MBBS (London), MRCS (Glasgow), MMed (Surgery), FRCS (Edinburgh), MS-HPEd
ဒေါက်တာ Sarah Lu သည် အထွေထွေခွဲစိတ်ဆရာ၀န်ကြီးဖြစ်ပါသည်။ University College London မှ ဆေးပညာဘွဲ့ ကိုပြီးစီးခဲ့ပြီး၊ စင်ကာပူသို့ ဘွဲ့လွန် ခွဲစိတ်သင်တန်းအတွက် ပြန်လာခဲ့ပါသည်။ စင်ကာပူ နှင့် အင်္ဂလန် Edinburgh ဘုတ် အဖွဲ့မှ ပူးတွဲချီးမြှင့်သည့် အထူးကုဆရာ၀န်ကြီးများ အဖွဲ့၀င်လက်မှတ်ကိုရရှိခဲ့ပါသည်။ စင်ကာပူ NUS တက္ကသိုလ်မှ ခွဲစိတ်ပညာကို အထူးပြုသည့်ဆေးပညာရပ်မဟာဘွဲ့ နှင့် မက်ဆာချူးဆက် အထွေထွေဆေးရုံ ဆေးကုသမှုအတတ် ပညာရှင်များတက္ကသိုလ်မှ ဆေးကုသမှုအတတ်ပညာရှင်များဆိုင်ရာ ပညာရပ်မဟာဘွဲ့ကိုရရှိခဲ့ပါသည်။
ဒေါက်တာ Lu သည် ကိုရီးယား ဆိုးလ်မြို့ အမျိုးသားကင်ဆာဌာန နှင့် ပြင်သစ် ပဲရစ် L’Institut du Sein တို့တွင် သူမ၏ လက်တွေ့စိတ်၀င်စားမှုအပိုင်းဖြစ်သည့် ရင်သားကင်ဆာကုသမှုနှင့်ခွဲစိတ်မှုပညာကို ဖြည့်စွက်ထောက်ပံ့မှုဖြစ်စေရန် ရင်သားကင်ဆာခွဲစိတ်မှုနှင့်အတူ အစားထိုးခွဲစိတ်မှုကိုပါ တစ်ပါတည်းလုပ်ဆောင်ခြင်းဖြင့် ရင်သားပျက်စီးခြင်း မရှိအောင် ခွဲစိတ်ကုသပေးသည့် အဖွဲ့၀င်သင်တန်းကိုပြီးစီးခဲ့ပါသည်။
ဒေါက်တာ Lu သည် ခွဲစိတ်ဆိုင်ရာပညာပေးတို့တွင် တက်ကြွစွာပါ၀င်ဆောင်ရွက်လျက်ရှိသဖြင့် အထွေထွေခွဲစိတ် ဆရာ၀န်များဆိုင်ရာသင်တန်းတွင် ပညာရပ်ဆိုင်ရာဒါရိုက်တာအဖြစ်၊ နိုင်ငံတော်အဆင့်ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံအုပ်စုကြီးတို့တွင် ခန့်အပ်ပေးထားသည့်ဆေးရုံ၏ တွဲဖက်အရာရှိတို့အဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။ စင်ကာပူ နှင့် ဒေသဆိုင်ရာအဆင့်၌ စွမ်းရည်ရွေးချယ်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း နှင့် ပညာသင်ကြားပို့ချပေးခြင်း စသည့် ဆေးဘက်ဆိုင်ရာပညာပေးတို့တွင် ဌာနမှူးအဖြစ် တက်ကြွစွာပါ၀င်ဆောင်ရွက်လျက်ရှိပါသည်။