MB BCh BAO (NUI), ABIM (Int Med), ABIM (Med Oncology)
ကင်ဆာ နှင့် အထွေထွေကျန်းမာရေးစစ်ဆေးခြင်း။
ဒေါက်တာ Terence Tan သည် ကင်ဆာအထူးကုဆရာ၀န်ကြီးဖြစ်ပါသည်။ ဆေးပညာဘွဲ့ကို အိုင်ယာလန် ခွဲစိတ်ဆရာ၀န်များဆိုင်ရာတော်၀င်ကောလိပ်မှရရှိခဲ့ပြီးနောက် လန်ဒန် Imperial College မှ ဆေးဘက်ဆိုင်ရာ မော်လီကျူးမဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပါသည်။ SUNY Buffalo တွင် internal medicine အလုပ်သင်ဆရာ၀န်လက်တွေ့ သင်တန်းကိုပြီးစီးခဲ့ပြီးနောက် Roswell Park Cancer Institute မှ ကင်ဆာအထူးကုဆေးပညာရပ်အဖွဲ့၀င်သင်တန်းကို ပြီးဆုံးခဲ့ပါသည်။
ဒေါက်တာ Tan သည် ကင်ဆာလူနာများအားပြုစုကုသမှုတို့တွင် နိုင်ငံတကာအတွေ့အကြုံရှိပါသည်။ စင်ကာပူ National Cancer Center နှင့် အမေရိကန် Kansas မြို့ရှိ Central Care Cancer Centre တို့တွင် ကင်ဆာအထူးကု ဆရာ၀န်ကြီးအနေဖြင့် သုတေသနနှင့်သင်ကြားရေးတာ၀န်အပြင် ပုဂ္ဂလိကဆေးရုံလူနာများကိုကုသပေးခဲ့ပါသည်။
ဒေါက်တာ Tan သည် နိုင်ငံတကာတွင် ကင်ဆာရောဂါအမျိုးမျိုးတို့ကို စမ်းသပ်ကုသပေးမှုတို့တွင် အပြည့်အ၀ ထောက်ခံပါ၀င်ကုသပေးလျက်ရှိပါသည်။ တကမ္ဘာလုံးတွင် ရရှိနိုင်သော စမ်းသပ်ကုသပေးမှုတို့ကို လူနာများ လွယ်ကူစွာရှာဖွေနိုင်ရန် ပြည့်စုံ၍နားလည်ရလွယ်သော ဆေးလက်တွေ့စမ်းသပ်ကုသပေးမှုစီမံချက်ကို ဖော်ဆောင် ပေးလျက်ရှိပါသည်။ ပြည်သူများလိုက်နာကျင့်သုံးသင့်သည့် လူနေမှုဘ၀ပုံစံကို ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေ အဖွဲ့အစည်းမှပြဌာန်းထားသည့် ကင်ဆာကြိုတင်ကာကွယ်ခြင်းလမ်းညွှန်ချက်နှင့်အညီ ပါ၀င်ရေးဆွဲပေးလျက်ရှိပါသည်။ ဇီ၀ဆေးသိပ္ပံသုတေသန ၂ ခုအတွက် ထောက်ပံ့ကြေးရရှိထားသည့်အလျောက် ဒေါက်တာ Tan ၏ သုတေသနစာတမ်း အရ ကင်ဆာကုသမှုအတွက် novel cancer bio-devices ကို တီထွင်နိုင်ခဲ့ပါသည်။ ဒေါက်တာ Tan သည် မော်လီကျူးဆေးပညာရပ်၊ ဆေးလောကဆိုင်ရာသတင်းအချက်အလက်များ၊ ကင်ဆာကြိုတင်ကာကွယ်ခြင်း နှင့် အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတို့ကို အထူးစိတ်၀င်စားပါသည်။