အတွေ့အကြုံ‌‌ဝေမျှခြင်း

𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးစစ်ဆေးမှုဖြင့် ရင်သားကင်ဆာကို စစ်ဆေးခြင်း။
22
စင်္ကာပူ Raffles ဆေးရုံတွင် ရောဂါရှာဖွေရေးနည်းလမ်းသစ်ဖြစ်သည့် 𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးစစ်ဆေးမှုဖြင့် ရင်သားကင်ဆာကို စောစီးစွာစစ်ဆေးဖော်ထုတ်ပေးလျက်ရှိပါသည်။ အာရှအမျိုးသမီးအများစုတွင် သိပ်သည်းသောရင်သားများရှိလေ့ရှိပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ရင်သားကင်ဆာအကျိတ်များကို ပုံမှန်ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်း mammogram ဖြင့် စစ်ဆေးဖော်ထုတ်သိရှိရန်ခက်ခဲနိုင်ပါသည်။ 𝙈𝙖𝙨𝙩𝙤𝙘𝙝𝙚𝙘𝙠® သွေးဖြင့်စစ်ဆေးမှုအဖြေသည် ပုံမှန်ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်း mammogram အဖြေကို ဖြည့်စွက်ပေးခြင်းအားဖြင့် ရင်သားကင်ဆာကို စောစီးစွာဖော်ထုတ်သိရှိနိုင်မည့် မှန်ကန်တိကျမှုကိုတိုးစေပါသည်။ မိသားစု၀င်တွင် ရင်သားကင်ဆာကျန်းမာရေးရာဇ၀င်ရှိသည့် ရင်သားကင်ဆာဖြစ်နိုင်ခြေအန္တရာယ်မြင့်သော အမျိုးသမီးများ Mastocheck® သွေးဖြင့်စစ်ဆေးခြင်းကို အထူးအကြံပြုလိုပါသည်။ စင်္ကာပူ Raffles ဆေးရုံတွင် ရင်သားအထူးကုဆရာ၀န်ကြီးနှင့် တိုင်ပင်ဆွေးနွေးပြီးစစ်ဆေးလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဗီတာမင်အမျိုးအစားများကဘာတွေလဲ။
22
ရေတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များ နှင့် အဆီတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ရေတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များမှာအဘယ်နည်း။ ဗီတာမင် C နှင့် B သည် ရေတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဖြစ်ပါသည်။ ဤဗီတာမင်များကို သင်၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားခြင်းမရှိသည့်အတွက် နေ့စဉ်ပြန်လည်ဖြည့်ရပါသည်။ ဤဗီတာမင်များကို လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် သီးနှံများစားသုံးခြင်းတို့မှ အလွယ်တကူရနိုင်ပါသည်။ အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များမှာအဘယ်နည်း။ ဗီတာမင် A, D, E, K တို့သည် အဆီတွင်ပျော်ဝင်နိုင်သည့်ဗီတာမင်များဖြစ်ပါသည်။ ဤဗီတာမင်များကို ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာသိမ်းထားနိုင်ပါသည်။ ထို့ကြောင့် သင်သည် ဤဗီတာမင်များကို နေ့စဉ်အနည်းငယ်သာ သောက်သုံးရန်လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤဗီတာမင်များသည် ကျွန်ုပ်တို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဤဗီတာမင်များကို အသုံးမပြုသည့်အခါ အသည်းနှင့်အဆီတစ်သျှူးများတွင် သိုလှောင်ထိန်းသိမ်းထားပါသည်။ ဗီတာမင်များ၏လုပ်ငန်းဆောင်တာများမှာအဘယ်နည်း။ ဗီတာမင်များသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတွင် ကွဲပြားခြားနားသောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါသည်။ ဗီတာမင် C, B, နှင့် D ကဲ့သို့အသုံးအများဆုံးဗီတာမင်အချို့သည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များရှိသည်။ ဥပမာအားဖြင့် ဗီတာမင် C သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှိတစ်ရှူးများ၏ ကြီးထွားမှုနှင့်ပြုပြင်ခြင်းများတွင်ကူညီသည်။ အနာကျက်မြန်စေပါသည်။ ဗီတာမင် C သည် သံဓာတ်စုပ်ယူမှုကိုလည်း အားကောင်းစေပါသည်။ ဗီတာမင် B သည် သွေးနီဥဆဲလ်ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေပြီး၊ ကျွန်ုပ်တို့၏စွမ်းအင်နှင့်ဇီ၀ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါသည်။ ကျန်းမာသည့်အာရုံကြောစနစ်ကိုဖြစ်စေရန်လည်း အရေးပါပါသည်။ ဗီတာမင် D သည် အရိုးတည်ဆောက်ရန်အရေးကြီးသည့် ကယ်လ်ဆီယမ်နှင့်ဖော့စဖောစ်တို့ကို စုပ်ယူထိန်းသိမ်းပေးပါ သည်။ ရောဂါကူးစက်မှုကိုထိန်းချုပ်ပေးနိုင်ပြီး၊ ရောင်ရမ်းမှုကိုလည်းလျှော့ကျစေပါသည်။ ဗီတာမင်ချို့တဲ့သော လက္ခဏာများမှာအဘယ်နည်း။ ကျွန်ုပ်တို့မှတ်ယူရမည့်လက္ခဏာတချို့ရှိပါသည်။ ပထမဦးစွာ အနာကျက်နှေးခြင်းသည် ဗီတာမင် C မလုံလောက်ခြင်းကိုညွှန်ပြပါသည်။ ဒုတိယအချက်အနေဖြင့် ပုံမှန်မဟုတ်သောဆံပင်ကျွတ်ခြင်းသည်...
ပြင်းထန်သောနှလုံးချို့ယွင်းခြင်း (သို့) နှလုံးရပ်ခြင်း။
28
ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းသည် သွေးဆဲလ်များစုဝေးလာခြင်းကိုဖြစ်စေနိုင်ပြီး  ဦးနှောက်သို့သွားသော သွေးကြောများ ပိတ်ဆို့ခြင်းနှင့်လေဖြတ်ခြင်းတို့ကိုဖြစ်စေနိုင်သည်။ လူ့နှလုံးသည် လက်သီးဆုပ်မျှသာရှိသော်လည်း ၎င်း၏အံ့သြဖွယ် ကောင်းသောလုပ်ဆောင်ချက်မှာ တစ်နေ့လျှင် အကြိမ်ပေါင်း ၁၀၀,၀၀၀ နှင့် ဘဝသက်တမ်းတစ်လျှောက်တွင် ပျမ်းမျှအကြိမ်သန်း ၃၀၀၀ လောက် ခုန်နိုင်ပါသည်။ နှလုံး၏ အလွန်အရေးပါသောလုပ်ဆောင်ချက်မှာ အသက်ရှင်သန်ရန်အတွက် လိုအပ်သောအောက်စီဂျင် နှင့် အာဟာရဓာတ်တို့ကို သွေးမှတဆင့်ခန္ဓာကိုယ်အနှံ့ သယ်ဆောင်နိုင်ရန်အတွက်ညှစ်ပေးခြင်းဖြစ်ပါသည်။   အကယ်၍ နှလုံးညှစ်အားပျော့လျှင် လူနာသည် နှလုံးချို့ယွင်းခြင်းလက္ခဏာများဖြစ်သည့် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ခြေထောက်ရောင်ခြင်း နှင့် တချို့တွင် ထိုင်လျက်ဖြင့်အိပ်ချင်လာခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်မျိုးသည် တချိန်က ကျွန်ုပ်၏လူနာတစ်ဦးတွင်ဖြစ်ခဲ့ဖူးသည်။  ရှယ်လာ၏ အဖြစ်အပျက်။ ရှယ်လာသည် အသက် ၆၀ ဝန်းကျင်ရှိသော သွက်လက်သည့်အမျိုးသမီးဖြစ်သည်။ သူမသည် စင်္ကာပူသို့ အပန်းဖြေခရီးလာရခြင်းကို နှစ်သက်ပြီး တစ်နှစ်လျှင် ၄ကြိမ်တိုင် လာရောက်လည်ပတ်လေ့ရှိသည်။ ထိုသို့လာရောက်ခြင်းမျိုး နှစ်အတော်ပင်ရှိခဲ့ပြီး စင်္ကာပူတွင် အပန်းဖြေအနားယူ၍ ကျန်းမာရေးအတွက်လည်းဆရာ၀န်များဖြင့်ပြသ၍ ဆေးကုသမှုခံယူပါသည်။  ကျန်းမာရေးစစ်ဆေးချက်အဖြေများအရ ရှယ်လာသည် နေကောင်းကျန်းမာသည်။ သူမသည် တစ်နေ့လျှင် ၄ ၊ ၅ မိုင်ထိ လမ်းလျှောက်နိုင်သေးသော်လည်း ဒီဇင်ဘာလ ၂၀၁၀ တွင် သူမသည် အသက်ရှူမဝခြင်း နှင့် ကျန်းမာရေး ဆုတ်လျော့လာသည်ဟုခံစားရသည်။    ကျန်းမာရေးသည် ပုံမှန်အတိုင်းကောင်းနေသေးသည်ဟုထင်သောကြောင့် ဒီဇင်ဘာတွင် ရှယ်လာသည် စင်္ကာပူသို့ အပန်းဖြေခရီးထွက်လာသည်။ လေယာဉ်ပေါ်စကားပြောနေစဉ်ကာလတွင် သူမသည် ရေနစ်သကဲ့သို့ခံစားရခြင်း၊ အသက်လုရှူနေရသကဲ့သို့ ခံစားရခြင်းမျိုးဖြစ်ပေါ်သည်။ သူမ၏စိတ်ထဲတွင် မကောင်းသောတစ်စုံတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခံစားရသောကြောင့် လေယာဉ်ဆိုက်သည်နှင့်တစ်ပြိုင်နက် ရှယ်လာသည် ကျွန်ုပ်တို့ဆေးရုံသို့ အလောတကြီးရောက်လာပါသည်။ ...
COVID-19 ကာကွယ်ဆေး ပထမအကြိမ်မထိုးမှီ သိထားသင့်သည့်အချက်များ။
12
COVID-19 ကာကွယ်ဆေးထိုးရန် သင်စိတ်ပူနေပြီး အတွေးများစွာရှိနေနိုင်သည်။ ကာကွယ်ဆေးထိုးခြင်းသည် မိမိဆန္ဒအလျောက်ဖြစ်သော်လည်း ဆေးထိုးရန်သင့်တော်သူများအားလုံး ထိုးထားသင့်ပါသည်။ COVID-19 ကာကွယ်ဆေးထိုးခြင်းသည် မိမိကိုယ်ကိုသာမက မိမိချစ်ရသောသူများအတွက်လည်း ကာကွယ်ရာရောက်ပါသည်။ ပထမဆုံးဆေးမထိုးမှီ သင်သိထားသင့်သည့်အရာများကို ဝေမျှပေးချင်ပါသည်။ ကာကွယ်ဆေးကိုဘယ်လိုထိုးရမလဲ။ ၁။ ကာကွယ်ဆေးကို လက်မောင်းတွင်ထိုးရပါမည်။ အကောင်းဆုံးမှာ သင်သည်ညာသန်ဖြစ်လျှင် ဘယ်ဘက်လက်တွင်ကာကွယ်ဆေးထိုးခံသင့်ပါသည်။ ၂။ လက်မောင်းပေါ် ဆေးထိုးမည့်နေရာကို ဆေးမထိုးမှီ အရက်ပျံဖြင့်သုတ်၍သန့်စေပါမည်။ ၃။ ဆေးကို သင်၏ပုခုံး deltoid ကြွက်သားအတွင်းသို့ထိုးပါမည်။ ၄။ ၂၁ ရက်ခြား နှစ်ကြိမ်ထိုးရန်လိုအပ်ပါသည်။ ဆေးအဖွဲ့သည် သင်ဒုတိယအကြိမ်ဆေးထိုးရမည့်ရက်ကို သင့်အားအသိပေးပါလိမ့်မည်။ ကာကွယ်ဆေးထိုးပြီး  ဘာဖြစ်နိုင်ပါသလဲ။ ကာကွယ်ဆေးထိုးပြီးနောက် ဆေးတုံ့ပြန်မှုကိုသိရှိရန် အနားယူသည့်နေရာတွင် မိနစ် ၃၀ စောင့်ကြည့်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ကျန်းမာရေးဝန်ထမ်းများသည် သင်၏ကျန်းမာရေးအခြေအနေအတွက်အဆင်သင့်ရှိနေပါမည်။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလဲ။ လူတိုင်းသည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ခံစားရလိမ့်မည်မဟုတ်သော်လည်း COVID-19 ဗိုင်းရပ် ဆန့်ကျင်ကိုယ်ခံစွမ်းအားတည်ဆောက်ရန် ခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှုဖြစ်သဖြင့် ခံစားရတတ်သည်ကို မျှော်လင့်ထားရပါမည်။ အများအားဖြင့် ဤဘေးထွက်ဆိုးကျိုးများကို Paracetamol  သောက်သုံးခြင်းဖြင့် (၁) ရက် (၂) ရက်အတွင်း သက်သာနိုင်ပါသည်။ အဖြစ်အများဆုံး လက္ခဏာများ။ ဆေးထိုးသည့်နေရာ၌နာခြင်း။ပင်ပန်းနွမ်းနယ်ခြင်း နှင့် မောပန်းခြင်း။ခေါင်းကိုက်ခြင်း။ကြွက်သားကိုက်ခဲခြင်း။အအေးမိခြင်း။ အဖြစ်နည်းသော လက္ခဏာများ။ ဖျားခြင်း။ ကိုယ်ပူခြင်း။လည်ပင်း (သို့) လက် အကျိတ်တို့ ရောင်ရမ်းခြင်း။COVID-19 ကာကွယ်ဆေးကိုခံယူပြီး ၁ ရက် မှ ၃ ရက် ခန့်အတွင်းဖြစ်နိုင်သည်။ ၂ ရက် မှ ၃ ရက်ထက် ပိုမကြာပေ။ အလွန်အဖြစ်နည်းသော လက္ခဏာများ။ ဓာတ်မတည့်ခြင်းတုံ့ပြန်မှု။ (ဆေးပမာဏတစ်သန်းတွင် ၁၁...
ကျောက်ကပ်ကိုထိန်းသိမ်းရန် လိုက်နာရမည့်အဆင့်ငါးဆင့်။
10
ကျွန်ုပ်တို့၏ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဟန်ချက်ညီစေရန် ကျောက်ကပ်သည်အလွန်အရေးပါပါသည်။ ခန္ဓာကိုယ်တွင်း အရည်ပမာဏကိုထိန်းညှိပေးပြီး၊ သွေးမှ စွန့်ပစ်ပစ္စည်းများနှင့်အဆိပ်အတောက်များကို စစ်ထုတ်ပေးခြင်း၊ သွေးဖိအား ထိန်းညှိပေးသည့် ‌ဟော်မုန်းများထုတ်ပေးခြင်း၊ အရိုးဖွဲ့စည်းတည်ဆောက်ပုံထိန်းနိုင်ရန် ဗီတာမင်ဒီကို လှုံ့ဆော်ပေးခြင်း၊ ဆိုဒီယမ်၊ ပိုတက်စီယမ် နှင့် ဖော့စဖိတ် စသည်တို့ကို မျှတအောင်ထိန်းသိမ်းပေးခြင်း၊ သွေးနီဥထုတ်လုပ်မှု လုံလောက်စေရန် ဟော်မုန်းထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။ ကျောက်ကပ်ရောဂါပြဿနာရှိသည်ကို မည်သို့သိရှိနိုင်မည်နည်း။ အစောပိုင်းကျောက်ကပ်ရောဂါရှိသည့် လူနာအများစုမှာ ရောဂါလက္ခဏာများမပြပေ။ ရောဂါလက္ခဏာပြလာသည့် အချိန်၌ ရောဂါသည်ဆိုးရွားနေပြီဖြစ်ပါသည်။ ကျောက်ကပ်ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်မှု၊ လှုပ်ရှားချင်စိတ်မရှိခြင်း၊ အားနည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဆီးသွားပမာဏနည်းလာခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခြေထောက်များ၊ လက်များ၊ မျက်နှာ၊ ဗိုက် နှင့် မျက်လုံးများ ရောင်ရမ်းခြင်း နှင့် အသက်ရှူကျပ်ခြင်း တို့ဖြစ်ပါသည်။  ကျောက်ကပ်ရောဂါများ၏ လက္ခဏာများမှာ- ဆီးထဲတွင် သွေးပါခြင်း။ ဆီးထဲတွင် ပရိုတင်းအသားဓာတ်ပါခြင်း။Creatinine မြင့်နေခြင်း နှင့် eGFR ကျနေခြင်း။ နာတာရှည်ကျောက်ကပ်ရောဂါ၏အဆင့်များ။ နာတာရှည်ကျောက်ကပ်ရောဂါအဆင့်သည် glomerular filtration rate (eGFR) နှင့် albuminuria/proteinuria ပမာဏပေါ်တွင်မူတည်ပါသည်။ ကျောက်ကပ်ရောဂါ အဆင့် ၅ ဆင့်ရှိပါသည်။ အဆင့် ၁ မှာ အစောဆုံးကျောက်ကပ်ရောဂါအဆင့်ဖြစ်ပြီး၊ အဆင့် ၅ မှာ အဆိုးရွားဆုံးအဆင့်ဖြစ်ပါသည်။ ကျောက်ကပ်ရောဂါအဆင့် ၅ လူနာအများစုသည် ကျောက်ကပ်အစားထိုးကုထုံး (ကျောက်ကပ်ဆေးခြင်း (သို့) အစားထိုးကုသမှု) အဆင့်ဖြစ်ပါသည်။ ကျောက်ကပ်ကိုထိန်းသိမ်းရန် ရိုးရှင်းသောအဆင့်ငါးဆင့်မှာ- ဆီးချိုနှင့်သွေးတိုးရောဂါများကိုထိန်းသိမ်းခြင်း။ပုံမှန်အားကစားလုပ်ခြင်း နှင့် လှုပ်လှုပ်ရှားရှားနေခြင်း။ဆေးလိပ်ဖြတ်ခြင်း။အရက်သောက်သုံးပါက အနည်းငယ်သာသောက်ခြင်း။အသီးအရွက်ပါသော ကျန်းမာရေးနှင့်ညီညွှတ်သည့်အစာကို စားသုံးခြင်း။
နာတာရှည် Covid-19 လက္ခဏာစုများ၊ ကုသခြင်း နှင့် ကာကွယ်ခြင်း။
13
နာတာရှည် Covid-19 လက္ခဏာဆိုသည်မှာ ရောဂါမှပြန်လည်နာလန်ထူလာသော်လည်း ရောဂါလက္ခဏာကြွင်းကျန်များ ဆက်လက်ခံစားနေရခြင်းကိုဆိုလိုပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဖွင့်ဆိုချက်မှာ Covid-19 ကူးစက်ခံရချိန်မှ သုံးလအကြာ အခြားဖြစ်နိုင်ချေရှိသည့်ရောဂါ လက္ခဏာများရှာမတွေ့ပဲ ရောဂါလက္ခဏာများ အနည်းဆုံးနှစ်လကြာ ဆက်ရှိနေခြင်းကိုဆိုလိုပါသည်။ တချို့သောလေ့လာမှုများအရ နာတာရှည် Covid-19 လက္ခဏာသည် Covid-19 ပိုးကြောင့်တင်မဟုတ်ပဲ ကနဦးရောဂါကူးစက်ခံရမှုမှ ကိုယ်ခံအားတက်ရန် အလွန်အမင်းအလုပ်လုပ်ရသောကြောင့် ကိုယ်ခန္ဓာမှကိုယ်အင်္ဂါများကိုပြန်တိုက်သဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာခြင်းကြောင့်ဟုယူဆကြသည်။ နာတာရှည် Covid-19 လက္ခဏာများမှာအဘယ်နည်း။ နာတာရှည် Covid-19 လက္ခဏာများမှာ အမြဲတမ်းချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မေ့လဲမလိုခံစားရခြင်း၊ နှလုံးခုန်မြန် ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်း၊ မှတ်ဥာဏ်/အာရုံစူးစိုက်မှုကျခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ပါသည်။ တခြားလက္ခဏာများမှာ စိုးရိမ်ပူပန်ခြင်း (သို့) စိတ်ဓာတ်ကျခြင်း၊ ကြွက်သားနာခြင်း၊ အနံ့အရသာမရခြင်းတို့ဖြစ်ပါသည်။ ဤရောဂါလက္ခဏာများသည် အများအားဖြင့် လေးပတ် (သို့) လေးပတ်အထက်ကြာတတ်ပါသည်။ ကျွန်ုပ်၌ နာတာရှည် Covid-19 ခံစားနေရသည်ကို မည်သို့သိရှိနိုင်မည်နည်း။ လက်ရှိတွင်စံသတ်မှတ်ထားသည့် စစ်ဆေးမှုမျိုးမရှိသေးပါ။ သို့သော် နာတာရှည် Covid-19 ခံစားနေရသည်ဟု သံသယရှိသူများကို တခြားကျန်းမာရေးအခြေအနေများဖြစ်သည့် ဆီးချိုရောဂါ၊ နှလုံးရောင်ရမ်းခြင်း၊ အဆုတ်အမာရွတ်ဖြစ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ လည်ပင်းသိုင်းရွိုက်ပုံမမှန်ခြင်းများ၊ သံဓာတ်ချို့တဲ့ခြင်း စသည်တို့ကို ဦးစွာပထမစစ်ဆေးမည်ဖြစ်ပါသည်။ နာတာရှည် Covid-19 ဖြစ်နိုင်သည့်အန္တရာယ်နှင့် ဆက်စပ်သောအချက်များမှာအဘယ်နည်း။ တချို့သောလေ့လာမှုများတွင် နာတာရှည် Covid-19 ဖြစ်နိုင်သည့်အန္တရာယ်မြင့်စေသော အဓိကအချက် ၄ ချက်ကို ဖော်ပြထားပါသည်။ ၎င်းတို့မှာ ကူးစက်ခံရစဥ် ဗိုင်းရပ်စ်ပိုးကောင်ရေမြင့်နေခြင်း၊ ဆီးချိုရောဂါရှိနေခြင်း၊ အလိုအလျောက် ပဋိပစ္စည်းများရှိနေခြင်း နှင့် တချို့သောလူနာများတွင် Epstein-Barr ဗိုင်းရပ်စ်ပိုးပြန်ထွက်လာခြင်းတို့ဖြစ်ပါသည်။ မျိုးရိုးဗီဇ၊ ပိုးမွှားများ နှင့် ပတ်၀န်းကျင်ဆိုင်ရာအချက်များစွာတို့...
တုပ်ကွေးကာကွယ်ဆေး။
02
တုပ်ကွေးဆိုတာဘာလဲ။ ကျွန်ုပ်တို့အပေါ်တွင် ဘယ်လိုအကျိုးသက်ရောက်မလဲ။ တုပ်ကွေးဟုအများအားဖြင့်ရည်ညွှန်းလေ့ရှိသော ရာသီအလိုက်တုပ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်များကြောင့် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ ရုတ်တရက်အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။ မျက်လုံးဖြင့်မမြင်နိုင်သည့် ချောင်းဆိုး (သို့) နှာချေသည့်အခါ ထွက်လာသောရေမှုန်ကလေးများ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်၀င်ရောက်ခြင်းဖြင့် ကူးစက်ပါသည်။ အအေးမိခြင်းနှင့်မတူသည်မှာ တုပ်ကွေးရောဂါသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် တခြားရောဂါရှိသည့်သူများတွင် ပြင်းထန်စွာဖျားနာခြင်း နှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိရှိတတ်ပါသည်။ တုပ်ကွေးကာကွယ်ဆေးကို မည်သူတို့ထိုးသင့်ပါသနည်း။ နေကောင်းကျန်းမာသည့်လူကြီးများ၊ ကလေးများ၊ မကြာခဏခရီးထွက်တတ်သည့်ခရီးသွားများနှင့် လူနာစောင့်များ အားလုံး တုပ်ကွေးကာကွယ်ဆေးကိုထိုးသင့်ပါသည်။ ကျန်းမာရေးအန္တရာယ်ပိုမြင့်သည့် အောက်ပါလူအုပ်စုများ တုတ်ကွေးကာကွယ်ဆေးကိုထိုးရန် အထူးအကြံပြုလိုပါသည်။ အသက် 65 နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ။ခြောက်လမှငါးနှစ်အောက် ကလေးငယ်များ။ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံး။နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း (သို့) neuromuscular ၊  သွေးနှင့်ဇီဝဖြစ်စဉ်ရောဂါ အစရှိသည့်နာတာရှည်ရောဂါခံစားနေရသူများ။နာတာရှည်ရောဂါ (သို့) စတီးရွိုက်စသည့်ဆေးများကြောင့် နာတာရှည်ကိုယ်ခံအားကျဆင်းနေသူများ။Aspirin သွေးကျဲဆေးကုထုံးခံယူနေကြသော အသက် 6 လမှ 18 နှစ်အထိ ကလေးများနှင့်ဆယ်ကျော်သက်များ။လူအိုရုံများ၊ ဆေးရုံများ နှင့် အစိုးရဆေးရုံများတွင် ရေရှည်ကုသမှုခံယူနေသူများ။ စင်္ကာပူတွင်လက်ရှိရရှိနိုင်သည့် တုပ်ကွေးကာကွယ်ဆေးများကဘာတွေလဲ။ Quadrivalent တုပ်ကွေးကာကွယ်ဆေးသည် စင်ကာပူတွင်အသုံးအများဆုံးကာကွယ်ဆေးဖြစ်ပါသည်။ လက်မောင်း အထက် (သို့) ပေါင်အပြင်ဘက်တွင်ထိုးနိုင်ပါသည်။ တုပ်ကွေးရောဂါ A နှင့် B ဗိုင်းရပ်စ်နှစ်ခုလုံးကို ကာကွယ်ပေးနိုင်ပါ သည်။ တုပ်ကွေးရောဂါကာကွယ်ဆေးဖြစ်သည့် Southern Hemisphere (SH) ကို မေလ နှင့် Northern Hemisphere (NH) ကို အောက်တိုဘာလ...