စင်္ကာပူ Raffles ဆေးရုံတွင် ရောဂါရှာဖွေရေးနည်းလမ်းသစ်ဖြစ်သည့် 𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးစစ်ဆေးမှုဖြင့် ရင်သားကင်ဆာကို စောစီးစွာစစ်ဆေးဖော်ထုတ်ပေးလျက်ရှိပါသည်။
အာရှအမျိုးသမီးအများစုတွင် သိပ်သည်းသောရင်သားများရှိလေ့ရှိပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ရင်သားကင်ဆာအကျိတ်များကို ပုံမှန်ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်း mammogram ဖြင့် စစ်ဆေးဖော်ထုတ်သိရှိရန်ခက်ခဲနိုင်ပါသည်။
𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးဖြင့်စစ်ဆေးမှုအဖြေသည် ပုံမှန်ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်း mammogram အဖြေကို ဖြည့်စွက်ပေးခြင်းအားဖြင့် ရင်သားကင်ဆာကို စောစီးစွာဖော်ထုတ်သိရှိနိုင်မည့် မှန်ကန်တိကျမှုကိုတိုးစေပါသည်။
မိသားစု၀င်တွင် ရင်သားကင်ဆာကျန်းမာရေးရာဇ၀င်ရှိသည့် ရင်သားကင်ဆာဖြစ်နိုင်ခြေအန္တရာယ်မြင့်သော အမျိုးသမီးများ Mastocheck® သွေးဖြင့်စစ်ဆေးခြင်းကို အထူးအကြံပြုလိုပါသည်။
စင်္ကာပူ Raffles ဆေးရုံတွင် ရင်သားအထူးကုဆရာ၀န်ကြီးနှင့် တိုင်ပင်ဆွေးနွေးပြီးစစ်ဆေးလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။