13 Jun 2023
အသက်အရွယ်ရလာသည်နှင့်အမျှ အောက်ပါရောဂါလက္ခဏာများကို သတိထားထိန်းသိမ်းခြင်းဖြင့် မလိုလားအပ်သောကျန်းမာရေးဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ကာ ဘဝအရည်အသွေးပြည့်ဝ၍ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ပါမည်။ ၁။ သွေးတိုးရောဂါ။ နှလုံးသွေးညှစ်ခြင်းကြောင့် သွေးလွှတ်ကြောနံရံသို့ သွေးဖိအားမြင့်လျှင် သွေးတိုးရောဂါရှိနိုင်ပါသည်။ သွေးတိုးရောဂါသည် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ နှင့် သွေးလွှတ်ကြောများပျက်စီးခြင်းတို့ဖြစ်တတ်ပါသည်။ သွေးတိုးရောဂါသည် အသံတိတ်လူသတ်သမားဟုအဆိုရှိသဖြင့် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်း၊ ပုံမှန်အားကစားလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း နှင့် ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းခြင်းဖြင့် သွေးတိုးမဖြစ်စေရန်ကာကွယ်နိုင်ပါသည်။ လိုအပ်ပါက ဆရာဝန်ဖြင့်သေချာစွာပြသ၍ သွေးတိုးထိန်းဆေးသောက်သင့်ပါသည်။ ၂။ ဆီးချိုရောဂါ။ သွေးတွင်းသကြားဓာတ်သည် ပုံမှန်ညွှန်းကိန်းထက်မြင့်နေပါက ဆီးချိုရောဂါရှိပါသည်။ အသက်ကြီးလာသည်နှင့်အမျှ လှုပ်ရှားမှုနည်းလာသူတို့တွင် ကိုယ်အလေးချိန်တိုးလာပြီး ကြွက်သားဆုံးရှုံးလာပါသည်။ ပါးစပ်ခြောက်ခြင်း၊ ရေဆာခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ဆီးတွင်းသကြားဓာတ်မြင့်ခြင်း၊ မကြာခဏဗိုက်ဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝေ၀ါးခြင်း၊ မောပန်းလွယ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်း နှင့် မေ့မြောခြင်း စသည့်လက္ခဏာများကိုသတိပြုရပါမည်။ ဆီးချိုရောဂါသည် ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ၊ ပုံမှန်အားကစားလုပ်ခြင်း နှင့် ဆေးပုံမှန်သောက်ခြင်းတို့ဖြင့် ထိန်းနိုင်ပါသည်။ အင်ဆူလင်ထုတ်လုပ်နိုင်မှုမြင့်စေရန်၊ ဆီးမှသကြားဓာတ်စွန့်နိုင်ရန် ဆေးအမျိုးမျိုးပေးခြင်းဖြင့်လည်းထိန်းနိုင်ပါသည်။ ၃။ သွေးတွင်းကိုလက်စရောအဆီ။ သွေးတွင်းကိုလက်စရောအဆီများပါက နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်မြင့်ပါသည်။ နှလုံးသွေးကြောနံရံများတွင် ကိုလက်စရောအဆီစုလာသည့်အတွက် နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းကြောင့် နှလုံးသို့အောက်စီဂျင်ရောက် နှုန်းနည်းလာပြီး နှလုံးဖောက်နိုင်ပါသည်။ သွေးတွင်းကိုလက်စရောအဆီကို သွေးဖောက်စစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါသည်။ ကိုလက်စရောအဆီမြင့်နေပါက အားကစားလုပ်ခြင်း၊ ကျန်းမာစွာနေထိုင်စားသောက်မှုပုံစံပြောင်းခြင်းတို့ဖြင့် လျော့ချနိုင်ပါသည်။ ထိုသို့ပြောင်းလဲသော်လည်း မြင့်နေသေးသည်ဆိုပါက ဆရာဝန်ဖြင့်သေချာစွာပြသ၍ ဆေးသောက်သုံးရပါမည်။ ၄။ ဆီးမထိန်းနိုင်ခြင်း။ မတော်တဆဆီးထွက်ကျခြင်းကို ဆီးမထိန်းနိုင်ခြင်းဟုခေါ်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ် များသည်။ အသက်အရွယ်ကြီးလာခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အမျိုးသားဆီးကျိတ်ပြဿနာ၊ ဆီးအိမ်တွင်ဆီးကျောက်တည်ခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။ ဆီးအိမ်မတင်းဘဲဆီးအရမ်းသွားချင်ခြင်း၊...
31 May 2023
၁။ ပင်ပန်းနွမ်းနယ်မှု။ ပင်ပန်းနွမ်းနယ်မှုကို နေ့လည်နေ့ခင်းတွင် ခဏတာအိပ်ခြင်း (သို့) အနားယူခြင်း၊ ပေါ့ပေါ့ပါးပါးလှုပ်ရှားခြင်း (ဥပမာ- ပန်းခြံတွင် လမ်းလျှောက်ခြင်း)၊ ကဖင်းဓာတ်များသည့် အရည်များကိုလျော့သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ၂။ မအီမသာဖြစ်ခြင်း နှင့် ပျို့အန်ခြင်း။ စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုတို့ကြောင့် ဗိုက်မကောင်းခြင်းလည်းဖြစ်နိုင်ပါသည်။ ကြက်သားကြော်၊ ကြာဇံကြော် စသည့် အဆီများသောအစားအစာများ စားသုံးခြင်းမှရှောင်ကြဉ်ရပါမည်။ အစားအစာများကို တစ်ကြိမ်တည်း အလွန်အကျွံ စားသုံးမည့်အစား မကြာခဏ အနည်းငယ်စီစားသုံးသင့်ပါသည်။ ဆရာဝန်မှ မအန်သည့်ဆေးကိုသောက်သုံးရန် ညွှန်းကြားထားပါက အစာမစားမှီနာရီဝက်အလိုတွင် သောက်သုံးရပါမည်။ ၃။ ပါးစပ်/ လည်ပင်းနာခြင်း။ တစ်ချို့ Chemo ကုထုံးသည် ပါးစပ်အနာများကို ဖြစ်စေနိုင်သောကြောင့် ခံတွင်းသန့်ရှင်းရေးကိုထိန်းသိမ်းရန် အရေးကြီးပါသည်။ သွားပွတ်တံအပျော့သုံးခြင်း၊ အစာစားပြီးတိုင်း ဆားရည်နွေးဖြင့်ပလုတ်ကျင်းခြင်း၊ တစ်နေ့တစ်ကြိမ် ပါးစပ်တွင် အနာရှိမရှိစစ်ဆေးခြင်းတို့ကိုလုပ်သင့်ပါသည်။ အကယ်၍ ပါးစပ်တွင် ပုံမှန်မဟုတ်သည့် သွေးထွက်ခြင်း၊ နာကျင်ခြင်း (သို့) အနာများရှိခြင်း၊ အစာစားသုံးမှု (သို့) အစာမျိုချမှုခက်ခဲခြင်းတို့ရှိပါက ဆရာဝန်ကိုအကြောင်းကြားပါ။ စပ်သောအစာစားသုံးခြင်း၊ အလွန်ပူသော (သို့) အလွန်အေးသော အရည်များသောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမည်။ ၄။ အစားအစာ/ ခံတွင်းပျက်ခြင်း/ ခံတွင်းအရသာပြောင်းခြင်း။ Chemo ကုထုံးခံယူစဉ်တွင် ခံတွင်းပျက်ခြင်း နှင့် ခံတွင်းအရသာပြောင်းခြင်းတို့ကို ပုံမှန်ကြုံတွေ့ရတတ်ပါသည်။ Chemo ကုထုံးခံယူပြီး ၂-၃လ နောက်ပိုင်းတွင် ခံတွင်းအရသာ ပုံမှန်အတိုင်းပြန်ဖြစ်ပါလိမ့်မည်။ မျှတသောအစာများကို တစ်ရက်လျှင် ၃ကြိမ် အဝစားမည့်အစား၊ ၅-၆ ကြိမ်ခွဲ၍ အနည်းငယ်စီစားသုံးသင့်ပါသည်။ အစာစားချင်စိတ်ကို ဖြစ်စေရန် ပေါ့ပါးသောကိုယ်လက်လှုပ်ရှားမှုကိုလုပ်သင့်ပါသည်။ ဖြည့်စွက်စာများကိုလည်း စားသုံးနိုင်ပါသည်။ ပါးစပ်တွင် ခါးသက်သောအရသာကို ပျောက်စေရန်...
18 May 2023
Chemo ကုထုံးဆိုသည်မှာ ဆေးများ (သို့) ဓာတုဓာတ်ပစ္စည်းများဖြင့် ကိုယ်ခန္ဓာတွင်းရှိ ပုံမှန်မဟုတ်သော (သို့) ပျက်စီးနေသောဆဲလ်များကို ဖျက်စီးသည့်ကုထုံးဖြစ်ပါသည်။ Chemo ကုထုံးသည် ကင်ဆာအမျိုးအစား နှင့် မည်မျှပျံ့နှံ့နေခြင်းပေါ်တွင်မူတည်၍ ကင်ဆာဆဲလ်များ၏ ကြီးထွားမှုနှင့်တိုးပွားမှုကို ဟန့်တားစေပါသည်။ Chemo ကုထုံးဖြင့် ကင်ဆာရောဂါကုသခြင်း။ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးကွေးစေခြင်း။ကင်ဆာလက္ခဏာများကို လျော့ပါးစေခြင်း။ (ဥပမာ- ကင်ဆာအရွယ်အစားကို သေးစေခြင်းအားဖြင့် နာကျင်မှု နည်းစေခြင်း) Chemo ကုထုံးကုသမှုမှာ ဆရာဝန်၏ညွှန်ကြားချက်ပေါ်တွင်မူတည်ပါသည်။ နေ့စဉ်၊ တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် (သို့) တစ်လတစ်ကြိမ် ဖြစ်နိုင်ပါသည်။ တစ်ကြိမ်ကုသမှုခံယူပြီးတိုင်း ကြားတွင်နားချိန်ကာလရက်အပတ် အပိုင်းအခြားဖြင့် ကုသမှုပေးခြင်းဖြစ်ပါသည်။ အနားယူချိန်တွင် Chemo ကုထုံးကြောင့် ထိခိုက်ပျက်စီးသွားသော ပုံမှန်ဆဲလ်နေရာတွင် ဆဲလ်အသစ်များ ပြန်လည်ပြည့်ဝလာစေရန် ကိုယ်ခန္ဓာကိုအနားပေးခြင်းဖြစ်ပါသည်။ ဆရာဝန်သည် လူနာ၏တိုးတက်မှုအခြေအနေကို အသေးစိတ်စောင့်ကြည့်၍ Chemo ကုထုံး ကုသမှုကြာမြင့်ချိန်ကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ယေဘူယျအားဖြင့် Chemo ကုထုံးအမျိုးအစားအများစုကို ပြင်ပလူနာအနေဖြင့် ကုသမှုပေးပါသည်။ သို့သော် Chemo ကုထုံးခံယူနေစဉ်တွင် လူနာ၏တိုးတက်မှုအခြေအနေကို အဆက်မပြတ် ဆရာဝန်မှ စောင့်ကြည့်ရန်လိုအပ်ပါက ဆေးရုံတက်ရန် လိုအပ်ပါလိမ့်မည်။