Prof Walter Tan Tiang Lee

Prof Walter Tan Tiang Lee

Prof Walter Tan Tiang Lee

MBBS (S'pore), M Med (Surgery), FRCS (Edin), FRCS (Glas), FACS, FACP (Hon), FRACS (General Surgery), FRACP (Hon), FAMS (Plastic Surgery)

ဆေးဘက်ဆိုင်ရာဒါရိုက်တာ

Raffles အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန။

Raffles ခွဲစိတ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ရုပ်ပြင်ခွဲစိတ်ကုသခြင်း၊ ဦးခေါင်း၊ လည်ပင်း နှင့် ရင်သားခွဲစိတ်ခြင်း။

ကိုယ်ရေးရာဇဝင်

ပါမောက္ခ Walter Tan သည် Raffles ဆေးရုံ၏ ဆေးဘက်ဆိုင်ရာဒါရိုက်တာဖြစ်သည်။ ရုပ်ပြင်ခွဲစိတ်ဆရာဝန်ဖြစ်ပြီး၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်မှု (သိုင်းရွိုက်နှင့်တံတွေးဂလင်းခွဲစိတ်မှု) ၊ အလှအပဆိုင်ရာခွဲစိတ်မှု၊ ရင်သားပြန်လည်ပြုပြင် ခွဲစိတ်ခြင်းအပါအဝင် အထွေထွေရင်သား နှင့် ရင်သားကင်ဆာခွဲစိတ်မှုတို့ကို အထူးစိတ်ဝင်စားသည်။ ပါမောက္ခ Tan သည် ၂၀၀၃ ခုနှစ် Raffles ဆေးရုံတွင် ကိုရီးယားလူမျိုး တင်ပဆုံဆက်မွေးကင်းစအမြွှာကို ခွဲစိတ်ပေးခဲ့သည့်အဖွဲ့ဝင်ဖြစ်သည်။

ပါမောက္ခ Tan သည် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ ခွဲစိတ်မှုဆိုင်ရာတွဲဖက်ပါမောက္ခရာထူးကိုလက်ခံထားသည်။ (၂၀၀၆-၂၀၁၀) စင်ကာပူဆေးကောင်စီ၏အဖွဲ့ဝင်၊ (၂၀၀၃-၂၀၀၉) စင်ကာပူရုပ်ပြင်ခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့အစည်း၏ ဥက္ကဋ္ဌဟောင်း နှင့် (၂၀၀၉-၂၀၁၁) စင်ကာပူအလှအပဆိုင်ရာခွဲစိတ်အဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သည်။ (၂၀၀၇-၂၀၁၃) စင်ကာပူကျန်းမာရေးသိပ္ပံအဖွဲ့၏ဘုတ်အဖွဲ့ဝင် နှင့် ယခုလက်ရှိ အာဆီယံဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ နိုင်ငံတကာဆိုင်ရာ Plastic ၊ Reconstructive နှင့် အလှအပဆိုင်ရာခွဲစိတ်မှု (IPRAS) အဖွဲ့အစည်းတွင် စင်ကာပူနိုင်ငံကိုယ်စားပြုလည်းဖြစ်သည်။ အမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) နှင့် စင်ကာပူအထွေထွေ ဆေးရုံ (SGH) တို့တွင် စီနီယာဧည့်အတိုင်ပင်ခံရုပ်ပြင်ခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။

၂၀၀၁ ခုနှစ် Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ခွဲစိတ်ဆိုင်ရာပါမောက္ခ နှင့် အမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) ခွဲစိတ်ဌာန Plastic & Reconstructive ခွဲစိတ်မှုအပိုင်းတွင် ဌာနအကြီးအကဲဖြစ်ခဲ့သည်။ (၂၀၀၀-၂၀၀၂) ခုနှစ်တွင် စင်ကာပူဆေးတက္ကသိုလ်၏ကျောင်းအုပ်လည်းဖြစ်ခဲ့ဖူး