MBChB (UK), MRCS (Edin), MMed (S’pore), MSc (S’pore), FRCS (Edin), FAMS
လက်တွေ့စိတ်ဝင်စားမှု
အသည်း၊ ပန်ကရိယ၊ သည်းခြေပြွန်၊ အသည်းအစားထိုးခြင်း နှင့် ဗိုက်တွင်အပေါက်ဖောက်၍ခွဲစိတ်ခြင်း။
ကိုယ်ရေးရာဇဝင်
ဒေါက်တာ Wong သည် အင်္ဂလန် Leicester တက္ကသိုလ်မှ MBChB ဘွဲ့ကိုရရှိခဲ့ပြီး၊ ခွဲစိတ်ဆိုင်ရာသင်တန်းကိုလည်း အင်္ဂလန်တွင်တက်ရောက်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် SGH ၌ အထွေထွေခွဲစိတ်ဆိုင်ရာ အဆင့်မြင့်အထူးသင်တန်းကို ပြီးဆုံးခဲ့ပြီး၊ FRCS (Edinburgh) နှင့် FAMS (General Surgery) ကိုရရှိခဲ့သည်။ ဒေါက်တာ Wong သည် ဂျပန်ရှိ ကျိုတိုတက္ကသိုလ်ဆေးရုံ၌ ပါမောက္ခ Shinji Uemoto နှင့် Kumamoto တက္ကသိုလ်ဆေးရုံ၌ ပါမောက္ခ Yukihiro Inomata တို့၏ကြီးကြပ်မှုအောက်တွင် အသည်းအစားထိုးခွဲစိတ်ဆိုင်ရာလက်တွေ့သင်တန်းပြီးဆုံးခဲ့ပြီး၊ HMDP အဖွဲ့ဝင်ဖြစ်ခဲ့သည်။
Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Wong သည် SGH အသည်း၊ ပန်ကရိယ၊ သည်းခြေပြွန် နှင့် ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်ခြင်းဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ Duke-NUS ဘွဲ့လွန် ဆေးကျောင်းတွင် တွဲဖက်လက်ထောက်ပါမောက္ခ နှင့် စင်ကာပူအမျိုးသားကင်ဆာစင်တာ ကင်ဆာပိုင်းဆိုင်ရာခွဲစိတ်ဌာနတွင် ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်ခဲ့သည်။ စင်ကာပူ အသည်း၊ ပန်ကရိယ၊ သည်းခြေပြွန်ဆိုင်ရာအဖွဲ့အစည်းကိုတည်ထောင်ခဲ့စဉ်ကပါဝင်ခဲ့သည့်အဖွဲ့ဝင်လည်းဖြစ်သည်။
ဒေါက်တာ Wong သည် အသည်း၊ သည်းခြေပြွန် နှင့် ပန်ကရိယခွဲစိတ်ခြင်း၊ ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်ခွဲစိတ်ခြင်း၊ အသည်းအစားထိုးခွဲစိတ်ခြင်း အစရှိသည့် ခွဲစိတ်ခြင်းနှင့်အထွေထွေခွဲစိတ်ခြင်းတို့ကို အထူးကျွမ်းကျင်သည်။ ဗိုက်တွင်အပေါက်ဖောက်ခွဲစိတ်ခြင်း၊ အဆင့်မြင့်စက်ကိရိယာနည်းပညာသုံး၍ အသည်းနှင့်ပန်ကရိယဖြတ်ထုတ်ခြင်းတို့ကိုလည်း အထူးစိတ်ဝင်စားသည်။