In-Vitro Fertilisation (IVF)

In-Vitro Fertilisation (IVF)
29

In-Vitro Fertilisation (IVF) ဆိုသည်မှာ ခန္ဓာကိုယ်ပြင်ပတွင် မမျိုးဥဆဲလ်များကို သုက်ပိုးဖြင့် သန္ဓေမျိုးစပ်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

အဆင့် ၁ – မမျိုးဥများရင့်မှည့်လာရန် ဆေးပေး၍လှုံ့ဆော်ခြင်း။
အဆင့် ၂ – သားဥအိမ်လှုံ့ဆော်မှုကိုစောင့်ကြည့်စစ်ဆေးခြင်း။
အဆင့် ၃ – မမျိုးဥထုတ်ယူခြင်း။
အဆင့် ၄ – အမျိုးသားသုက်ပိုးပြင်ဆင်ခြင်း။
အဆင့် ၅ – မျိုးစပ်ခြင်း။
အဆင့် ၆ – သန္ဓေသားလောင်းထည့်ခြင်း။
အဆင့် ၇ – ကိုယ်ဝန်ဆောင်ခြင်း။

IVF ပုံမှန်လုပ်ထုံးလုပ်နည်း။

သုက်ပိုးများကို ထုတ်ယူထားသောမမျိုးဥများထဲသို့ပေါင်းထည့်ပြီး ဓာတ်ခွဲခန်းတွင် သဘာဝအလျောက်မျိုးစပ်ခြင်းကို ဖြစ်ပေါ်စေသည်။ နောက်တစ်ရက်တွင် သန္ဓေအောင်ခြင်းဖြစ်ပေါ်မှုရှိမရှိကို သန္ဓေသားဗေဒပညာရှင်မှ စစ်ဆေးအတည်ပြုပြီး ရလဒ်အဖြေကိုအကြောင်းကြားပါသည်။ သန္ဓေအောင်ပါက သားအိမ်ထဲသို့မထည့်မှီ သန္ဓေသားလောင်းများကို အပြင်တွင်ခဏတာကြီးထွားစေပါသည်။ ကိုယ်ဝန်ရှိမရှိကို ၂ ပတ်အကြာတွင် စစ်ဆေးအတည်ပြုနိုင်ပါသည်။

IVF နည်းလမ်းသည် မည်သူတို့အတွက် သင့်တော်ပါသနည်း။

အောက်ပါအခြေအနေရှိသည့် လက်ထပ်ပြီးသောဇနီးမောင်နှံများအတွက် သင့်တော်ပါသည်။

• သားဥပြွန် ပျက်စီးနေခြင်း (သို့) ပိတ်ဆို့နေခြင်း။
• သားဥကြွေပုံမမှန်ခြင်း၊ ကိုယ်ခံအားဆိုင်ရာပြဿနာများ (သို့) အဖြေရှာမရသည့်မျိုးမအောင်ခြင်း စသည့်အခြေအနေများကို ကုသပြီးသော်လည်း ကိုယ်ဝန်မရရှိခြင်း။
• သားအိမ်အတွင်းလွှာတစ်သျှူးပုံမမှန်ခြင်း။
• သုက်ပိုးပုံမမှန်ခြင်းများ။