
MBBS (S'pore), M Med (Ophth), FRCS (Edin), FRCS (Glas), FAMS
ဆေးဘက်ဆိုင်ရာဒါရိုက်တာ
မျက်စိအမြင်လွှာနှင့်ဗဟိုမြင်ကွင်းဆိုင်ရာရောဂါများ၊ မျက်စိအတွင်းတိမ်၊ မျက်စိအဝေးမှုန်ပြဿနာများ၊ မျက်စိရေတိမ်၊ မျက်လုံးဒဏ်ရာများ၊ ရှုပ်ထွေးသောမျက်စိရောဂါများ နှင့် အထွေထွေမျက်စိကုသခြင်း။
ဒေါက်တာ Lee Jong Jian သည် မျက်စိအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ မျက်စိအမြင်လွှာနှင့်ဗဟိုမြင်ကွင်းဆိုင်ရာရောဂါများ၊ မျက်စိအတွင်းတိမ်၊ မျက်စိအဝေးမှုန်ပြဿနာများ၊ မျက်စိရေတိမ်၊ မျက်လုံးဒဏ်ရာများ၊ ရှုပ်ထွေးသောမျက်စိရောဂါများ နှင့် အထွေထွေမျက်စိကုသမှုတို့တွင် အထူးကျွမ်းကျင်ပါသည်။ ဒေါက်တာ Lee သည် အရှေ့တောင်အာရှတွင် 23 Gauge ဖြစ်နိုင်သမျှဒဏ်ရာအနည်းဆုံးကုသနည်းဖြင့် မျက်စိအမြင်လွှာခွဲစိတ်မှုကို တီထွင်ဦးဆောင်ခဲ့သည့် ပထမဆုံးသောမျက်စိ အမြင်လွှာခွဲစိတ်ဆရာဝန်ကြီးဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်တွင် ထိုနည်းကိုအသုံးပြု၍ အရှေ့တောင်အာရှ၌ ပထမဆုံးသောလူနာ တစ်ရာ၏ မျက်စိအမြင်လွှာခွဲစိတ်မှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည့်အတွက် Dutch မျက်စိရောဂါသုတေသနဌာနမှ ဂုဏ်ပြုခြင်းကိုခံရခဲ့သည်။
ဒေါက်တာ Lee သည် အမေရိကန်နှင့်အင်္ဂလန်တို့ရှိ ကမ္ဘာကျော်မျက်လုံးဌာနတို့၌ အဖွဲ့ဝင်လည်းဖြစ်သည်။ အမေရိကန်မျက်စိ အမြင်လွှာအထူးကုဆရာဝန်ကြီးများအဖွဲ့အစည်း၏အဖွဲ့ဝင် နှင့် ဒေသဆိုင်ရာ vitreo-retinal အကြံပေးကော်မတီ၏အဖွဲ့ဝင် ဖြစ်ပါသည်။