Dr.Soh Lip Min

Dr.Soh Lip Min

Dr.Soh Lip Min

MBBS (S’pore), MMed (S’pore), MRCP (UK)

Raffles ဆီးချိုနှင့်ပြွန်မဲ့ဂလင်းများအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ဆီးချိုရောဂါ၊ လည်ပင်းသိုင်းရွိုက်ရောဂါ၊ အရိုးပွရောဂါ နှင့် ပြွန်မဲ့ဂလင်းဟော်မုန်းပုံမမှန်မှုများ။

ကိုယ်ရေးရာဇဝင်

Dr Soh Lip Min သည် ပြွန်မဲ့ဂလင်းနှင့်ဟော်မုန်းဓာတ်အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ စငကာပူ NUS မှဆေးဘွဲ့ရရှိ ခဲ့ပြီး၊ အင်္ဂလန်ဆရာဝန်ကြီးများဆိုင်ရာတော်ဝင်ကောလိပ်မှ ဘွဲ့လွန်လက်မှတ်များရရှိခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် the Gordon A. Ransome Master of Medicine ဆုကိုရရှိခဲ့သည်။

NUH ဆေးရုံတွင် ပြွန်မဲ့ဂလင်းနှင့်ဟော်မုန်းဓာတ်အထူးကုဆိုင်ရာ အဆင့်မြင့်သင်တန်းကိုပြီးဆုံးခဲ့သည်။ ၂၀၁၁ ခုနှစ် တွင် Academic Medicine Development ဆုကိုရရှိခဲ့ပြီး၊ လန်ဒန် St. Bartholomew’s ဆေးရုံတွင် စေတနာ့ဝန်ထမ်း အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ၌ သူမစိတ်ဝင်စားသော rare neuroendocrine tumours, pituitary, adrenal, thyroid နှင့် parathyroid ဂလင်းပုံမမှန်ခြင်းများကုသမှုတို့ကို တိုး၍လေ့လာခဲ့ပါသည်။

စင်ကာပူပြန်ရောက်ပြီးနောက် လူနာဆေးကုသမှုနှင့်ဆေးဘက်ဆိုင်ရာပညာပေးတို့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ သည်။ NUH ဆေးရုံတွင် ပြွန်မဲ့ဂလင်းနှင့်ဟော်မုန်းဓာတ်စစ်ဆေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဆေးရုံတက်လူနာ များ၏ဆီးချိုရောဂါဆိုင်ရာအစီအစဉ် နှင့် အရိုးပွရောဂါလမ်းညွှန်ချက်တို့ကို ကူညီအကောင်အထည်ဖော်ပေးခဲ့သည်။

သူမ၏အတွေ့အကြုံဖြင့် ဆီးချိုရောဂါ၊ လည်ပင်းသိုင်းရွိုက်ရောဂါ၊ အရိုးပွရောဂါ၊ အလွန်ရှားသည့် ပြွန်မဲ့ဂလင်းနှင့် ဟော်မုန်းပုံမမှန်ခြင်းများကုသမှုတို့တွင် အထူးစိတ်ဝင်စားပါသည်။ ဟော်မုန်းပုံမမှန်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တို့ အကောင်းဆုံးရလဒ်ရရှိစေရန် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့်အတူတွဲ၍ ကုသပေးရန်လည်းစိတ်ဝင် စားပါသည်။