Dr. Sheila Loh Kia Ee

Dr. Sheila Loh Kia Ee

Dr. Sheila Loh Kia Ee

MBBS (S'pore), M Med (O&G), MRCOG (UK), FAMS

Raffles ဖန်ပြွန်သန္ဓေသားနှင့်မျိုးပွားခြင်းအထူးကုဌာန။

Raffles သားဖွားနှင့်မီးယပ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

မျိုးမပွားနိုင်ခြင်း နှင့် နည်းပညာအထောက်အပံ့ဖြင့်မျိုးအောင်စေခြင်း။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Sheila Loh သည် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး နှင့် မျိုးပွားမှုဆိုင်ရာဆေးပညာရပ်ပါရဂူကြီးဖြစ်သည်။ မျိုးမပွားနိုင်ခြင်း နှင့် နည်းပညာအထောက်အပံ့ဖြင့်မျိုးအောင်စေခြင်းကို အထူးစိတ်ဝင်စားသည်။ မျိုးပွားမှုဆိုင်ရာစစ်ဆေး ခြင်းများ၊ ကိုယ်တွင်းအင်္ဂါမှန်ပြောင်းကြည့်ခြင်း နှင့် သားအိမ်ခေါင်းမှန်ပြောင်းကြည့်ခြင်း၊ သားဥအိမ်ကိုထိန်းချုပ်လှုံ့ဆော်ခြင်း၊ မမျိုးဥများကိုလှုံ့ဆော်ရင့်မှည့်စေခြင်း၊ အမျိုးသားသုတ်ရည်ကို အမျိုးသမီးသားအိမ်အတွင်းထည့်သွင်းသန္ဓေအောင်စေခြင်း၊ မမျိုးဥတွင်းသို့သုတ်ပိုးတိုက်ရိုက်ထိုးသွင်းသန္ဓေအောင်စေခြင်း နှင့် သန္ဓေသားကိုအေးခဲသိမ်းဆည်းပေးခြင်းတို့ဖြင့် ဖန်ပြွန်သန္ဓေသားနည်းဖြင့်သားသမီးရယူခြင်း စသည့်မျိုးပွားကုထုံးအမျိုးမျိုး ဝန်ဆောင်မှုပေးနေသည့် Raffles ဖန်ပြွန် သန္ဓေသားနှင့်မျိုးပွားခြင်းအထူးကုဌာန၏ ဆေးဘက်ဆိုင်ရာဒါရိုက်တာဖြစ်သည်။ ဒေါက်တာ Loh သည် MOH မှတရားဝင် အသိအမှတ်ပြု IVF ပါရဂူကြီးဖြစ်ပါသည်။

ဒေါက်တာ Loh သည် သားဖွားမီးယပ်အထူးကုကောလိပ်၏ ကောင်စီအဖွဲ့ဝင် နှင့် စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန နည်းပညာအထောက်အပံ့ဖြင့်မျိုးပွားခြင်းအစီအစဉ်၏ တရားဝင်အသိအမှတ်ပြုချက်နှင့်ခွင့်ပြုချက်အတွက် အကြံပေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။ The Asian Fertility Expert Panel (AFEM), Health Services Authority expert panel နှင့် the Executive Board for the Asian Pacific Initiative for Reproduction (ASPIRE) စသည့်အဖွဲ့အစည်းတို့တွင် အကြံပေး ဘုတ်အဖွဲ့အဖြစ်ပါဝင်လျက်ရှိပါသည်။ အင်္ဂလန်သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများတော်ဝင်ကောလိပ် နှင့် သြစတေးလျမျိုးပွားမှုဆိုင်ရာအဖွဲ့အစည်း၏အဖွဲ့ဝင်လည်းဖြစ်သည်။