အတွေ့အကြုံ‌‌ဝေမျှခြင်း

COVID-19 ကာကွယ်ဆေး ပထမအကြိမ်မထိုးမှီ သိထားသင့်သည့်အချက်များ။
12
COVID-19 ကာကွယ်ဆေးထိုးရန် သင်စိတ်ပူနေပြီး အတွေးများစွာရှိနေနိုင်သည်။ ကာကွယ်ဆေးထိုးခြင်းသည် မိမိဆန္ဒအလျောက်ဖြစ်သော်လည်း ဆေးထိုးရန်သင့်တော်သူများအားလုံး ထိုးထားသင့်ပါသည်။ COVID-19 ကာကွယ်ဆေးထိုးခြင်းသည် မိမိကိုယ်ကိုသာမက မိမိချစ်ရသောသူများအတွက်လည်း ကာကွယ်ရာရောက်ပါသည်။ ပထမဆုံးဆေးမထိုးမှီ သင်သိထားသင့်သည့်အရာများကို ဝေမျှပေးချင်ပါသည်။ ကာကွယ်ဆေးကိုဘယ်လိုထိုးရမလဲ။ ၁။ ကာကွယ်ဆေးကို လက်မောင်းတွင်ထိုးရပါမည်။ အကောင်းဆုံးမှာ သင်သည်ညာသန်ဖြစ်လျှင် ဘယ်ဘက်လက်တွင်ကာကွယ်ဆေးထိုးခံသင့်ပါသည်။ ၂။ လက်မောင်းပေါ် ဆေးထိုးမည့်နေရာကို ဆေးမထိုးမှီ အရက်ပျံဖြင့်သုတ်၍သန့်စေပါမည်။ ၃။ ဆေးကို သင်၏ပုခုံး deltoid ကြွက်သားအတွင်းသို့ထိုးပါမည်။ ၄။ ၂၁ ရက်ခြား နှစ်ကြိမ်ထိုးရန်လိုအပ်ပါသည်။ ဆေးအဖွဲ့သည် သင်ဒုတိယအကြိမ်ဆေးထိုးရမည့်ရက်ကို သင့်အားအသိပေးပါလိမ့်မည်။ ကာကွယ်ဆေးထိုးပြီး  ဘာဖြစ်နိုင်ပါသလဲ။ ကာကွယ်ဆေးထိုးပြီးနောက် ဆေးတုံ့ပြန်မှုကိုသိရှိရန် အနားယူသည့်နေရာတွင် မိနစ် ၃၀ စောင့်ကြည့်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ကျန်းမာရေးဝန်ထမ်းများသည် သင်၏ကျန်းမာရေးအခြေအနေအတွက်အဆင်သင့်ရှိနေပါမည်။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလဲ။ လူတိုင်းသည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ခံစားရလိမ့်မည်မဟုတ်သော်လည်း COVID-19 ဗိုင်းရပ် ဆန့်ကျင်ကိုယ်ခံစွမ်းအားတည်ဆောက်ရန် ခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှုဖြစ်သဖြင့် ခံစားရတတ်သည်ကို မျှော်လင့်ထားရပါမည်။ အများအားဖြင့် ဤဘေးထွက်ဆိုးကျိုးများကို Paracetamol  သောက်သုံးခြင်းဖြင့် (၁) ရက် (၂) ရက်အတွင်း သက်သာနိုင်ပါသည်။ အဖြစ်အများဆုံး လက္ခဏာများ။ ဆေးထိုးသည့်နေရာ၌နာခြင်း။ပင်ပန်းနွမ်းနယ်ခြင်း နှင့် မောပန်းခြင်း။ခေါင်းကိုက်ခြင်း။ကြွက်သားကိုက်ခဲခြင်း။အအေးမိခြင်း။ အဖြစ်နည်းသော လက္ခဏာများ။ ဖျားခြင်း။ ကိုယ်ပူခြင်း။လည်ပင်း (သို့) လက် အကျိတ်တို့ ရောင်ရမ်းခြင်း။COVID-19 ကာကွယ်ဆေးကိုခံယူပြီး ၁ ရက် မှ ၃ ရက် ခန့်အတွင်းဖြစ်နိုင်သည်။ ၂ ရက် မှ ၃ ရက်ထက် ပိုမကြာပေ။ အလွန်အဖြစ်နည်းသော လက္ခဏာများ။ ဓာတ်မတည့်ခြင်းတုံ့ပြန်မှု။ (ဆေးပမာဏတစ်သန်းတွင် ၁၁...