစ်ဆေးချက်အရ သူမတွင် ပြင်းထန်လောက်သော နှလုံးသွေးကြောကျဉ်းခြင်မျိုးမရှိဟုအတည်ပြုသည်။ ဆေးအခေါ်အရ ၎င်းပြဿနာမျိုးကို Ischemic Heart Disease (IHD) ဟုခေါ်သည်။
ရှယ်လာသည် အစာအာဟာရနှင့် ကိုယ်လက်လှုပ်ရှားအားကစားကျန်းမာရေးကို အထူးဂရုစိုက်သူဖြစ်သည်။ သူမ၏ BMI သည် ၂၂ သာရှိသည်။ သူမ၏ သွေးတွင်းအဆီကိုလက်စရောသည် ပုံမှန်ဖြစ်ပြီး ဆေးလိပ်သောက်ခြင်းလည်းမရှိပေ။ ထို့ကြောင့် သူမတွင် IHD ပြဿနာဖြစ်နိုင်ချေအလားအလာ မရှိနိုင်ပါ။ သို့သော် ရှယ်လာ၏ IHD ဖြစ်ပေါ်ရသောအကြောင်း ရင်းသည် နှလုံးအားနည်းခြင်းကြောင့်သာလျှင်မဟုတ် AF ကြောင့်လည်းဖြစ်နိုင်သည်။
AF သည် လူနာ အသက် ၆၀ နှင့်အထက်များတွင် အတွေ့များသော ပုံမှန်နှလုံးခုန်စည်းချက်မမှန်သောပြဿနာဖြစ်သည်။ ပုံမှန်အားဖြင့် နှလုံးခုန်ခြင်းသည် နှလုံး၏အထက်ပိုင်း ဦးပိုင်းအခန်းမှစတင်သည်။ နှလုံး၏အထက်ပိုင်း ဦးပိုင်းအခန်း တစ်ချက်နှလုံးခုန်ပြီးတိုင်း၊ နှလုံးအောက်ပိုင်းခန်းမတွင် ပို၍ကြာရှည်စွာခုန်ပါသည်။ လူတစ်ယောက်သည် အများအားဖြင့် တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၆၀ မှ ၁၀၀ ထိရှိသည်။ AF ဖြစ်သည့်အချိန်တွင် နှလုံးအထက်ပိုင်း ဦးပိုင်းအခန်းတွင် တစ်မိနစ်လျှင် နှလုံးအကြိမ် ၅၀၀ ထိခုန်နိုင်သည်။ ကံကောင်းစွာဖြင့် AF ဖြစ်နေသည့်အချိန်တွင် နှလုံးအောက်ပိုင်းခန်းမတွင် တစ်မိနစ်လျှင် နှလုံးခုန်နှုန်းအကြိမ် ၁၀၀ မှ ၁၂၀ အထိသာရှိသည်။ အကယ်၍ နှလုံးအောက်ပိုင်းခန်းမ၏ နှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် ၅၀၀ ရှိခဲ့ပါက သေဆုံးနိုင်သည်။ AF ဖြစ်နေချိန်တွင် စိတ်အပူရဆုံးပြဿနာနှစ်ခုရှိသည်။ ပထမသည် လေဖြတ်နိုင်သောအန္တရာယ် နှင့် ဒုတိယသည် CHF အန္တရာယ်ဖြစ်သည်။ AF ဖြစ်နေချိန်တွင် နှလုံးအထက်ပိုင်း ဦးပိုင်းအခန်းတွင် တစ်မိနစ်လျှင် နှလုံးအကြိမ် ၅၀၀ ထိခုန်ခြင်းသည် အများအားဖြင့် အကျိုးများခြင်းမရှိပေ။ ရလဒ်အားဖြင့် သွေးစုစည်းခြင်း နှင့် သွေးခဲခြင်းတို့သည် ဦးနှောက်သို့ သွားသော သွေးကြောများတွင်ပိတ်နိုင်ပြီး လေဖြတ်ခြင်းဖြစ်ပေါ်နိုင်သည်။
ဆေးကုသမှုခံယူခြင်း။
အကောင်းဆုံးကုသမှုမှာ Aspirin, Plavix (သို့) Warfarin စသည့် သွေးကျဲဆေးပေးခြင်းဖြစ်သည်။ ဤဆေးများကို နှလုံးချို့ယွင်းခြင်းပြဿနာရှိသောလူနာများကို ပုံမှန်ပေးခြင်းအားဖြင့် CHF ပြဿနာကိုဖြေရှင်းနိုင်သည်။ သို့သော်လည်း လူနာသည် ဆေးကိုပုံမှန်သောက်သုံးသင့်ပြီး ရေကိုလျော့သောက်ခြင်း (တစ်နေ့လျှင် ရေ ၁ လီတာ (သို့) ၁ လီတာခွဲသာသောက်သုံးခြင်း) နှင့် ဆားစားသုံးမှုလျော့ခြင်း (တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထက်မပိုခြင်း) စသည်တို့ကို လိုက်နာသင့်သည်။
ရှယ်လာသည် ယခုချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုကို Raffles ဆေးရုံတွင် ခံယူလျက်ရှိသည်။ သူမသည် တစ်နှစ်လျှင် ၄ကြိမ်တိုင် စင်္ကာပူသို့လာ၍ ဆေးကုသမှုခံယူလျက်ရှိသည်။ “စင်္ကာပူလူမျိုးတွေ အလွန်ကံကောင်းတာပဲ၊ လှပခေတ်မှီတဲ့နိုင်ငံမှာ နိုင်ငံတကာအဆင့်မှီ ဆေးကုသမှုခံယူနိုင်မှု နှင့် ဆရာဝန်များ၏ စိတ်ရှည်မှု၊ ယဉ်ကျေးဖော်ရွေစွာဖြင့် လူနာတို့၏ ကျန်းမာရေးပြဿနာများကို ကောင်းမွန်စွာရှင်းပြဆွေးနွေးနိုင်သည်” ဟု ရှယ်လာပြောသည်။ စင်္ကာပူနိုင်ငံ ဆေးကုသမှုကုန်ကျစရိတ်မြင့်ကောင်းမြင့်မည်။ သို့သော်လည်း ရှယ်လာအသက်ကို စင်္ကာပူနိုင်ငံက ကံကောင်းထောက်မစွာကယ်တင်နိုင်ခဲ့သည်။ သူမသည် ဆေးကုသမှုခံယူရင်း အပန်းဖြေလျက်ရှိပါသည်။