
MBBS (India), MRCPCH (UK)
လမစေ့မွေးသောကလေးများ နှင့် သူတို့၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ။
ဒေါက်တာ Vidya သည် ၂၀၀၀ ခုနှစ်တွင် အိန္ဒိယရှိ Dr.M.G.R. ဆေးတက္ကသိုလ်မှ MBBS ဘွဲကိုရရှိခဲ့ပြီး၊ ၂၀၀၄ ခုနှစ် တွင် သြစတေးလျ Edith Cowan တက္ကသိုလ်မှ ကျန်းမာရေးမဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် Academy of Medicine မှ ကလေးဆေးပညာနှင့်ကျန်းမာရေးဒီပလိုမာရရှိခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် MRCPCH (UK) ကို ရရှိခဲ့ပါ သည်။
စင်ကာပူ KK အမျိုးသမီးနှင့်ကလေးဆေးရုံတွင် ကလေးဆေးပညာရပ်သင်တန်းပြီးမြောက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၌ စင်ကာပူတွင် ကလေးအထူးကုဆရာဝန်ကြီးအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံရခဲ့သည်။ KKH တွင် မွေးကင်းစ ကလေးဆေးပညာသင်တန်းကိုတက်ရောက်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်တွင် မွေးကင်းစကလေးအထူးကုဆရာဝန်ကြီးအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံရခဲ့ပါသည်။
Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ KKH တွင် မွေးကင်းစကလေးအထူးကုတွဲဖက်ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မွေးကင်းစကလေးပြုစုကုသမှု၊ ကလေးကာကွယ်ဆေးထိုးခြင်းများ၊ ကလေး ဖွံ့ဖြိုးကြီးထွားမှုအကဲဖြတ်ခြင်း နှင့် အဖြစ်များသောကလေးနေမကောင်းခြင်းတို့ကို ကုသပေးလျက်ရှိပါသည်။
ဒေါက်တာ Vidya သည် လမစေ့မွေးသောကလေးများ နှင့် သူတို့၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကုသမှုတို့တွင် အထူးစိတ်ဝင်စားပါသည်။ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်နှင့်ပတ်သက်သည့် လုပ်ဆောင်ရသည့်အရာ များတွင်လည်း အတွေ့အကြုံရှိပါသည်။