MBBS (S’pore), MRCSEd (UK), GDPM (S’pore), FRCR (UK), FAMS (S’pore)
လက်တွေ့စိတ်၀င်စားမှု။
Radiosurgery, stereotactic ablative body radiotherapy and palliative radiotherapy
ကိုယ်ရေးရာဇ၀င်
ဒေါက်တာ Shaun Ho သည် ဓာတ်ရောင်ခြည်ကင်ဆာအထူးကုဆရာဝန်ကြီး နှင့် စင်ကာပူဆေးတက္ကသိုလ်၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် စင်ကာပူအမျိုးသားကင်ဆာစင်တာ (NCCS) တွင် ဓာတ်ရောင်ခြည်ကင်ဆာပညာအထူးကုသင်တန်းကို တက်ရောက်ခဲ့ပါသည်။ ထိုကာလအတွင်း Edinburgh ရှိ ခွဲစိတ်ဆရာ၀န်များတော်၀င်ကောလိပ်၏အသင်း၀င်ဖြစ်လာပြီး၊ Palliative Medicine ဘွဲ့လွန်ဒီပလိုမာကိုရရှိခဲ့ပါသည်။ ရေဒီယိုဓာတ်ရောင်ခြည်အထူးကုပညာရှင်များဆိုင်ရာ ဗြိတိန်တော်၀င်ကောလိပ်၏အဖွဲ့ဝင်အဖြစ် ၂၀၁၆ တွင်ရွေးချယ်ခြင်းခံရခဲ့ပါသည်။ ဗြိတိန်ရှိ University College London ဆေးရုံတွင် ကင်ဆာပညာရပ်ကို လေ့ကျင့်သင်ကြားရန်ဆုရရှိခဲ့ပါသည်။ လန်ဒန်တွင်ရှိစဉ်၌ အထွေထွေကင်ဆာပညာရပ်၊ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာ၊ သွေးကင်ဆာ၊ အာရုံကြောဆိုင်ရာကင်ဆာ နှင့် sarcomas ပညာရပ်အဆင့်မြင့်သင်တန်းကိုရရှိခဲ့ပါသည်။
Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Ho သည် NCCS တွင် အတိုင်ပင်ခံဆရာ၀န်ကြီးဖြစ်ပြီး၊ Duke-NUS ဘွဲ့လွန်ဆေးကျောင်း၏ လက်တွေ့လက်ထောက်ပါမောက္ခဖြစ်ပါသည်။ စိတ်အားထက်သန်သောပညာပေးသူဖြစ်သည့်အလျောက် ဆေးကျောင်းသားများ၊ အငယ်တန်းဆရာဝန်များ နှင့် ဓါတ်ရောင်ခြည်ကုထုံးကျောင်းသားများကို လေ့ကျင့်သင်ကြားပေးခြင်းတွင် တက်ကြွစွာပါ၀င်ခဲ့ပါသည်။ ကင်ဆာရောဂါကို ပိုမိုသိရှိလာစေရန် ပြည်သူလူထုအတွက်သာမက လူနာများနှင့်မိသားစုများပါအတွက်ပါ ပညာပေးနေသည့် NCCS ကင်ဆာပညာပေးနှင့် သတင်းအချက်အလက်၀န်ဆောင်မှုကော်မတီတွင်ပါဝင်ခဲ့ပါသည်။ စင်္ကာပူတွင် ဓာတ်ရောင်ခြည်ကင်ဆာအပိုင်း တိုးတက်လာစေရန် စင်ကာပူဓာတ်ရောင်ခြည်ပညာရှင်များကောလိပ် နှင့် စင်ကာပူဓာတ်ရောင်ခြည်ပညာရှင်များအဖွဲ့အစည်းရှိ Radiation Oncologists ၏ အလုပ် အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဒေါက်တာ Ho သည် အမျိုးမျိုးသောကင်ဆာရောဂါခံစားနေရသည့်လူနာများကို ကုသရန်နှင့်သက်သာစေရန် ဓာတ်ရောင်ခြည်ကုထုံးဖြင့်ကုသပေးလျက်ရှိပါသည်။ ကုသမှုရလဒ်များ တိုးတက်ကောင်းမွန်စေရန် နှင့် ကုသမှုဘေးထွက်ဆိုးကျိုးများကိုနည်းစေနိုင်သည့် stereotactic radiosurgery, stereotactic ablative body radiotherapy နှင့် volumetric modulated arc ကုထုံး စသည့်အဆင့်မြင့်ဓာတ်ရောင်ခြည်ကုထုံးနည်းစနစ်များ အသုံးပြုခြင်းတွင်ကျွမ်းကျင်ပါသည်။