31 Jul 2023
ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် တတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပါသည်။ ဆီးလမ်းကြောင်းတစ်၀ိုက် ဆီးအိမ်အောက်ရှိ ဆီးကျိတ်တွင်ကင်ဆာဖြစ်ခြင်းဖြစ်ပါသည်။ အများအားဖြင့် ဆီးကျိတ်ကင်ဆာသည် ဆီးကျိတ်အတွင်း၌သာတစ်ဖြည်းဖြည်းဖြစ်လာပြီး၊ ဆိုးရွားစွာအန္တရာယ် မဖြစ်တတ်ပေ။ တစ်ချို့ ဆိုးရွားသောဆီးကျိတ်ကင်ဆာသည် ကြီးထွားနှုန်းမြန်ပြီး၊ တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့လျင်မြန်စွာပျံ့နှံ့တတ်ပါသည်။ အောက်ပါအခြေအနေများတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုများပါသည်။ အသက် ၅၀ အထက်အမျိုးသားများ။မိသားစု၀င်တွင် ဆီးကျိတ်ကင်ဆာဖြစ်ဖူးသည့် ကျန်းမာရေးရာဇ၀င်ရှိခြင်း။အ၀လွန်ခြင်း။အဆီများသည့် အစာများကိုစားသုံးခြင်း။ ဆီးကျိတ်ကင်ဆာလက္ခဏာများ။ အထူးသဖြင့် အစောပိုင်းအဆင့် မပြင်းထန်သည့်ဆီးကျိတ်ကင်ဆာအမျိုးအစားတွင် လက္ခဏာမပြတတ်ပေ။ ရောဂါကျွမ်းသည့်အဆင့်ရောက်မှသာလျှင် လက္ခဏာပြတတ်ပါသည်။ ဆီးကျိတ်ကင်ဆာဖြစ်လျှင် ခံစားရနိုင်သည့်လက္ခဏာများမှာ - ဆီးသွားရခက်ခြင်း။ပန်းသေ၊ ပန်းညှိုးဖြစ်ခြင်း။သုတ်ပိုးတွင် သွေးပါခြင်း။ တစ်ချို့ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ တစ်ခြားကျန်းမာရေးအခြေအနေများကြောင့်လည်းဖြစ်နိုင်သည့်အတွက် အထက်ပါလက္ခဏာများကိုခံစားနေရပြီဆိုပါက မှန်ကန်သောစစ်ဆေးကုသမှုကိုခံယူရန် အလွန်အရေးကြီးပါသည်။ ဆီးကျိတ်ကင်ဆာစစ်ဆေးဖော်ထုတ်ခြင်း။ ဆရာ၀န်သည်သင့်တွင်ဆီးကျိတ်ကင်ဆာရှိသည်ဟု သံသယရှိပါကအောက်ပါစစ်ဆေးမှုများကိုပြုလုပ်ပါမည်။ စအိုတွင်းမှတဆင့် ဆီးကျိတ်တွင်အလုံးခဲများရှိမရှိ လက်အိတ်၀တ်လက်ချောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း။ဆီးကျိတ်မှထုတ်သည့် ပရိုတင်းပမာဏမည်မျှရှိသည်ကို သွေးဖောက်စစ်ဆေးခြင်း။ဆီးကျိတ်မှအသားစနမူနာယူ၍ ဓာတ်ခွဲခန်းအဖြေစစ်ဆေးခြင်း။ ဆီးကျိတ်ကင်ဆာကုထုံး။ လူနာ၏အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ဆီးကျိတ်ကင်ဆာအဆင့်ပေါ်မူတည်၍ ဆရာ၀န်မှ လူနာအတွက် သင့်တော်သောကုထုံးကို ဆွေးနွေးအကြံပေးပါမည်။ ပုံမှန်ကုထုံးများမှာ - အန္တရာယ်နည်းသည့် (သို့) ကြီးထွားမှုနှေးသည့်ဆီးကျိတ်ကင်ဆာကို ချက်ချင်းကုသမှုခံယူရန်မလိုအပ်ပါက ပုံမှန် follow-ups ပြရန် နှင့် လိုအပ်သောစစ်ဆေးမှုကို လုပ်ဆောင်ခြင်းဖြင့် ကင်ဆာပြောင်းလဲလာမှုအခြေအနေကို စောင့်ကြည့်ပါမည်။ စစ်ဆေးသည့်ရလဒ်အဖြေများသည် ကင်ဆာပြောင်းလဲလာမှုအခြေအနေကိုပြပါက ကုသမှုခံယူရပါမည်။ခွဲစိတ်မှုခံယူရမည်ဆိုပါက ဆီးကျိတ်တစ်ခုလုံးကိုထုတ်ပါသည်။ ၀မ်းဗိုက်အောက်ပိုင်းတွင် ခွဲစိတ်ရာပေး၍ ဆီးကျိတ်ကိုဖယ်ထုတ်ပါမည်။ robot ဖြင့် သေချာစွာချိန်ရွယ်ပြီး ပို၍တိကျစွာခွဲစိတ်နိုင်ပါသည်။Chemo ဆေးသွင်းကုထုံးသည် ကင်ဆာတိုက်ထုတ်သည့်ဆေးများဖြစ်ပြီး၊ သွေးကြောထဲထိုးခြင်း၊ အရေပြားထဲထိုးခြင်း (သို့) သောက်ဆေး စသည်ဖြင့်အမျိုးမျိုးရှိပါသည်။ ဆေးသည် သွေးကြောထဲသို့ ရောက်ရှိပြီး၊ လျင်မြန်စွာကြီးထွားနေသည့်ကင်ဆာဆဲလ်များကို တိုက်ထုတ်ပေးပါသည်။ Chemo ဆေးသွင်းကုထုံးကို cycles အကြိမ်ရေဖြင့်ရေတွက်ပါသည်။...
26 Jul 2023
MRI/Ultrasound ပုံရိပ်များပေါင်းစပ်အသုံးပြု၍ 3D ပုံစံဖြင့် ဆီးကျိတ်ကင်ဆာသံသယရှိသည့်နေရာကို စက်ဖြင့် သေချာချိန်ရွယ်ပြီးအသားစယူခြင်းဖြစ်ပါသည်။ ပထမဆုံးသတိထားရမည့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို Prostate-Specific Antigen (PSA) သွေးစစ်အဖြေမြင့်နေခြင်း (သို့) လက်ဖြင့်စအိုစစ်ဆေးခြင်းရလဒ် ပုံမှန်မဟုတ်ခြင်းတို့မှ သိရှိနိုင်ပါသည်။ ထိုသို့ဖြစ်ခဲ့ပါက ဆီးကျိတ်တစ်သျှူးအသားစများယူခြင်းဖြင့် ကင်ဆာဟုတ်မဟုတ်ကိုစစ်ဆေးသိရှိနိုင်ပါသည်။ ဆီးကျိတ်အသားစယူခြင်းကို ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးမှလုပ်ဆောင်ပါသည်။ ဆေးရုံတွင်ညအိပ်ရန်မလိုပဲ မေ့ဆေး၊ ထုံဆေးပြေသည့်အခါတွင် အိမ်ပြန်နိုင်ပါသည်။ ဆီးကျိတ်အသားစကို အဘယ်ကြောင့် စက်ဖြင့်သေချာချိန်ရွယ်ပြီး ယူသင့်ပါသနည်း။ ဆီးကျိတ်အသားစယူမည့်နေရာကို စက်ဖြင့်သေချာချိန်ရွယ်ပြီးယူခြင်းဖြင့် ဆီးကျိတ်ကင်ဆာရောဂါရှာဖွေဖော်ထုတ်နိုင်မှုကို အတိကျဆုံးဖြစ်စေပါသည်။ ဆီးကျိတ်သည် သစ်ကြားသီးအရွယ်မျှသာရှိသည်။ ကြိုတင်ရိုက်ကူးထားသော MRI ပုံရိပ်များကို Ultrasound ပုံရိပ်များဖြင့် ပူးတွဲအသုံးပြုပါသည်။ ထိုနည်းလမ်းဖြင့် အသားစယူရမည့်သံသယရှိသည့်ဆီးကျိတ်နေရာကို 3D ပုံစံဖြင့် အထူးကုဆရာဝန်ကြီးမှတွေ့မြင်ရပြီး၊ စက်ဖြင့်သေချာပစ်မှတ်ထားခြင်းကြောင့် အသားစနမူနာကိုတိတိကျကျဖြင့် ရယူနိုင်ပါသည်။ စက်ဖြင့်သေချာချိန်ရွယ်၍ယူသောနည်းလမ်းသည် ရောဂါရှာဖွေဖော်ထုတ်နိုင်မည့်အချက်အလက်ပိုရရှိသည့်အတွက် ဆီးကျိတ်ကင်ဆာဟုတ်မဟုတ်အဖြေကို ပို၍သေချာစေပါသည်။ ရရှိလာသောအဖြေစာတမ်းအရ ဆက်လက်စစ်ဆေးစောင့်ကြည့်ရမည်လား (သို့) ချက်ချင်းဆေးကုသမှုခံယူရမည်လားဆိုသည့် ဆုံးဖြတ်ချက်ကိုသေချာစွာချမှတ်နိုင်မည်ဖြစ်ပါသည်။ ခေတ်မှီဆန်းသစ်နည်းပညာအသုံးပြုထားသဖြင့် အသားစနမူနာမည်မျှပင်ယူယူ ထိုးဖောက်ထားသောအရေပြားအပေါက်ငယ် ၂ နေရာမှသာယူပါမည်။ ပိုးဝင်နိုင်ခြေမှာ သုညနီးပါးနည်းပါသည်။ မည်သူတို့ စက်ဖြင့်သေချာချိန်ရွယ်ပြီး ဆီးကျိတ်အသားစယူသင့်ပါသနည်း။ PSA သွေးစစ်အဖြေမြင့်နေခြင်း နှင့် လက်ဖြင့်စအိုစစ်ဆေးခြင်းရလဒ်ပုံမှန်မဟုတ်ခြင်း။ယခင်အသားစယူခဲ့သောအဖြေကောင်းသော်လည်း၊ PSA သွေးစစ်အဖြေ တောက်လျှောက်မြင့်နေခြင်း။အမြဲတမ်းစစ်ဆေးစောင့်ကြည့်နေရမည့် ဆီးကျိတ်ကင်ဆာလူနာများ။ဆီးကျိတ်ကင်ဆာရောဂါ စစ်ဆေးဖော်ထုတ်နိုင်မှုကို တိုးတက်ကောင်းမွန်စေခြင်း။ စင်ကာပူ Raffles ဆေးရုံတွင် စစ်ဆေးကုသမှုခံယူလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
21 Jul 2023
ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် နံပါတ် ၃ အဖြစ်အများဆုံးကင်ဆာဖြစ်ပါသည်။ အသက် ၅၀ အထက် အမျိုးသား ၃ ယောက်တွင် ၁ ယောက်သည် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ရှိပါသည်။ သင်သည် အသက် ၅၀ အထက်၊ အဝလွန်ခြင်း (သို့) အဆီများသောအစာစားသုံးခြင်း၊ သင့်မိသားစု၀င်တွင် ဆီးကျိတ်ကင်ဆာရှိဖူးသည့် ကျန်းမာရေးရာဇဝင်ရှိပါက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ပို၍မြင့်ပါသည်။ ဆီးကျိတ်ကင်ဆာရှိပါက ခံစားရနိုင်သည့်လက္ခဏာများမှာ- ညဘက် ဆီးခဏခဏသွားခြင်း။ဆီးစထွက်ရန် (သို့) ဆီးအောင့်ထားရန် ခက်ခဲခြင်း။ဆီးပေါက်မထွက်ခြင်း။ဆီးထွက်အားနည်းခြင်း။ဆီးသွားနာကျင်ခြင်း။ဆီးတွင် (သို့) သုတ်ရည်တွင် သွေးပါခြင်း။ အထက်ပါလက္ခဏာများကိုခံစားနေရပါက ရောဂါအခြေအနေပိုမဆိုးမှီ ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးဖြင့် ကုသမှုခံယူသင့်ပါသည်။ ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း Package (S$ 341.15) တွင် အောက်ပါအတိုင်းပါ၀င်ပါသည်။ ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးဖြင့် တိုင်ပင်ဆွေးနွေးခြင်း။ကျောက်ကပ်နှင့်ဆီးကျိတ်ကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်စစ်ဆေးခြင်း။ဆီးကျိတ်ကင်ဆာရှိမရှိ သွေးဖောက်စစ်ဆေးခြင်း။ (PSA)ဆီးထွက်အားတိုင်းတာခြင်း။ (Uroflowmetry) စင်ကာပူ Raffles ဆေးရုံတွင် ဆီးကျိတ်ကင်ဆာစစ်ဆေးလိုသူများ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။