Dr. Siow Woei Yun

Dr. Siow Woei Yun

Dr. Siow Woei Yun

MBBS (S'pore), MRCS (Edin), M Med (Surg), FAMS

Raffles ဆီးလမ်းကြောင်းအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အမျိုးသမီးဆီးလမ်းကြောင်းရောဂါများ နှင့် ဆီးမထိန်းနိုင်ခြင်းအတွက်ခွဲစိတ်မှု။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Siow Woei Yun သည် NUS မှဘွဲ့ရထားသည့် ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ အတန်းတွင် အမှတ်အကောင်းဆုံးဖြင့်ကျောင်းပြီးသည့်အတွက် စင်ကာပူဆေးအဖွဲ့အစည်းမှချီးမြှင့်သည့် ဆုတံဆိပ်ကိုရရှိခဲ့ပါသည်။ ဆီးလမ်းကြောင်းရောဂါအထူးကုသင်တန်းကိုပြီးမြောက်ပြီးနောက် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ the Universitatklinikum Carl Gustav Carus နှင့် the Deutsche Beckenboden Zentrum တို့တွင် အဖွဲ့ဝင်သင်တန်းကိုတက်ရောက်ခဲ့ပါသည်။

ဒေါက်တာ Siow သည် NUH ဆီးလမ်းကြောင်းအထူးကုဌာန၏ အတိုင်ပင်ခံဆရာဝန်ကြီး နှင့် NUS ၏ လက်ထောက် ပါမောက္ခတို့ဖြစ်ခဲ့သည်။ Yong Loo Lin ဆေးကျောင်းတွင် ဆေးပညာသင်ကြားရေးကော်မတီအဖွဲ့ဝင်၊ တက္ကသိုလ်ဌာနတွင် စစ်ဆေးအကဲဖြတ်ကော်မတီအဖွဲ့ဝင်၊ ပြဿနာပေါ်အခြေခံ၍လေ့လာသင်ယူခြင်းကော်မတီဥက္ကဋ္ဌ နှင့် MBBS ဆေးဘွဲ့ နောက်ဆုံးအဆင့်စာမေးပွဲများတွင် အကြီးအကဲအဖြစ်ပါဝင်လျက်ရှိပါသည်။

ယခုလက်ရှိတွင် အမျိုးသမီးဆီးလမ်းကြောင်း ရောဂါဗေဒ အာစီယံအဖွဲ့အစည်း၏ဥက္ကဋ္ဌ၊ စင်ကာပူဆီးလမ်းကြောင်းရောဂါဗေဒအဖွဲ့အစည်းတွင် အထွေထွေအတွင်းရေးမှူး၊ မသန်မစွမ်းပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်းတွင် အကြံပေးဆရာဝန်ကြီး၊ စင်ကာပူဆီးလမ်းကြောင်းရောဂါဗေဒအဖွဲ့အစည်း နှင့် နိုင်ငံတကာ ဆီးလမ်းကြောင်းနှင့်မီးယပ်ရောဂါဗေဒအဖွဲ့အစည်းတို့၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။

အမျိုးသမီး ဆီးလမ်းကြောင်း နှင့် တင်ပါးဆုံကြွက်သားပုံမမှန်ခြင်းများ၊ ဆီးမထိန်းနိုင်ခြင်းအတွက်ခွဲစိတ်မှုတို့ကို အထူးစိတ်ဝင် စားသည်။ ဆီးသွားခြင်းပြဿနာများ၊ ဆီးယိုစိမ့်မှု (သို့) ဆီးမထိန်းနိုင်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ နှင့် ကျောက်တည်ခြင်းရောဂါတို့ကိုလည်း ကုသပေးလျက်ရှိပါသည်။

အမျိုးသမီးများတွင် ဆီးယိုစိမ့်မှု နှင့် သားအိမ်လမ်း ကြောင်းကျွံခြင်းတို့အတွက် အမာရွတ်မကျန်သည့် transvaginal ခွဲစိတ်မှု၊ ဆီးအိမ်လုပ်ဆောင်ချက်ပုံမမှန်ခြင်းအတွက် Botox ကုသမှု၊ အမျိုးသားဆီးမထိန်းနိုင်ခြင်းအတွက် artificial urinary sphincter ထည့်သွင်းကုသခြင်း စသည့်ခွဲစိတ်မှုတို့ကို အထူးစိတ်ဝင်စားသည်။ ဆီးကျိတ်ရောဂါများအတွက် ဖြစ်နိုင်သမျှ အသေးဆုံးထိုးဖောက်ခွဲစိတ်မှု နှင့် ဆီးကျိတ်ကင်ဆာ အတွက် brachytherapy နည်းဖြင့်လည်းကုသပေးလျက်ရှိပါသည်။