လူနာဆောင် ၀န်ဆောင်မှုများ

service image

ဆေးရုံတက်နေစဥ်သက်တောင့်သက်သာဖြစ်စေရန်အတွက် ဆေးရုံမှ အောက်ပါ၀န်ဆောင်မှုများကိုပေးပါသည်။

Electric Bed

အိပ်ယာအနေအထားပုံစံကို ခလုတ်နှိပ်ပြောင်းနိုင်သည့်ဆေးရုံကုတင်ဖြစ်ပါသည်။ အိပ်ယာအနေအထားပုံစံ ပြောင်းသည့်အခါ အန္တရာယ်ကင်းရန်အတွက် ကုတင်အောက်တွင် မည်သူမျှမရှိစေရ။

Nurse Call Bell

သူနာပြုအကူအညီရယူလိုပါက လူခေါ်ဘဲလ်ကိုနှိပ်၍ ‌ခေါ်ဆိုနိုင်ပါသည်။

Food Service

လူနာ၏ခံတွင်းအကြိုက် ရွေးချယ်စရာ Menu များဖြင့် အစားအသောက်များကို လူနာအခန်းထဲတွင် သုံးဆောင်နိုင်ရန် စီစဥ်ပေးထားပါသည်။ အနောက်တိုင်းစာ၊ အရှေ့တိုင်းစာ နှင့် ဂျပန်စာများမှ ကြိုက်နှစ်သက်ရာကို  ရွေးချယ်မှာယူနိုင်ပြီး အစာအာဟာရဗေဒပညာရှင်များ၏ ကြီးကြပ်မှုအောက်တွင် စားဖိုမှူးများမှချက်ပြုတ်ပြင်ဆင်ပေးပါသည်။ လူမျိုးဘာသာမရွေးစားသုံးနိုင်ရန် ချက်ပြုတ်ပြင်ဆင်ခြင်းဖြစ်သည့်အတွက် ၀က်သား၊ ၀က်ဆီ သုံးစွဲခြင်းတို့ကို ရှောင်ကြဥ်ပါသည်။

A La Carte Meal Service

လူနာနှင့်လူနာစောင့်များ မိမိစိတ်ကြိုက် မှာယူစားသောက်လိုပါကလည်း A La Carte Meal ၀န်ဆောင်မှုကို ကျသင့်ငွေအတိုင်း မှာယူစားသောက်နိုင်ပါသည်။ A La Carte Menu ကို သူနာပြုထံမှတောင်း၍ မှာယူနိုင်ပါသည်။

Television/ Radio

လူနာခန်းထဲတွင် ပြည်တွင်းရုပ်သံအစီအစဥ်နှင့်ရေဒီယိုလိုင်းများကို TV မှကြည့်ရှုနားဆင်နိုင်ပါသည်။ ရုပ်သံအစီအစဥ်နှင့်ရေဒီယိုလိုင်းများကို TV channel 1 မှ ရွေးချယ်နိုင်ပါသည်။

Birth Registration

မွေးစားရင်းထုတ်လိုပါက အောက်ပါရုံးချိန်အတွင်း ၈ ထပ်ရှိ Business Centre တွင် ၀န်ဆောင်မှုပေးပါသည်။

  • တနင်္လာ မှ သောကြာ – မနက် ၉ နာရီ မှ ညနေ ၄ နာရီ
  • စနေ – မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

မွေးစားရင်းထုတ်ရန် အောက်ပါစာရွက်စာတမ်းများကို တစ်ပါတည်းယူဆောင်လာရပါမည်။

  • သက်ဆိုင်ရာလူနာဆောင်သူနာပြုများမှ ထုတ်ပေးထားသည့် ကလေးမီးဖွားပြီးအကြောင်းကြားစာ။
  • မိဘများ၏လက်ထပ်စာချုပ်မူရင်း။
  • မိဘများ၏မှတ်ပုံတင်ကဒ်မူရင်း။
  • မိဘများသည် စင်ကာပူနိုင်ငံသားများမဟုတ်ပါက ပတ်စပို့များ နှင့် FIN ကဒ်မူရင်းများ။

Mobile Phones

လူနာအနားယူခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည့်အတွက် လူနာဆောင်တွင် ဖုန်းပြောဆိုမှုကို ကန့်သတ်ထားပါ သည်။ ၀န်ထမ်းများ အရေးပေါ်အခြေအနေအတွက် အသုံးပြုရန်သာ ခွင့်ပြုထားပါသည်။

Laundry Service

အ၀တ်အစားလျှော်ဖွတ်ပေးသည့် ၀န်ဆောင်မှုကို တောင်းခံနိုင်ပါသည်။  မနက် ၉ နာရီတွင် လျှော်ဖွတ်မည့်အ၀တ်အစား များကိုလာယူပေးပြီး၊ အမြန်၀န်ဆောင်မှုကိုရွေးချယ်ပါက ည ၈ နာရီတွင် ပို့ပေးပြီး၊ ပုံမှန်၀န်ဆောင်မှုကိုရွေးချယ်ပါက နောက်နေ့မနက် ၁၁ နာရီတွင် ပို့ပေးပါသည်။ ၀န်ဆောင်မှုရယူလိုပါက သူနာပြုထံမေးမြန်းနိုင်ပါသည်။

Iron & Ironing Board

အ၀တ်အစားမီးပူတိုက်စက်နှင့်မီးပူခုံတို့ကို သုံးစွဲလိုပါကလည်း သူနာပြုထံမေးမြန်းနိုင်ပါသည်။

Prayer Mat/ Compass

၀တ်ပြုရန်ဖျာနှင့်သံလိုက်အိမ်မြောင်ကို သုံးစွဲလိုပါကလည်း သူနာပြုထံမေးမြန်းနိုင်ပါသည်။

Maintenance

လူနာခန်းထဲတွင် ချို့ယ္ငင်းပျက်စီးမှုတခုခုရှိပါက ပြုပြင်ရန်အတွက် သူနာပြုထံသို့အကြောင်းကြားပါ။

No Smoking

ဥပဒေတွင် ဆေးရုံအတွင်း၌ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါသည်။

Bedside Telephone

လူနာအခန်းတိုင်း အိပ်ယာဘေးတွင် တယ်လီဖုန်းထားရှိပေးပါသည်။

Safe Deposit Box

ပိုက်ဆံနှင့်တစ်ခြားတန်ဖိုးရှိပစ္စည်းများသိမ်းနိုင်ရန် မီးခံသေတ္တာကို ထားရှိပေးပါသည်။

Newspapers

ပြည်တွင်းသတင်းစာကို နေ့စဥ်ပို့ပေးပါသည်။

Toiletries

မျက်နှာသုတ်ပု၀ါအသေး၊ ရေချိုးဆပ်ပြာရည်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ခေါင်းပေါင်း၊ ခေါင်းဖီး နှင့် ခေါင်းလျှော်ရည်ပါသည့်အိတ်ကို မေတ္တာလက်ဆောင်ပေးပါသည်။ တစ်ခြားအသုံးလိုသည့်ပစ္စည်းများနှင့် တစ်ခါသုံးအမွေးရိတ်တံများကိုမူ ကျသင့်ငွေအတိုင်းပေးဆောင်ရပါမည်။

Hairdryer

ဆံပင်လေမှုတ်စက်ကို သူနာပြုထံတွင်တောင်းနိုင်ပါသည်။

Slippers

ဆေးရုံအခန်းထဲတွင်စီးရန် Slippers ဖိနပ်ပေးပါမည်။ 

Electricity

စင်ကာပူ လျှပ်စစ်ဓာတ်အားမှာ ၂၄၀ ဗို့အားဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများကိုသုံးရန် ၂ ပင်ခေါင်း၊ ၃ ပင်ခေါင်း adaptors ဌားယူသုံးစွဲလိုပါက သူနာပြုထံတွင်တောင်းခံနိုင်ပါသည်။

Internet Access

ကိုယ်ပိုင်ကွန်ပြူတာ၊ ဖုန်းများကို အင်တာနက်ချိတ်၍သုံးစွဲလိုပါက Raffles ဆေးရုံ wireless ကိုချိတ်ဆက်၍အသုံးပြု နိုင်ပါသည်။

Raffles ဆေးရုံသည် အရေးပေါ်ပြုစုကုသမှုလိုအပ်သူများအတွက် ၂၄ နာရီ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ အရေးပေါ်ယာဥ်ဖြင့်ခေါ်ဆောင်လာစဥ် လူနာအတွက် အန္တရာယ်လျော့နည်းစေရန်နှင့်သက်တောင့်သက်သာရှိစေရန် ပြုစုပေးပါသည်။ အရေးပေါ်ပြုစုကုသမှုကျွမ်းကျင်သည့်သူနာပြု (သို့) ဆရာ၀န်သည် လူနာနှင့်အတူလိုက်ပါလာသည့် အတွက် စိတ်ချနိုင်ပါသည်။ အောက်ပါအရေးပေါ်၀န်ဆောင်မှုများကိုပေးပါသည်။

  • Raffles ဆေးရုံ၊ Raffles ဆေးခန်းများ မှ/သို့ အရေးပေါ်ပို့ဆောင်ပေးခြင်း နှင့် လွှဲပြောင်းပေးခြင်း။
  • လွှဲပြောင်းပို့ဆောင်စဥ် သူနာပြုလိုက်ပါပေးခြင်း။
  • သယ်ယူပို့ဆောင်စဥ် ဆရာ၀န်မှလိုက်ပါပေးခြင်း။
  • နိုင်ငံရပ်ခြားမှလူနာများအား အရေး‌ပေါ်ဆေးကုသမှုခံယူရန် လက်ခံပေးခြင်း။

အရေးပေါ်၀န်ဆောင်မှုအတွက် 6311 1555 သို့ ခေါ်ဆိုနိုင်ပါသည်။

ရွေးချယ်နိုင်သော အခန်းအမျိုးအစားများ
Presidential Suite
Raffles Suite and Victoria Suite
Nicoll Suite and Ophir Suite
Executive Suite
​Junior Suite
Deluxe Room
Single Room
2-Bedded Room
4-Bedded Room
Intensive Care Unit
Intermediate Care Area
Nursery – Normal Newborn Care
Nursery – Neonatal Care Level 1
Neonatal Intensive Care – Level 2A
Neonatal Intensive Care – Level 2B
Neonatal Intensive Care – Level 3
Delivery Suite
Day Surgery, First 3 Hours
Subsequent Rate Per Hour – During office hours
Subsequent Rate Per Hour – After 7pm from Mon to Fri and After 2pm on Sat
Day Surgery Single Room – Up to 8 hours, 1 Meal Included

ဝန်ဆောင်မှုစုံစမ်းရန်