Dr. Stephen Lee Teck Soong

Dr. Stephen Lee Teck Soong

Dr. Stephen Lee Teck Soong

MBBS (Mal), FRCS (Glas), FRCS (Edin), FAMS

Raffles နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

Sinus ခွဲစိတ်ကုသခြင်း နှင့် နှာခေါင်းနှင့်ပတ်သက်သောရောဂါတို့ကို နှာခေါင်းတွင်းကြည့်သည့်မှန်ပြောင်းကိရိယာဖြင့် Sinus ခွဲစိတ်ခြင်း နှင့် Balloon Sinuplasty ခွဲစိတ်မှု၊ ဟောက်ခြင်း နှင့် အိပ်နေစဉ် အသက်ရှူရပ်သွားခြင်းအတွက် ခွဲစိတ်ကုသမှုများ၊ ကလေး နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ၊ ရှူရှိုက်မိသည့်အရာနှင့်အစားအစာ ဓာတ်မတည့်ခြင်းများ။
နားရောဂါ၊ အသံပြဿနာတို့အတွက် အထွေထွေ နား၊ နှာခေါင်း၊ လည်ချောင်းကုသမှု နှင့် ဦးခေါင်း၊ လည်ပင်း ကင်ဆာများ အတွက်စစ်ဆေးခြင်းများ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Stephen Lee သည် နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပြီး၊ ၁၉၈၄ ခုနှစ်မှစ၍ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်ခြင်းကို လုပ်ဆောင်လျက်ရှိသည်။ ၁၉၉၀ မှ ၁၉၉၃ ခုနှစ်အထိ Malaya တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ နှင့် အတိုင်ပင်ခံ ENT ဆရာဝန်ကြီးဖြစ်ခဲ့သည်။ အလုပ်ခန့်ခံရစဉ်၌ တက္ကသိုလ်သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး ပါမောက္ခဖြစ်ပါသည်။

ဒေါက်တာ Lee သည် Glasgow နှင့် တိုကျိုတက္ကသိုလ်တို့တွင် သင်တန်းနှင့်သုတေသနဆိုင်ရာရာထူး များကိုရရှိခဲ့ဖူးသည်။ ပြည်တွင်းနှင့်နိုင်ငံတကာတို့တွင် ဆောင်းပါး ၂၀ ကျော် နှင့် ပြဌာန်းစာအုပ် ၃ အုပ်တို့ကို ရေးသားထုတ်ေ၀ ခဲ့သည်။ ၁၉၉၃ မှ ၁၉၉၅ ခုနှစ်အထိ ဒေါက်တာ Lee သည် စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) ၏ ဧည့်အတိုင်ပင်ခံ ဆရာဝန်ကြီးဖြစ်ခဲ့သည်။

ထို့နောက် Mouth Elizabeth ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ Raffles ဆေးရုံတွင် ၁၉၉၅ ခုနှစ်မှစ၍ ယခုထိတာဝန်ထမ်းဆောင်လျက်ရှိပြီး၊ Raffles ဆေးရုံ ENT ဌာန၏ စီနီယာ partner နှင့် အတိုင်ပင်ခံဆရာဝန်ကြီး ဖြစ်ပါသည်။ ဒေါက်တာ Lee သည် ဒေသတွင်းမှ ENT ခွဲစိတ်ဆရာဝန်များကို Balloon Sinuplasty ခွဲစိတ်မှုသင်တန်းပေးရန် တရားဝင်လက်မှတ်ရရှိထားသူလည်းဖြစ်ပါသည်။