MBBS (S’pore), MRCP (UK), FAMS (Cardiology)
အထွေထွေနှလုံးအထူးကုပညာရပ်၊ catheter အသုံးပြု၍ နှလုံးသွေးကြောချဲ့ကုသခြင်း (interventional cardiology)၊ stent ထည့်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းကုသပေးခြင်း (angioplasty)၊ intravascular ultrasound (IVUS)၊ fractional flow reserve (FFR)၊ နှလုံးခုန်နှုန်းထိန်းပေးသည့်စက်ထည့်သွင်းကုသပေးခြင်း နှင့် peripheral intervention
ဒေါက်တာ Lee Yian Ping သည် နှလုံးအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ယခင်က Khoo Teck Puat ဆေးရုံ (KTPH) တွင် အတိုင်ပင်ခံနှလုံးအထူးကုဆရာဝန်ကြီး နှင့် ပညာရပ်ဆိုင်ရာဒါရိုက်တာလည်းဖြစ်သည်။ ယခုအခါ National University Heart Centre (NUHC) နှင့် KTPH တို့တွင် ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်သည်။ စင်ကာပူအမျိုးသားတက္ကသိုလ် Yong Loo Lin ဆးကျောင်း၏ တွဲဖက်လက်ထောက်ပါမောက္ခလည်းဖြစ်သည်။
ဒေါက်တာ Lee သည် Edinburgh ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်၊ European နှလုံးပညာရပ်ဆိုင်ရာအဖွဲ့အစည်း၊ အမေရိကန်နှလုံးပညာရပ်ဆိုင်ရာကောလိပ် နှင့် စင်ကာပူဆေးတက္ကသိုလ်တို့မှ အဖွဲ့ဝင်အဖြစ် အပ်နှင်းခြင်းခံရခဲ့သည်။ အဆင့်မြင့်အထူးကုသင်တန်းကို National University Heart Centre တွင်ပြီးမြောက်ခဲ့ပြီး၊ တစ်ဆက်တည်းမှာပင် သြစတေးလျ New South Wales လီဗာပူးဆေးရုံ၌ Interventional Cardiology သင်တန်းအတွက် MOH ပညာသင်ဆု ကိုရရှိခဲ့သည်။
ဒေါက်တာ Lee သည် နှလုံးသွေးကြောချဲ့ခြင်း၊ stent ထည့်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းကုသပေးခြင်း၊ အထွေထွေနှလုံး အထူးကုပညာရပ်၊ radial approach intervention နှင့် နှလုံးခုန်နှုန်းထိန်းပေးသည့်စက် ထည့်သွင်းကုသခြင်းတို့တွင် အထူးကျွမ်းကျင်သည်။ Chronic total occlusions (CTO) အစရှိသည့် ရှုပ်ထွေးခက်ခဲသော နှလုံးနှင့်ဆိုင်သည့် interventions များကိုလည်းအထူးစိတ်ဝင်စားသည်။ နှလုံး Echo ရိုက်စစ်ဆေးခြင်း၊ ECG၊ သွေးပေါင်ချိန်၊ ပြေးစက်ဖြင့်ပြေးပြီး နှလုံးစမ်းသပ်ခြင်း စသည်တို့ဖြင့်လည်း စမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။