MBBS (S’pore), FRCS (Glas), FAMS
အူမကြီးလမ်းကြောင်းကင်ဆာ၊ လိပ်ခေါင်းများ၊ အစာဟောင်းအိမ်လမ်းကြောင်းကျွံခြင်း၊ complicated fistula-in-ano၊ ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် အစာအိမ်အူလမ်းကြောင်းရောဂါ ဖော်ထုတ်ခြင်းနှင့်ကုသခြင်း၊ အဆင့်မြင့်ဝမ်းတွင်းအင်္ဂါကြည့် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း။
ဒေါက်တာ Yang Ching Yu သည် အထွေထွေခွဲစိတ်ဆရာဝန်ကြီး နှင့် Raffles ဆေးရုံ၏ ဆေးဘက်ဆိုင်ရာဒါရိုက်တာ တို့ဖြစ်သည်။ ဒေါက်တာ Yang Ching Yu သည် ၁၉၈၀ ခုနှစ်တွင် စင်ကာပူတက္ကသိုလ်မှ MBBS ကိုရရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် Glasgow ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ် နှင့် ၁၉၉၂ ခုနှစ်တွင် စင်ကာပူဆေးတက္ကသိုလ်တို့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဒေါက်တာ Yang သည် ၁၉၈၉ ခုနှစ် စင်ကာပူအစိုးရ လူ့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ပညာသင်ဆုဖြင့် အူမကြီးလမ်းကြောင်းခွဲစိတ်မှု နှင့် အစာအိမ်အူလမ်းကြောင်းခွဲစိတ်မှုဌာနတို့တွင် အထူးအဖွဲ့ဝင်အဖြစ် အမေရိကန်နိုင်ငံ Ohio ရှိ Cleveland ဆေးရုံတွင် အဆင့်မြင့်အထူးကုသင်တန်းကို တက်ရောက်ခဲ့သည်။
အထွေထွေခွဲစိတ်မှုများအပြင် ဒေါက်တာ Yang သည် အူမကြီးလမ်းကြောင်းခွဲစိတ်မှုကို အထူးစိတ်ဝင်စားပြီး၊ ကိုယ်တွင်းကြည့် မှန်ပြောင်းဖြင့် ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့်ကုသခြင်းတို့တွင် အတွေ့အကြုံများစွာရှိသည်။ ဒေါက်တာ Yang သည် ၂၀၀၃ ခုနှစ် ဇူလိုင်လ Raffles ဆေးရုံတွင် ကိုရီးယားလူမျိုး တင်ပဆုံဆက်မွေးကင်းစအမြွှာကို အောင်မြင်စွာခွဲစိတ်ပေးခဲ့စဉ်က ခေါင်းဆောင်ခွဲစိတ်ဆရာဝန်ကြီးအဖြစ်ပါဝင်ခဲ့သည်။
ဒေါက်တာ Yang သည် အာဆီယံနှင့်စင်ကာပူ အူမကြီးလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့အစည်း၊ ကိုယ်တွင်းကြည့် မှန်ပြောင်း နှင့် ဝမ်းတွင်းအင်္ဂါကြည့်မှန်ပြောင်းဆိုင်ရာ အာရှခွဲစိတ်ဆရာဝန်ကြီးများ ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သောအဖွဲ့ဝင်ဖြစ်သည်။ အမေရိကန် အူလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့အစည်း၏ အဖွဲ့ဝင်လည်းဖြစ်သည်။