MBBS (S’pore), FRCS (Edin), FAMS
ဆီးကျိတ်ရောဂါများ၊ ဆီးသွားမမှန်ခြင်း၊ အမျိုးသားများ မျိုးမပွားနိုင်ခြင်း နှင့် လိင်ဆက်ဆံမှုပြဿနာ။
ဒေါက်တာ Lim Kok Bin သည် ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ NUS မှဘွဲ့ရခဲ့ပြီး၊ ဘွဲ့လွန်ဒီဂရီကို အင်္ဂလန်တွင်ရရှိခဲ့သည်။ SGH ဆီးလမ်းကြောင်းအထူးကုဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီး၊ အမျိုးသားမျိုးပွားမှုဗေဒဆိုင်ရာ ဒါရိုက်တာလည်းဖြစ်သည်။ ကနေဒါ Western Ontario တက္ကသိုလ်တွင် လက်တွေ့ဆေးကုသမှုအဖွ့ဲဝင်အဖြစ် တစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Peyronies ရောဂါအတွက် ဆေးလက်တွေ့သုတေသနဆုကို ချီးမြှင့်ခြင်းခံရခဲ့သည်။
ဒေါက်တာ Lim သည် ဆီးကျိတ်ရောဂါများ၊ ဆီးသွားမမှန်ခြင်း၊ အမျိုးသားများ မျိုးမပွားနိုင်ခြင်း နှင့် လိင်ဆက်ဆံမှုပြဿနာ ကုသမှုတို့တွင်အထူးစိတ်ဝင်စားသည်။ ဆီးမထိန်းနိုင်ခြင်းအတွက် artificial urinary sphincter ထည့်သွင်းကုသခြင်း နှင့် penile prosthesis အမျိုးသားအင်္ဂါတုခွဲစိတ်ထည့်ပေးခြင်း၊ correction of penile curvature အမျိုးသားအင်္ဂါကွေးပုံသဏ္ဍာန် မမှန်မှုကိုခွဲစိတ်ပြုပြင်ပေးခြင်း နှင့် အမျိုးမျိုးသောအသေးစားခွဲစိတ်မှုများဖြစ်သည့် microsurgical ligation of varicocele နှင့် reanastomosis of previous vasectomy ခွဲစိတ်မှုများကိုလည်းကျွမ်းကျင်ပါသည်။
Endourology သင်တန်းဆင်းဖြစ်သည့်အလျောက် ဒေါက်တာ Lim သည် ဆီးကျောက် နှင့် ဆီးကျိတ်ရောဂါတို့အတွက် ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်ခွဲစိတ်မှုအမျိုးမျိုး၊ အရေပြားတွင်ခွဲစိတ်ရာအသေးပေး၍ nephroscope ထည့်ကြည့်ပြီး ကျောက်ကပ်မှကျောက်ထုတ်ခြင်း နှင့် လေဆာဖြင့် ဆီးကျိတ်ခွဲစိတ်ခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။